နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရ

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့နံနက်ပိုင်း ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒုံး ၂ စင်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်အတွင်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

"အပစ်ခံရတာမှန်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အပစ်ခံရတာ ဟုတ် ပါတယ်။ လူထိလား မထိလား အဲဒါလည်း သေချာမသိရသေးဘူး။ တပ် တွေ မတူ တော့ မေးလို့ မြန်းလို့ မကောင်းဘူး" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။ 

တော်လှန်ရေးသတင်းရင်းမြစ်များက အရာရှိရိပ်သာဟု ယူဆရသော အဆောက် အအုံတစ်လုံးကို ဒုံးကျည်ထိမှန်ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။ 

အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ပတ်ဝန်းကျင်ရှိ ကျေးရွာများ နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ညပိုင်း ဧည့်စာရင်းစစ်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ တပ်ရှေ့ နှင့်ပတ်ဝန်းကျင် သွားလာမှု ပိတ်ပင်ခြင်းများ ပြုလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ရုံးထိုင်နေသည့်  နေပြည်တော် သမ္မတအိမ်တော်ကို ကောင်းကင် မြေပုံ။


ဆားတောင်ကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို ပစ်ခတ် ခဲ့သော GZ Special Task Force တပ်မှ ရဲဘော် ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာမှ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ခေါင်းဆောင်တစ်ဦးအား ချောင်း မြောင်း ပစ်ခတ် လုပ်ကြံသူ ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးရေးယူထားကြောင်း သက်ဆိုင်ရာက တရား ဝင် သတင်းထုတ်ပြန်သည်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝက်လက်မြို့နယ်၊ ဆား တောင် ကြီးကျေးရွာတွင် ကျေး ရွာ ပကဖ ခေါင်းဆောင် တစ်ဦး ဆိုင်ကယ် စီးနင်းလာစဉ် လက်နက်ကိုင်  လူ ၂ ဦးက မောင်းပြန် သေနတ် ဖြင့် အချက် ၂၀ ခန့် ပစ်ခတ် လုပ်ကြံခဲ့ရာ  ပကဖခေါင်းဆောင်မှာ ဘယ်ပေါင်ကျည်ထိုးဖောက် ဒဏ်ရာ ရရှိပြီး ဆိုင်ကယ်တွင် လက်နက်ကျည်အချက်ပေါင်းများစွာ ထိမှန်ခဲ့ ကြောင်း သိရသည်။

ထိုသို့ လုပ်ကြံခံရမှုကို ပကဖခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဝက်လက်မြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ပြည်သူ့ ရဲတပ်ဖွဲ့မှ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပြီး မျက်မြင် သက်သေ များ၏ ထွက်ဆိုချက်များအရ GZ Special Task Force မှ သူများ ဖြစ်ကြောင်း သိရှိရ သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှန်ကန်စွာထွက်ဆိုခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ၂  ဦး၊ ပူးပေါင်း ပါဝင်သူ ၂  ဦး နှင့် ဦးဆောင် ညွှန်ကြားသူတစ်ဦးကို သက်သေ အထောက် အထား ခိုင်လုံစွာဖြင့်ဖော်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

GZ Special Task Force မှ ရဲဘော်များသည် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ ဖြစ်ပြီး ၎င်း တို့၏ မှားယွင်းမှုကို သိရှိကြပြီးဖြစ်သဖြင့် ပြစ်မှုကျူး လွန်ရာတွင် တိုက်ရိုက် ပါဝင်ပက်သက်မှု မရှိသူ ၁၀ ဦးကို အာမခံ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၄ ဦးကိုလည်း  အာမခံဖြင့် ဆက်လက် လွှတ်ပေး ရန် စီစဉ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ၂ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦးနှင့် ဦးဆောင်ညွှန်ကြားသူ တစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၁၁၄ ဖြင့် တရားရုံးသို့ ရုံးတင်၍ ဥပဒေနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါစစ်ဆေးရာတွင် GZ Special Task Force မှ ၁၈ ဦးအား ရဲလုပ်ထုံးလုပ် နည်းနှင့်အညီ စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ပြီး  ပြည်သူရဲတပ်ဖွဲ့မှ စစ်ဆေးနေ စဉ် မြို့နယ် ပကဖနှင့် PDF တပ်ရင်း ၂ တို့မှ လုံခြုံ ရေး တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် တချို့ မီဒီယာများက ဖော်ပြနေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ အကြား ပွတ်တိုက် မှုပြသနာမဟုတ်ဘဲ ရာဇဝတ်မှု ကျူး လွန် သူ နှင့် တရားဥပဒေစိုးမိုးရေး ပြဿနာတစ်ခုသာဖြစ်ကြောင်း  သက် ဆိုင် ရာက တရားဝင် အသိပေး ထုတ်ပြန်ထားသည်။

မ​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍  ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊  ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ကာ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး ဝင်ရောက် စီးနင်းနေပြီး ကျစ်ပြင်ရွာ၊ ရွာသာကုန်းရွာ၊ သက္ကယ်ကျင်းရွာနှင့် ထွန်ရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ​​ကြောင်း၊ ဒေသခံ ပြည်သူ တချို့လည်း ဖမ်းဆီးခံထားရပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

" ၂၁ ရက်နေ့က စပြီး ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်သား အင်အား ၃၀၀ ကျော်နဲ့ကို အပြင်းအထန်း စီးနင်းနေတာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀၀၀ ကျော်ရှိတယ်။ ပြည်သူတွေ စစ်ဘေးရှောင်နေရတာ ၃ ရက်ရှိပါပြီ ပြည်သူတချို့လည်း အဖမ်းခံရတာ ရှိတယ်။ အဆက် အသွယ်မရဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကျစ်ပြင်ရွာ၊ ရွာသာကုန်းနှင့် သက္ကယ်ကျင်းရွာများတွင် ကင်းပုန်းများ ချကာ စစ်ကြောင်း ဖျောက်ထားပြီး အနီးအနားရှိ ​ကျေးရွာများကိုလည်း ကင်းပုန်းများက အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် ပဲခင်း ဆေးဖျန်းသူများကိုလည်း စစ်သားများက လိုက်လံပစ်ခတ်မှုများ ရှိကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ မြောက်ဒဂုံတို့တွင် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသပြည် သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်  ကြည့်မြင် တိုင် မြို့ နယ်၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ ကျောက် တံ တား သမ္ဗာန်ကူးတို့ဆိပ်တွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ပြီး  ကမ်းနား လမ်း ပေါ်တွင် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊  ကမ်းနားလမ်းတွင် သွားလာနေသော အပြစ် မဲ့ လူငယ် ၃ ဦးထက်မနည်းကို စစ်တပ် မသင်္ကာမှုဖြင့် ဖမ်းဆီး သွား ကြောင်း သိရှိရသည်။ 

ထို့အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် မြောက် ဥက္ ကလာ ပ မြို့နယ် ခန်းမအနီး၊ သန္တာလမ်းရှိ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ပစ် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။ 

"မြောက်ဥက္ကပ မြို့နယ် မြို့နယ်ခန်းမအနီး  ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင် င ရပ် ကွက် ရုံးမှာ ဗုံးပေါက်တယ်။ ပေါက်တဲ့အသံက အရမ်းကိုကျယ်တာ။  သန္တာ လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်တာ။ အဲဒါပြီးတော့ ရပ်ကွက်ရုံးထဲက အကုန် ပြေးထွက်လာကြတာ။ ခဏနေကျတော့ စစ်တပ်နဲ့ရဲတွေတော့ ရောက် လာတယ်။ သူတို့ပြန်သွားပြီးတော့ ရုံးပြန်မဖွင့်တော့ဘူး" ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။ 

အလားတူ ယနေ့ ၉ နာရီ ၁၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။ 

ထို့ပြင် ယနေ့ ည ၉ နာရီခွဲဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက် ကွဲသံ နှင့်သေနတ်သံများကြားရပြီး သေနတ်သံမှာ လှိုင်သာမြို့နယ်၊ စနေမ မှတ်တိုင်အနီးတွင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ၂ ဦးကို ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ကင်းထောင်သတင်းများတွင် ဖော်ပြထားသည်။ 

ရန်ကုန်ခေတ်သစ်အနေဖြင့် လှိုင်သာယာ ပစ်ခတ်မှုဖြစ်စဉ်ကို ဆက်လက် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။ 

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၃ မိနစ်အချိန် တာမွေ မြို့နယ်တွင် ဗုံးပေါက်ကွဲကြောင်း ရန်ကုန်ကင်းထောက် အဖွဲ့ Eagle News ကသတင်းဖော်ပြသည်။ 

စစ်တပ်က လူငယ်များကိုလည်း အကြောင်းမဲ့ ဖမ်းဆီးလျက်ရှိရာ ယနေ့တွင် လှိုင်မြို့နယ်မှ လူငယ် ၄ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။ 

"လှိုင်-အင်းစိန်လမ်း သံလမ်းကားမှတ်တိုင်နဲ့ ဗဟိုလမ်းသံလမ်းကားမှတ် တိုင် အကြားမှရှိတဲ့ လမ်းကြားမှာ  လူငယ် ၄ ယောက်ကိုစစ်တပ်က ၀င်ဖမ်းတယ်။  လှိုင်မြို့နယ်ဘက်မှာ ၂ ရက်ရှိနေပြီ။ လူငယ်တွေကို ဖမ်းနေတာ" ဟု လှိုင် မြို့ နယ် သတင်းရင်းမြစ်က ပြောသည်။ 

ထို့ပြင် ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာပ နှင့် မြောက်ဥက္ကလာပတို့တွင် သေနတ်သံများကြားရကြောင်း ပြည်သူများက ပြောသည်။ 

ယနေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် မြောက်ဒဂုံ နာရီစင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ခဏအကြာတွင် လူနာတင်ကားများ၊ စစ်ကားများ ရောက်ရှိ လာကြောင်း၊ ညအချိန်ဖြစ်၍ အပြင်မထွက်ရဲကြသဖြင့် အခြေအနေ အသေး စိတ် ကို မသိရှိရသေးကြောင်း ဒေသပြည်သူများ နှင့်ကင်းထောက် သတင်း များအရ သိရှိရသည်။ 

"အဲဒီနားမှာ ပြည်သူတွေကိုတော့ အော်ဟစ်ဆဲဆို ရိုက်နှက်တာတွေ ကြား ရတယ် လို့ အနားမှာနေတဲ့သူတွေ က ပြောတယ်"မြောက်ဒဂုံမှ ဒေသပြည်သူ တစ်ဦးက ပြောသည်။ 

တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပတို့တွင် ည ၁၀ နာရီ ၅၀ မိနစ်အချိန် သေနတ်သံများကြားရပြီး လူနာတင်ကားအသံများလည်း ကြားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။ 


မော်လမြိုင်နှင့်သံဖြူဇရပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လ၀ကရုံးများတွင် မိုင်းပေါက်ကွဲပြီး ရုံးတချို့ ပြိုကျ ပျက်စီး 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများ၊ လူဝင်မှုကြီ းကြပ်ရေးရုံး(လ၀က)များတွင် မိုင်းပေါက်ကွဲမှု များဖြစ် ပေါ်ပြီး ရုံးတချို့ ပြိုကျပျက်စီးသွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  ချိန်ကိုက်မိုင်း တစ်လုံးပေါက်ကွဲခဲ့ပြီး  မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။ 

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီနှင့် ည ၁၀ နာရီအချိန်  မော်လ မြိုင် မြို့ပေါ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မော်လမြိုင်မြို့နယ် လဝက ရုံး ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုင်းပေါက်ကွဲမှုကြောင့် ယနေ့ ပြိုကျပျက်စီးသွားသော သံဖြူဇရပ်မြို့ နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။

လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းထွန်းကို LLPDF တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်စဥ် ထွက်ပြေး သွားသောကြောင့် လိုက်လံပစ်ခတ်စဥ် ကျေးရွာဘုန်းကြီး ကျောင်းအနီး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး အဖွဲ့ဝင်များ ရရှိရေး လိုက်လံ စည်းရုံးနေသည့် အောင်မိုးနှင့် ယဥ်ယဥ်သန်းတို့ လင်မယားကို ဇလွတ်ကျေးရွာအတွင်း LLPDF တပ်ဖွဲ့များက သွားရောက် ဖမ်းဆီးစဥ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး ဝင်းထွန်းနှင့် ထွက်ပြေး လွတ်မြောက်သွားသော ပျူစောထီး လင်မယား ၂ ဦးထံမှ ရွှေလက်စွပ် ၈ ခု၊ နားကပ် ၁၀ ခု၊ လက်ကောက် ၂ ခု၊ ရွှေဆွဲကြိုး ၃ ခု၊ လက်ကိုင်ဖုန်း ၄ လုံး၊ Tablet ၁ လုံး၊ ငွေကျပ် ၄၅ သိန်း၊ ကား ၁ စီး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း ပျုစောထီးများသည် ညောပြင်နှင့် ဇလွတ် ကျေးရွာများတွင် ဓားမြမှု၊ လူသတ်မှု စသော ရာဇဝတ်မှုများ ကျူးလွန် နေသူများ ဖြစ်ကြောင်း၊ ပြည်သူများထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခွဲဝေယူကာ သောင်းကျန်း နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကျောက်နီမော်ရဲစခန်းနှင့် ပျူစောထီးမှ စစ်သားများ ရောက်ရှိလာသော​ကြောင့် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်ရေးမှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်စက္က (MGPDF) အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်မှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ကို လူကြမ်းကြီးများအဖွဲ့နှင့် ဗိုလ်စက္က (MGPDF)တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခက်မှုဖြစ်ပွားကာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့​ကာ ပစ္စတို ၁ လက်နှင့် ကျည် ၂ ဘူး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရေစကြို ၊ ခလရ ၂၅၈ တပ်ထဲမှ အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၂ စီးပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်အတွင်းမှ အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီး ခဲ့ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ခလရ ၂၅၈ တပ် အတွင်းမှ အိမ်စီးကား ၃ စီးဖြင့် ရေစကြိုမြို့အတွင်းသို့ ထွက်ခွာသော အကြမ်း ဖက် စစ်သားများကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ မြို့ပြင် စိုက်ရေးခြံနားအရောက် ပဒေသာမိုင်း ၃ လုံးတွဲ ၂ ဆိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက် ခဲ့ ခြင်းဖြစ်ပြီး ကား ၂စီး နေရာမှာပင် ထိုးရပ်ပျက်စီးခဲ့ကာ အကြမ်းဖက် စစ် သား ထိခိုက်သေဆုံးမှုကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

“ပထမ သုံးလုံးတွဲ တစ်တွဲ ဆွဲပြီးတော့ ပြန်ပစ်သေးတယ်၊ ပြန်ပစ် တော့ ရဲ ဘော် တွေက နောက်တစ်လုံး ထပ်ဆွဲတာ၊ ဆွဲပြီး ခဏပဲ ထပ်ပစ်တယ်၊ ဒဏ် ရာ လောက်ပဲရတာ၊ သေသေးလားဆိုတာ အတိအကျ သိရ အောင်စုံစမ်း နေ တုန်း ပဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ပါ တယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ 

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်တူနှင့် အသက် ၃၄ နှစ်အရွယ် ဒေါ်မီဂတုံး (ခ) ဒေါ်သူဇာနွယ် တို့ပွဲချင်းပြီး သေဆုံးကာ ပြည်သူပိုင်နေအိမ် ၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

" ဒီနေ့ မွန်းလွဲပိုင်းမှာ ညောင်ပင်ကြီးရွာသစ်ရွာကို တပ်မ ၇၇ စစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ လှမ်းပစ်လို့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၁ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ နေအိမ် ၃ လုံး မီးလောင်ပြာကျတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖေဖော်ဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ  ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

အကြမ်းဖက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ  ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းစစ်ဆေးရန် ကရင်ပြည်နယ်သို့  စသုံးလုံးဒုညွှန်ချုပ် လာရောက်မည်ဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်း မြစ်များထံမှ သိရှိရသည်။ 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် မော်လမြိုင်မှတစ်ဆင့် ကရင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ပြီး  ရွှေက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသားများ၏ ဒေါ်လာငွေ သိန်းပေါင်းများစွာ လိမ် လည် ထားမှု ကိစ္စ အပါအဝင် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။ 

" လိုင်စင်မဲ့ကား ၊  နွားမှောင်ခို ကိစ္စ၊  မြဝတီကနေ လက်နက်နှင့်မူးယစ်ဆေးဝါးတွေ ထွက်နေတဲ့ကိစ္စ၊  နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ ရွှေက္ကိုလ် အွန်လိုင်းဂိမ်းတွေကနေ ဗီယက်နမ်နိုင်ငံသားတွေဆီက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည် ကိစ္စ၊ရွှေနှင့်ငွေကြေးခဝါကိစ္စတွေကို လာပြီး စစ်ဆေးမယ်" ဟု နေပြည်တော် စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။ 

စသုံးလုံး ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို၏ တပည့်အရင်းဖြစ်ပြီး ညွှန်ချုပ် မောင်မောင်ကျော်ကို ကျော်၍ စသုံးလုံး ဌာနတွင်း  ရာထူးတိုး၊ လဘ်ပေးလဘ်ယူကိစ္စများကိုင်တွယ် ကျူးလွန်နေသူဖြစ်ကြောင်း သိရှိရသည်။ 

ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြသည်။ 

စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော  တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား  ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။
 
"ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ" ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။ 

လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေ ရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ။


တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ အရာ တော်၊ နောင်ကြီးအိုင်ရဲစခန်းကို ဝင်တိုက်မှု စစ်သား ၂ ဦး သေဆုံး 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကြောင်း ကာကွယ် ရေးအဖွဲ့ များ ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင် စီ တပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည၇နာရီခန့်တွင် တန့်ဆည်ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့  (ပကဖ) က ‌ပဒေသာမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ရွာမှ မှန်ရင်းရွာဘက်သို့ စစ်ကြောင်း ထိုး လာ သော စစ်ကောင်စီတပ် ခမရ(၃၆၁)နှင့် ပျူစောထီးများကို ဖေဖော် ဝါရီ၂၂ရက် နံနက်၈နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅) TPC နှင့် တန့်ဆည် ပကဖ ပူးပေါင်းအဖွဲ့က ‌ပဒေသာမိုင်း၈လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ရာ ၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"စစ်ကြောင်း တစ်ကြောင်းကို အင်အား၁၂၀ခန့်စီ ၂‌ကြောင်းခွဲပြီး မှန်ရင်းရွာမှာ တစ်ဖွဲ့၊ ရွာရှည်(မ)ရွာဘက်မှာတစ်ဖွဲ့ ရှိတယ်။ ‌စစ်‌ခွေးနဲ့ပျူတွေ မိုင်း ခဏခဏ ထိပြီး အထိနာနေတာ။ စစ်ဘေးရှောင်ပြည်သူတွေများတယ်။ ဝိုင်းဝန်း ကူညီ ကြပါ။" ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်တွင် အင်အား၂၅၀ခန့်ရှိသော စစ်ကောင်စီတပ်က အဖွဲ့နှစ်ဖွဲ့ ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် ရွာရှည်(မ)ရွာ၊ မယ်ဇလီကုန်းရွာ၊ ဝက်တိုးရွာ၊ ခရုတောရွာ၊ ကုန်းအိုင်ရွာ၊ ထန်းပင်ဆိပ်ရွာ၊ ဖက်သန်းကုန်းရွာ၊ ပေချောင်ရွာ၊ မှန်ကြိုင်ရွာ၊ မှန်ရင်းရွာ၊ ကန်ပေါက်ရွာ အစရှိသည့် ကျေးရွာများမှ ဒေသ ပြည် သူ ၇၀၀၀ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Attack Force မှ တာ ဝန် ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၃ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထား သော နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက် ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်တပ်သား ၂ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင်(LPDF) ၊ သံမဏိလိပ်ပြာ PDF ၊ True Arrow (LPDF)၊  Twenty Seven (LPDF) ၊ Five Stars (LPDF) ၊ ဝံပုလွေ (LPDF) နှင့်တော်လှန် ရေးအဖွဲ့ များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။










Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ