ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ

စစ်အာဏာသိမ်းမှုနှင့် လူသားမျိုးနွယ်အ​ပေါ် ရာဇဝတ်မှု ကျူးလွန်​နေခြင်း​ကြောင့် ​ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ

ရန်ကုန်၊ မတ် ၁၉

ပြင်သစ် EDF (Electriciti de France) Company က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံတန်ဖိုးရှိသည့်  ရွှေလီ အမှတ် ၃ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်​ပြီး အဆိုပါ ရပ်ဆိုင်းမှုကို Justice For Myanmar က ကြိုဆို​ကြောင်း ​ကြေညာချက်ယ​နေ့ ထုတ်ပြန်သည်။

အဆိုပါ ရပ်ဆိုင်းလိုက်​သော ​ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်တွင်တည်ရှိပြီး လျှပ်စစ်ဓါတ်အား ၆၇၁ မဂါဝပ်ထုတ်စက်ရုံပါပါဝင်မည့် စီမံကိန်းဖြစ်​ကြောင်း၊ ယင်းစီမံကိန်းတွင် ဂျပန်မာရူဘီနီ Company နှင့် မြန်မာနိုင်ငံမှ ခရိုနီပိုင် ဧရာဟသ်ာCompany တို့ပူး​ပေါင်းပါဝင်​ကြောင်းသိရှိရသည်။

စစ်အာဏာသိမ်းခြင်း၊ လူသားမျိုးနွယ်အ​ပေါ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​​ဖောက်မှုများအပါအဝင် မြန်မာစစ်တပ်က ရာဇဝတ်မှုများကျူးလွန်ခြင်းတို့​ကြောင့်စီမံကိန်းရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်