မုံရွာမြို့တွင် PDF သတင်းစုံစမ်းနေသော စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် သန်းနိုင် ကို ပစ်ခတ်ခံရပြီး သေဆုံး


 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် စစ်တပ်အတွက် ရိက္ခာထောက်ပို့နှင့် သတင်းပေးနေသူ၊ PDF သတင်းများ စုံစမ်းနေသူ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင် ပစ်ခတ်ခံရပြီး  သေဆုံးသွား ကြောင်း ဗန္ဓုလနှင့်အဖွဲ့ သားများ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် မုံရွာမြို့တွင်းတစ်နေရာတွင် ဒုတပ်ကြပ်သန်းနိုင်ကို ဝင် ရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း၊ ၎င်းထံမှ မှတ်ပုံတင် အချက်အလက်များ၊ ၉ မမ ကျည်နှစ်တောင့်၊ လက်ပစ်ဗုံးသီးတစ်လုံး နှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“မြို့ထဲဝင်ဖမ်းပြီး ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ စစ်ခွေးတွေက သန်းနိုင်ရဲ့ အလောင်း ကို အရင် လာမသယ်ဘဲ သူ့(သန်းနိုင်)ရဲ့မိသားစုကို နမခတပ်ထဲ အရင်ပို့ပြီးမှ လာသယ်သွားတယ်၊ ပစ်ခတ် ရှင်းလင်းတဲ့နေရာမှာပဲ အလောင်းကို ထားပေးခဲ့ပါတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခတပ်) အတွင်း ရိက္ခာများပို့ဆောင်ပေးခြင်း၊ သတင်းပေး ခြင်းပြုလုပ်နေသည်ဟု ပြည်သူလူထုမှ သတင်းပေး တိုင်ကြားသဖြင့် စောင့်ကြည့်ကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့ ၁ ၊ Black Falcon မြို့တွင်း ပြောက်ကျားတပ်ဖွဲ့၊ Brave Heart Army-BHA နှင့် Special Forces- 11 PDF တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း