ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ
မတ်လ ၇
ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်ပြီး စွဲချက်တင်ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။
ပြီးခဲ့သည့်အပတ်ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ ဒေါ်လာများ လက်ခံရယူခဲ့သည့်ဆိုသည့် အဂတိအမှုနဲ့စပ်လျဉ်းပြီး ကြားနာစစ်ဆေးခဲ့စဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။
#MyanmaPlatform #News #Domestic
Comments