ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲ

ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတိသစ်


ကရင်နီပြည်နယ်တွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး ကရင်နီပြည်နယ်အတွင်းရှိ စစ်စခန်းများကို  ရိက္ခာပို့ရန် ကြိုးပမ်း လျက်ရှိရာ ရှားတောမြို့နယ်တွင် စစ် ရိက္ခာသယ် ယာဥ်တန်း ကြားဖြတ် တိုက် ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ ရှားတောမြို့တွင် အိမ်စီးကားများဖြင့် ရိက္ခာ သယ်နေသည့် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ၊

ယ မန် နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ရှားတောမြို့၊ သံလွင်မြစ်ကမ်း​ခြေ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းကို ပြည်သူပိုင် ကားများဖြင့် ရိက္ခာသယ်ဆောင်နေသည့် ယာဥ်တန်းကို ရှားတောမြို့နှင့် စလောင်းရွာ အကြား ချောင်းဆုံးတစ်နေရာတွင် ကရင်နီတပ်မတော် KA နှင့် KNDF တို့က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


"လွိုင်ကော်- ရှားတော လမ်းမကြီးရှိတယ်လေ။ သူတို့ မသုံးရဲဘူး။ နယ်မြေလည်း မစိုးမိုးနိုင်တော့ ရှမ်းပြည်ဘက်ကနေ ဖြတ်ဝင်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ။ လွိုင်ကော်-ရှားတော ကားလမ်း မ ကြီး အတိုင်းလာလည်း ဖြတ်တိုက်ခံရမှာပဲ။ ရှားတောမှာ ခမရ ၄၂၈ ရှိတယ်။ ဒါပေမယ့် အင်အားမရှိဘူး။ ရှမ်းပြည်ဘက်က ခမရ ၅၁၀ က လာပေါင်းပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ" ဟု ကရင်နီ စစ်ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြော ဆိုသည်။ 


စစ်ယာဥ်တန်းတွင် ရှားတောမြို့နယ်အတွင်းရှိ ဒေသကွက်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၄၂၈ နှင့် ရှမ်းပြည်ဖက်မှ ဆင်းလာသည့် ခမရ ၅၁၀ တို့ စစ်သားများပါဝင်ပြီး တိုက်ပွဲအတွင်း ရိက္ခာ ပို့ယာဥ်တန်းပေါ် လိုက်ပါလာသည့် စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကာ လမ်းကင်းလုံခြုံရေး ယူပေးသည့် စစ်သားများက ၈၁ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် ပေးသောကြောင့် ရ​ဲဘော် ၁ ဦး  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


စစ်တပ်အနေဖြင့် လွိုင်ကော်မှ ရှားတော ဒေသ နယ်စပ်စခန်းများကို စစ်ရိက္ခာနှင့် လက်နက် ခဲယမ်း များ ပို့ဆောင်ရန် ကြိုးစားနေပြီး  ခမရ ၅၁၀ တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့ အခြေစိုက် တပ်ရင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၏ တိုက်ရိုက်ကွက်ကဲမှုဖြင့် တာ တမော စခန်းမှ ရှားတောမြို့ရှိ ဗျူဟာကုန်းကို ရိက္ခာပို့ဆောင်ရန် စီစဥ်နေစဥ် တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း  သိရှိရသည်။ 


ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းထိထားသော စစ်တပ်ကားတစ်စီးကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)



Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော