ကော့သောင်းတွင် ပျူစောထီး ဒုခေါင်းဆောင်တစ်ဦး ရှင်းလင်းခံရပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိ


 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆိုသူတစ်ဦးကို ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ မာရမ်းကျေးရွာရှိ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ ဦးဆန်းတင်ကို ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်မနက်၆ နာရီခန့်မှာ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ ဓားဖြင့် ရှင်းလင်းခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ဝင်ရောက် ရှင်းလင်းခဲ့မှုအတွင်း ဦးဆန်းတင်မှာ သေဆုံးသွားပြီး ၎င်း ထံမှ M16 A1 သေနတ် ၂ လက် ၊ကျည်ဘောက်တစ်ခု၊ ကျည်၂၈ တောင့်နှင့် ဓားမြှောင် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“နေအိမ်တွင်းမှာပဲ ဓားနဲ့ ဝင်ခုတ်ရှင်းလင်းခဲ့တာပါ ၊ဓားနဲ့၂ချက်၃ချက် ထိုးပီး ဆွဲခွဲလိုက်တာပါ ပြီးမှပစ္စည်းအချို့ သိမ်းယူခဲ့တာပါ သူ့ကိုရှင်းပြီးတော့ စခတွေအင်အားနဲ့ ဆင်းလာတော့ လမ်းကနေဖြတ်ပြီး မိုင်းထပ်ဆွဲလိုက်တာ အထိနာသွားတယ်”ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။

ထို့နောက် ထိုနေ့ မနက်၁၁ နာရီခွဲခန့်မှာလည်း မာရမ်းကြီးကျေးရွာဘက်သို့ ခမောက်ကြီးမြို့နယ်ခွဲမှ ဆင်းလာသည့် စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ကား ၂ စီးကို ရှမ်း ကိုးရွာ ရွာချင်း ဆက်လမ်းမပေါ် အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြား ပလက်ခွတံတားအနီးမှာကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတာကြောင့် စစ်သား ၈ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးသည်။




Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်