​အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင် စိန်ခေါ်ပြောဆို



ရုရှား အပေါ်  နိုင်ငံတကာ ပိတ်ဆို့မှုတွေ ချမှတ်တာဟာ စစ်ကြေညာတဲ့ သဘောပဲ ဆိုပြီး ရုရှား သမ္မတ ပူတင်က ပြောပါတယ်။


ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေ အတွက် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေ အပေါ်  ရုရှားသမ္မတက သူ ဘယ်လို သဘောထားသလဲ ဆိုတာကို  အပြင်းထန်ဆုံး ပြောလာတာ ဖြစ်ပါတယ်။


ဒါ့အပြင်၊ ယူကရိန်း ဝေဟင်ထက်မှာ လေယာဥ် မပျံသန်းရ ဇုန်နယ်မြေ ဖော်ဆောင် သတ်မှတ်မယ် ဆိုရင် စစ်ပွဲဟာ ပိုပြီးတော့ ကျယ်ပြန့် လာမယ် ဆိုပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင်က သတိပေးပါတယ်။ 


ဒါဟာ ယူကရိန်း သမ္မတ ဇယ်လင်စကီးက အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို ဗီဒီယို ကနေ တဆင့် ပြောတဲ့ မိန့်ခွန်းထဲ လေယာဥ်မပျံရ ဇုန်နယ်မြေ ဖော်ဆောင်ဖို့ ထပ်မံ တိုက်တွန်းခဲ့တဲ့နောက် ရုရှား သမ္မတဘက်က အခုလို ပြောဆို သတိပေးတာ ဖြစ်ပါတယ်။ 


ရုရှားပြည်တွင်း အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတပူတင် ပြောတာကတော့ လောလောလတ်လတ်မှာတော့ ရုရှားမှာ မာရှယ်လော စစ်အုပ်ချူပ်ရေး ကြေညာမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။


“စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာ ဥပဒေနဲ့ အညီ လုပ်ရတာ ဖြစ်တယ်။ ပြည်ပရန်လိုမှုတွေ ကြီးမားလာတဲ့ အခါမျိုးနဲ့ တိုက်ပွဲတွေ ပေါ်ပေါက်နေတဲ့ ဒေသတွေမှာ သမ္မတက အမိန့်ထုတ်ပြန်ပေးရပြီး၊  ရုရှား အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက အတည်ပြုဖို့ လိုတယ်။ လက်ရှိမှာတော့ အဲဒီ အနေအထားမျိုး တွေ့ကြုံ မနေဘူး။  နောင် ဖြစ်မလာဖို့လည်း မျှော်လင့်ထားတယ်” ဆိုပြီး သမ္မတပူတင်က ပြောပါတယ်။ 


အခုဆိုရင် မော်စကိုမှာ ရောက်နေတဲ့  အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘက်နက်နဲ့ သမ္မတ ပူတင်နဲ့ တွေ့ဆုံ ခဲ့တာမှာ၊ ဒါဟာ ယူကရိန်းထဲ ကျူးကျော်ပြီးနောက်ပိုင်း နိုင်ငံရပ်ခြား တိုင်းပြည်ခေါင်းဆောင် တစ်ယောက်နဲ့ သမ္မတပူတင် ပထမဆုံးတွေ့ ဆုံတာ ဖြစ်ပါတယ်။


အခု ပဋိပက္ခကို ကြားဝင် ဖြေရှင်းပေးမယ် ဆိုပြီး အစ္စရေး ဝန်ကြီးချူပ်က ကမ်းလှမ်းခဲ့တယ်လို့ နားလည်ရပါတယ်။ နက်ဖ်တာလီ ဘက်နက်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒိုမီယာ ဇယ်လင်စကီးနဲ့လည်း တယ်လီဖုန်းပေါ်ကနေ စကားပြောဆို ထားပါတယ်။ နက်ဖ်တာလီ ဘက်နက်ဟာ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှို့လ်ဇ်နဲ့ တွေ့ဆုံဖို့ မော်စကိုကနေ ဘာလင်မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ပူတင် #ယူကရိန်း


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော