မင်းကင်းမောင်မြင့်၏ပြောကြားချက် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးဟုဆို

6 Jan 2023 by MPA

လစ်ဗျားအာဏာရှင် ကဒါဖီ ကျဆုံးခန်းကို ဥပမာပေးကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းကြောင်း မင်းကင်းမောင်မြင့်၏ ပြောကြားချက်သည် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးနေကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

မင်းကင်းမောင်မြင့်၏ ယင်းသို့သော ပြောဆိုချက် လူမှုကွန်ရက်ပေါ်သို့ ဒီဇင်ဘာ၃၁ရက်နေ့က တက်လာခဲ့ပြီးနောက် စစ်ကောင်စီတပ်အတွင်း ကြီးမားသောရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ အောက်ခြေအရာရှိနှင့်စစ်သားများကြား ပိုမိုနက်ရှိုင်းလာ ကြောင်း သိရသည်။

“မောင်မြင့်ဆိုတာက သူတို့လူ။ အရင်က ဝန်ကြီးတွေ၊ဒုဝန်ကြီးတွေလုပ်ခဲ့တာဆိုတော့ ပြည်သူတွေက မင်းကင်းမောင်မြင့်ကိုကျပ်မပြည့်ဘူးလို့ သဘောထားကြပေမဲ့ စစ်တပ်ထဲကျတော့ သူ့စကားကို အလေးထားကြတယ်။ တပ်မမှူးလောက်လုပ်လာတဲ့ကောင် ပြောတဲ့စကား အလကားမဟုတ်ဘူးလို့ စစ်တပ်ထဲ မှတ်ယူကြတယ်။ မောင်မြင့်စကားထွက်လာပြီးတော့ စစ်တပ်ထဲမှာ ရှေ့မီနောက်မီတွေကလည်း အရင်သန်းရွှေလက်ထက်တုန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်တာမျိုးမရှိခဲ့တာကို ပြောလာကြတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က နေပြည်တော်တွင် ရွှေစလွယ်ကြီး သိုင်းကာ ဗိုလ်ရှုခံနေချိန်၌ အောက်ခြေ စစ်သားများက မဝရေစာဖြင့် အသေခံစစ်တိုက်ကာအရှုံးကြီးရှုံးနေရခြင်း၊ ပြည်သူက စစ်တပ်ကို လုံးဝလက်မခံခြင်း၊မြန်မာ့နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးမည့် အမေရိကန်NDAAဥပဒေ စသည့် အကြောင်းအရာများကြောင့် စစ်တပ်တွင်း ရိုက်ခတ်မှုပြင်းနေချိန်၌ မင်းကင်းမောင်မြင့်က အဆင်း ဘီးတပ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“မောင်မြင့်က သူတို့ချင်းကြား တိုးတိုးကြိတ်ဆွေးနွေးရမယ့်စကားကို ဘာလို့ လူတွေအားလုံးကြား အောင်ပြောတာလဲဆိုတော့ သူ့စကားကို မင်းအောင်လှိုင်က အဖက်မလုပ်တာကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်”ဟုလည်း ၎င်းကဆက်ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်သည် တရုတ်နှင့် ရုရှားတို့က  ဗီတိုအာဏာမသုံးခဲ့၍  ဆုံးဖြတ်ချက်အတည်ဖြစ်သွားရကြောင်းနှင့်  မြန်မာနိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ချိန်မှစ၍ တစ်ကြိမ်မျှ ယခုလို ဆုံးဖြတ်ချက်ချမှတ်ခြင်းမခံရဖူးသေးကြောင်း  မင်းကင်းမောင်မြင့်ကပြောသည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ရင်အခုဟာက No Fly Zone Resolution လောက်တော့လည်း မပြင်းထန်သေး ဘူး။ မပြင်းထန်ဘူးဆိုပေမယ့် နောက်ထပ်ထပ်ပြီးတော့မှ လိုက်လာမယ့် ပထမလှိုင်းပဲရှိသေးတယ်။ နောက်က ဆင့်ကဲဆင့်ကဲ လိုက်လာဦးမှာ၊ ဘယ်လိုလာဦးမလဲ မသိသေးဘူး”ဟု မင်းကင်းမောင်မြင့်က ပြောသည်။

မောင်မြင့်သည် သန်းရွှေနှင့်သိန်းစိန်လက်ထက်တို့တွင် ဒုဝန်ကြီးနှင့်ဝန်ကြီး တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။





Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️