သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ဝန်ဆောင်မှုရပ်ဆိုင်း
တရုတ်နိုင်ငံမှ နိုင်ငံပိုင် အကြီးမားဆုံးဘဏ်များအနက် အနည်းဆုံး နှစ်ခုက ရုရှားမှ ကုန်စည်များ ဝယ်ယူခြင်းများမှာ ငွေကြေးကိစ္စ ဝန်ဆောင်မှုများ ပေးအပ်ခြင်း မပြုရန် တားမြစ်ထားပါတယ်။ ICBC (Industrial & Commercial Bank of China Ltd.) ရဲ့ ပြည်ပရှိ ဘဏ်ခွဲများက ရုရှားမှ ပြည်ပတင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ သုံးတဲ့ L/C (letter of credit) များထုတ်ပေးခြင်းအား ရပ်ဆိုင်းထားပါတယ်။ ယွမ်သုံးတဲ့ L/C တွေကိုတော့ အချို့သော လုပ်ငန်းများအတွက် ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးတန်းအရာရှိများထံ အတည်ပြု ခွင့်ပြုချက် အရင်ရယူဖို့ လိုအပ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက်မှာ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို အမေရိကန်၊ ယူကေ၊ ဂျပန် အပါအဝင် နိုင်ငံများက စတင်လ...



Comments