ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်



ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ်


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အလောင်းကို စစ်ကောင်စီက ရဟတ် ယာဉ် ဖြင့် သယ်ယူသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး  သေဆုံး(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း၊ တချို့အရာရှိများ၏ အလောင်းများကို လိုက်လံ ရှာဖွေ ကောက်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။ 


"ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းက အရင် ရှမ်းပြည်ဘက်ကနေ ရာထူးတိုးပြောင်းလာတာ။ DSA 46 ကျောင်းဆင်း။  ၂၈၄ ယာယီ တပ်ရင်းမှူး လုပ်နေရင်း ကျဆုံးပါတယ်" ဟု စစ်တပ် သတင်းရင်းမြစ်က ပြောသည်။ 


ဇန်နဝါရီလ ၄ ရက်နေ့ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ ၊ ခလရ ၃၂ နှင့် ခလရ ၂၈၃ တွင် သေဆုံးသွားကြေသော  အရာရှိနှင့်စစ်သား အလောင်းများကို ကားများဖြင့် အခေါက်ခေါက် သယ်ထုတ်ရကြောင်း ကြာအင်းဆိပ်ကြီး ဒေသပြည်သူများထံမှ သိရှိ ရသည်။ 


တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်များက ကြာအင်းဆိပ်ကြီးရှိ တပ်ရင်း ၃ ခုကို ဝင်ရောက် ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ရာဂဏန်းချီ သေဆုံးသည်ဟု ပြောဆိုသော်လည်း စစ်တပ်ဘက်ကမူ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကသာ  အကျအဆုံးများသည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်