NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်

ဖေဖော်ဝါရီ ၂ 
စစ်အုပ်စုက သူတို့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG, PDF တွေနဲ့ ပတ်သက်သူတွေ၊ အားပေးထောက်ခံသူတွေကို အရေးယူသွားမယ်လို့ ဖုန်းအော်ပရေတာတွေကနေတစ်ဆင့် ပြည်တွင်းရှိ ဖုန်းသုံးစွဲသူ ပြည်သူတွေထံသို့ SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ 
စစ်အုပ်စုလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဆိုတဲ့ (CCCT) က "အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းတွေဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်" လို့ ဆိုပြီး ဖုန်းသုံးစွဲသူတွေထံသို့ ဆက်သွယ်ရေးအော်ပရေတာတွေကနေတစ်ဆင့် တိုက်ရိုက်စာတိုမက်ဆေ့တွေ ပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် "အကြမ်းဖက်မှုနှင့်ဆိုင်သော Post Share, Like, Comment တင်ခြင်းတွေဟာ ဥပဒေအကြောင်းအရ အရေးယူရခံနိုင်တယ်" လို့လည်း စစ်အုပ်စုလက်အောက်ခံ CCCT ဆိုတဲ့အဖွဲ့က SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
"အခုရက်ပိုင်း ဖုန်းတွေကို စာတိုတွေ တောက်လျှောက်ဝင်နေတယ်။ သူတို့ပေးပို့လာတဲ့စာအရ NUG, PDF အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဖို့ကို တိုက်ရိုက်ရည်ညွှန်းထားပါတယ်။ ပတ်သက်ရင် အရေးယူမယ်လို့လည်း ပါတယ်" လို့ ရန်ကုန်မြို့တွင်းနေ ဖုန်းသုံးစွဲသူ ပြည်သူတစ်ဦးက ငွေမောင်းသံသို့ ပြောပါတယ်။
ဖုန်းသုံးစွဲသူတွေထံသို့ အဲဒီစာတိုမက်ဆေ့တွေကို အခု ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာ စစ်အုပ်စုလက်အောက်ခံ (CCCT) အဖွဲ့က တောက်လျှောက်ပေးပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 
~~~~ 
ထူးထူး 
ပုံစာ - စစ်အုပ်စုရဲ့ CCCT အဖွဲ့က ပေးပို့လာတဲ့ SMS စာတိုများ။
#ငွေမောင်းသံ မီဒီယာ



Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်