အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာ

စမ်းချောင်းမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး အပြန်အလှန်ဓားထိုးမှုဖြစ်ပွား၊ အမျိုးသားဖြစ်သူ သေဆုံး
ဖေဖော်ဝါရီ ၂၇ - ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းထဲက တိုက်ခန်းတခန်းမှာ မနေ့ ဖေဖော်ဝါရီ (၂၆) ရက်၊ ည (၁၁) နာရီခန့်က အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့က နေအိမ်တိုက်ခန်း (၆) လွှာမှာ အော်ဟစ်သံတွေ ကြားရတယ်လို့ သတင်းအရ လုံခြုံရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးမှုဖြစ်တဲ့ တိုက်ခန်းက အတွင်းကနေ ပိတ်ထားလို့ တံခါးဖျက်ပြီး ဝင်ခဲ့ရပါတယ်။ အဲ့ဒီ့မှာ အမျိုးသားတယောက်က ဝမ်းဗိုက်၊ ရင်ညွန့်နဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးနေပါပြီ။ အမျိုးသမီးကတော့ ဓားဒဏ်ရာ အနည်းငယ်ရှိခဲ့တာကြောင့် လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အမျိုးသားက ဓာတ်ပုံဆရာ၊ အမျိုးသမီးတော့ မော်ဒယ်လ်လို့တော့ ပြောကြတယ်။ သေချာတော့မသိဘူး“လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတဦးက ပြောပါတယ်။

ဖြစ်စဥ်မှ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ ဒဏ်ရာရရှိသူ အမျိုးသမီးတို့ကို စမ်းချောင်း အရန်မီးသတ်စခန်းက လူနာတင်ကား (၂) စီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဓားထိုးမှုဖြစ်စဉ် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်း‌နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo-စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ဒဏ်ရာရလူနာအားဆေးရုံပို့ဆောင်စဉ်
#voiceofmyanmar #VOM #ရန်ကုန် #အပြန်အလှန်ဓားထိုးမှု






Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း