စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု

လေးကေ့ကော် ဗျူးပွိုင့်တွင် စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု ဖြစ်ပေါ်ခဲ့

Author လင်းခိုင်

Published on Feb 25, 2023

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်ရှိ ဗျူးပွိုင့်တွင် အထိုင်စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာ မီးလောင်ပြီး နောက် တောမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ညပိုင်းတွင် လေးကေ့ကော်မြို့နယ်တွင် မိုင်းများ ပေါက်ကွဲပြီးနောက် လေးကေ့ကော်ဗျူးပွိုင် စစ်ကောင်စီတပ်စခန်းမှ မီးလောင်ကာ  လေးကေ့ကော် ခြောက်ရပ်ကွက် နှင့် ပတ်ဝန်းကျင်ရှိ တောတောင်အများအပြား မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

ညပိုင်းကြီး ဒီကောင်တွေ မိုင်းရှင်းတာနေမယ်။ သူတို့စခန်းကနေ စပြီးတော့ လောင်တာ၊ အဲ့ကောင်တွေစခန်းအကုန်ပြာကျသွားတယ်။ ပြီးတော့ ခြောက်သွေ့နေတော့ မီးက အကုန်ကူးပြီးတော့ ကျွန်တော်တို့ စခန်းနှစ်ခုလည်းမီးထဲပါသွားတယ်။ ” ဟု ကော်ဘရာ သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ထိုကဲ့သို့ တောမီးလောင်ကျွမ်းမှုကြောင့် လေးကေ့ကော်ခြောက်ရပ်ကွက်အတွင်းရှိ နေအိမ်အများအပြား မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု လေးကေ့ကော်ဒေသခံ၊ စစ်ဘေးရှောင်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ကျွန်မတို့ကြားတာတော့ ရှို့မီးလို့ကြားတယ်။ ကျွန်မအိမ်လဲပြာပုံပဲရှိတော့တယ်။ ကိုမင်းကိုနိုင်ရဲ့ ကုန်စုံဆိုင်လဲပါသွားတယ်။ ခြောက်ရပ်ကွက်က အခု လုံး ဝပြာပုံကြီးဖြစ်နေတယ်။ ပြီးတော့ လေးကေ့ကော်ရေကန်နားကကလေးကစားကွင်းလဲ အကုန်ပါသွားတယ်လို့ ကြားတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီတပ်သားများသည် လေးကေ့ကော်မြို့အား ဝင်ရောက်ပြီး၊ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်ပြီးနောက်  KNLA တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများသည် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ရသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လေးကေ့ကော်မြို့တွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေးကေ့ကော် ခြောက်ရပ်ကွက်ကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ယခု ထပ်မံပြီး စစ်ကောင်စီ စခန်းမှ စတင်မီးလောင်မှုကြောင့် လေးကေ့ကော် ခြောက်ရပ်ကွက်ရှိနေအိမ်အားလုံးနီးပါး မီးလောင်မှုတွင် ပါဝင်ခဲ့သည်။




ဓာတ်ပုံ-CJ
#CjPlatform #
ကရင်ပြည်နယ် #လေးကေကော် #မီးလောင်

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်