အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်




 ဖေဖော်ဝါရီ ၂၊ ၂၀၂၃ 


ဧရာဝတီတိုင်း မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲအား အလံကိုင်လိုက်သူအား ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက်သူအား ၁၀၀၀၀ ကျပ်ဖြင့် နေ့စားခခေါ်ကာ ယနေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကြံ့ခိုင်ရေးရုံးအတွင်း နေ့စားခများ ခွဲဝေရာတွင် အဝေမတည့်ခြင်းကြောင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


မြောင်းမြမြို့တွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် လူအင်အား ၅ရာခန့်ဖြင့် စင်္ကြနန္ဒဘုရားရှေ့မှ စတင်ကာ မြို့မဘောလုံးကွင်းအထိ လမ်းလျှောက်ကာ ကြံ့ခိုင်ရေးပါတီဝင်များ ဦး ဆောင်မှုဖြင့် တပ်ထောက်ခံပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။နေ့စားလိုက်ခေါ်တာက ဦးတင်မြင့်တို့ ၊တရုတ်စိုးမြင့်တို့ပါတယ်၊ အလံကိုင်ကတော့ အမူးသမားတွေနဲ့ ကြံ့ခိုင်ရေးက ငပေါတွေကိုင်တာ၊ တစ်ယောက်တစ်သောင်းခွဲနဲ့ လိုက်တာကတော့ ရပ်ကွက်စုံပဲ အောင်သပြေကရော၊ ရွာတွေနဲ့ ကွယ်လွယ်ကရော၊ ပွဲပြီးတော့ ကမ်းနားက ကြံ့ခိုင်ရေးရုံးထဲမှာ နေ့စားခထုတ်ပေးတာမှာ တစ်သောင်းပြောပြီး ငါးထောင်ပေးလို့ ရန်တွေဖြစ်ကြတယ်ဟု မြောင်းမြဒေသခံတစ်ဦးက ပြောသည်။


မအူပင်မြို့တွင်လည်း ယနေ့ တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် တစ်အိမ်တစ်ယောက်မဖြစ်နေ လိုက်ကြရန် အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။


#CjPlatform



Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း