ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်
မြန်မာပြည်ကိုယ်စားပြု ကမ္ဘာ့ကုလသမဂ္ဂ UN ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်ဆိုတော့... ဒီပွဲက ကြည့်လှပြီပေါ့လေ...
ဦးကျော်မိုးထွန်းကဘယ်နိုင်ငံကိုကိုယ်စားပြုသလဲဆိုတာ UN ရဲ့နောက်ထပ်ပြုလုပ်လာမဲ့အစည်းအဝေးတွေမှာ မြင်တွေ့ရပါတော့မယ်...
အကယ်၍များ ...
UN က ဦးကျော်မိုးထွန်းရဲ့ထိုင်ခုံမှာ မြန်မာပြည်ကိုယ်စားပြုသူအဖြစ် MYANMAR ဆိုတဲ့အမည်နာမကြီးရှိနေဆဲဆိုရင် ယခု မအလ စကစ ကြေငြာချက်ကြီးကစောက်ရူးစောက်ပေါအဆင့်အလိုလိုရောက်သွားပါလိမ့်မယ်...
ရှင်းအောင်ပြောရရင် ...
အခုလိုဒင်းတို့ထပြီးပြောချင်ရာပြော လုပ်ချင်ရာလုပ် ကြေငြာချင်သလိုကြေငြာနေတာတွေဟာ နိုင်ငံတော်နဲ့ မြန်မာပြည်သူလူထုကိုကိုယ်စားပြုနေတာမဟုတ်ဘူးလို့ အလိုလိုအဓိပ္ပါယ်သက်ရောက်သွားစေပါတယ်...
ဒင်းတို့စစ်သူပုန်အုပ်စု၏ ဗရမ်းဗဒါပြောချင်ရာပြောနေတာကို ကမ္ဘာကဘာတစ်ခုမှအသိအမှတ်မပြုပါ လို့လဲ ထင်ရှားသွားစေပါတယ်...
ဒါပါဘဲ...
နောက်ဆုံးတော့ လှုပ်လေမြုပ်လေဆိုတဲ့စကား မအလ စကစ တို့အတွက် တမင်များထားခဲ့လေသလား 😊😁
Sua Sponte...
Sitt Naing Aung
Comments