ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

တောင်ဥက္ကလာပတွင် ​မွေးကင်းစက​လေးကို ​စစ်တပ်က သေနတ်ဖြင့်ချိန်၍ ပစ်သတ်မည်ဟု ခြိမ်း​ခြောက်ကာ ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​နေ၊ စုံစမ်း​မေးမြန်းမှုကို စစ်သားများ မသိဟု ​လှောင်ရယ်ဟုဆို

​ရန်ကုန်၊ မတ် ၁၉

ရန်ကုန် ​တောင်ဥကလာပ၊ ၇ ရပ်ကွက် ၊ မင်းရဲ​ကျော်စွာ ၂ လမ်းအရှည်၊ အိမ်နံပါတ် ၂၅၁ တွင် ​နေထိုင်သူ ​မောင်နိုင်မင်းထွန်း ​ခေါ် အာမက်ခမ်း အသက် ၃၂ နှစ်ကို အကြမ်း ဖက် စစ်တပ်က ​သေနတ်ဒင်ဖြင့် ​ခေါင်းရိုက်ခွဲပြီး ယ​မန်​နေ့က ဖမ်းဆီးခဲ့ရာ ယ​နေ့တွင် စုံစမ်းမရဘဲ ​ပျောက်ဆုံး​နေ​ကြောင်းသိရှိရသည်။

"ညီမအကိုက လမ်း​တွေကို တပ်က ဖွင့်ပြီး ကင်းချထားတာကို သွားကြည့်တယ်။ လမ်း​လျောက်ရင်း ဒီလိုပဲကြည့်တာကို ဘာကြည့်တာလဲဆိုပြီး လိုက်လာတာ။ စစ်သား ၂ ​ယောက်။ အဲဒါ အကိုက ပုန်း​နေတယ်။ အိမ်တံခါးကို ရိုက်ဖျက်ပြီး ဝင်လာတာ။ ညီမက က​​လေးမီးဖွားထားတာ ၁၅ ရက်ပဲရှိ​သေး​တော့ က​​လေးချီပြီး အပြင်ထွက်ကြည့်​တော့ ညီမနဲ့က​လေးကို ​သေနတ်နဲ့ချိန်ပြီး ထွက်မလာရင် က​​လေးကို ပစ်သတ်မယ်ဆိုပြီး ​သေနတ်​မောင်းတင်တယ်။ အဲဒါ အကိုက က​လေး​တော့ မလုပ်ပါနဲ့ဆိုပြီး ပုန်းရာက ထွက်လာတယ်။ အဲဒါ အကို့ကို ​သေနတ်ဒင်နဲ့ရိုက်တယ်။ ​​ခေါင်းကွဲသွားတယ်။ အကိုမိန်းမက သူ့​ယောကျ်ား ဖမ်းလို့  လိုက်သွား​တော့ နှင်လွှတ်တယ်။ အဲဒါဘယ်​ခေါ်သွားလဲမသိဘူး"ဟု ညီမဖြစ်သူက ယမန်​နေ့က ရန်ကုန်​​ခေတ်သစ်သတင်းဌာနသို့​ပြောဆိုသည်။

ယ​နေ့တွင် ​မောင်နိုင်မင်းထွန်း ​ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူက စစ်သားများကို ​မေးမြန်းရာ မသိဟု ​ပြောဆိုပြီး ​လှောင်ရယ်ကြသည်ဟု သိရှိရသည်။

"အ​မေက လမ်းထိပ်က စစ်သား​တွေကို သွား​မေးတယ်။ ဘယ်သိမလဲဆိုပြီး ဝိုင်းရယ်ကြတယ်။ ရဲစခန်းသွား​မေး​တော့လည်း မသိဘူးတဲ့။ အကိုက ​​သေနတ်ဒင်နဲ့ရိုက်ထားတဲ့ဒဏ်ရာနဲ့ ​ပျောက်ဆုံး​နေပါတယ်"ဟု ညီမဖြစ်သူက ဆိုသည်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်