ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ကော့သောင်း) ဖေဖော်ဝါရီ ၂ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၅၉၄ ခြေမြန်တပ်ရင်း (ခမရ ၅၉၄) နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက် သေနတ်ကိုင်ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေကြောင်း အဆိုပါတပ် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ ခမရ ၅၉၄ တပ်မှာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်နေရပြီး နောက်တန်းတွင် စစ်သားတို့၏  မိန်းမများမှာလည်း စစ်သင်တန်းများ တက်နေရသလို ညဘက်သေနတ်ကိုင် ကင်းစောင့်ရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

"၅၉၄ တပ်အတွင်းထဲမှာ စစ်သားအင်အားနည်းသွားတာတော့ အမှန်ပဲ။ ကျွန်တော်တို့နယ်ဘက်က တပ်ရင်းတွေက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်နေရတယ်။ သေကြတာလည်း များတယ်။ အခုလည်း တပ်တွင်းမှာ စစ်သားအင်အားနည်းပါးလာလို့ စစ်သားမယားတွေကို မဖြစ်မနေ စစ်သင်တန်းတွေပေးတဲ့အပြင် ညဘက် သေနတ်ကိုင်ပြီး ကင်းစောင့်ရတာတွေများလာတော့စိတ်ဓာတ်တွေကျနေကြတယ်။ သူတို့မှာ ပင်ပန်းတော့ အတော်စိတ်ပျက်နေကြတယ်။ အခွင့်သာတာနဲ့ ထွက်ပြေးမယ်ဆိုတာချည်းပဲ ပြောနေကြတယ်"ဟု အဆိုပါတပ်ရင်းအနီးနေထိုင်သူ အရပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ အခြေစိုက် ခမရ ၅၉၄ တပ်မှာ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်  စကခ -၂၀ လက်အောက်ခံတပ်ရင်းဖြစ်ပြီး ကရင်ပြည်နယ်သို့ ရှေ့တန်းစစ်ဆင်ရေးထွက်နေရသည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

စကခ ၂၀ လက်အောက်ခံတပ်များမှာ ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်နေပြီး ကရင့် လွတ်မြောက်ရေးတပ်မတော် - KNLA၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ထိတွေ့ဖြစ်ပွားသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလအတွင်းက အဆိုပါ စကခ ၂၀ လက်အောက်ခံ တပ်ရင်း ၇ ခုမှ စစ်ကောင်စီတပ် သား ၂၀ ဦး ကရင်ပြည်နယ်ရှေ့တန်းသို့ မလိုက်ချင်သဖြင့် စစ်တပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရာ ၂ ဦးသာ ပြန်လည် ဖမ်းမိခဲ့ပြီး ၁၈ ဦးမှာ ယနေ့အချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း  သိရသည်။

ကရင်ပြည်နယ်၌ ၂ နှစ်ကျော်ကြာ ရှေ့တန်းထွက်နေရပြီး နောက်တန်းပြန်ခွင့်မရသည့် တနင်္သာရီတိုင်းမှ တပ်များနှင့် နောက်တန်းမှ မိသားစုများကို အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များက ၂၀၂၂ ခုနှစ်အတွင်း မကြာခဏ ကွင်းဆင်း၍ စည်းရုံးနှစ်သိမ့်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#တနင်္သာရီတိုင်း #ကောင့်သောင်း #စကခ၂၀ #ခမရ၅၉၄ #Ayeyarwaddy_Times


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်