NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း


■ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley နဲ့ ရီပါဘလစ်ကန်လွှတ်တော်အမတ် Todd Young နဲ့ Susan Collins တို့လေးဦး စုပေါင်းပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ပေါင်းပြီး မြန်မာ့အရေး ပိုတိုးလုပ်ဆောင်ဖို့နဲ့ တရားမျှတမှုနဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီမှာ ရထားတဲ့အခွင့်အာဏာကို အသုံးချဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။

စစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို အသိအမှတ်မပြုဘဲ ကန့်ကွက်ရှုတ်ချဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထားသူတွေကို အမြန်ပြန်လွှတ်ပေးပြီး၊ ပြည်သူလူထုရွေးကောက်ခံ အစိုးရဆီ အမြန်ဆုံး အာဏာပြန်လွှဲပေးဖို့ကိုလည်း အမေရိကန်အမတ်တွေက တောင်းဆိုပါတယ်။
__RFA__________
Photo: AFP



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်