လွိုင်ကော်တွင် ပြည်သူ ၁ ဦး၊ အောင်ပန်းတွင် ပြည်သူ ၈ ဦး စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် ယနေ့ကျဆုံး
ရန်ကုန်၊ မတ် ၁၉
ခေတ်သစ်မီဒီယာ
ကယားပြည်နယ်၊ လွိုင်ကော်တွင် ပြည်သူ ၁ ဦး၊ ရှမ်းပြည် နယ်အောင်ပန်းမြို့တွင် ပြည်သူ ၈ ဦး စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးသွားကြောင်း သိရှိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးသပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းစဥ် ဦးရှမ်းပု၏ ဆီးခုံ ကျည်ထိမှန်၍ ကွယ်လွန်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ အောင်ပန်းမြို့တွင် မတ်လ ၁၉ ရက်နေ့ ၊ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ၈ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၂ ဦး အရေးပေါ်အခြေအနေဖြစ်နေကြောင်း သိရှိရသည်။
Comments