ဝမ်ပေါင်ကုမ္ပဏီစောင့် ရဲတပ်ရင်းကို လက်နက်ကြီး အလုံး၁၀၀ဖြင့် ပစ်ခတ်တိုက်ခိုက်

ကောင်းချစ်အောင်
ဇန်နဝါရီ ၅၊ ၂၀၂၃။

 
 
ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီကို‌ စောင့်ကြပ်ပေးနေသည့် ရဲတပ်ရင်း (၂၈)ကို ယနေ့ နံနက်တစ်နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်နက် ကြီးအလုံးရေ ၁၀၀ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါရဲတပ်ရင်းတွင်ခန့်မှန်းခြေအင်အား၂၀၀ ဝန်းကျင်ရှိပြီး မဟာမိတ်တပ်ဖွဲ့၇ဖွဲ့ပူးပေါင်းကာ ညသန်းခေါင်ကျော်အချိန်တွင် လက်နက်ကြီးအလုံးရေ ၁၀၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု National Revolutionary Guards (NRG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
"ရဲတွေအိပ်မောကျနေချိန် တိုက်ခိုက်တာဆိုတော့ ထိခိုက်မှုများနိုင်တယ်"ဟု ၎င်းကပြောသည်။
မဟာမိတ်တပ်ဖွဲ့များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည်ထိရောက်မှုရှိပြီး အဆောက်အဦးများအပေါ် အများကြီးကျရောက်ခဲ့ကြောင်း၊ တပ်ရင်းအတွင်း ငိုယိုသံတွေကြားရကြောင်း မြေပြင်ရဲဘော်တစ်ဦးကပြောသည်။
 
 


 
"ခေါင်မိုးပေါ် လက်နက်ကြီးကျသံတွေ ငိုယိုသံတွေ ဆူညံနေတာပဲ"ဟု အဆိုပါရဲဘော်ကပြောသည်။
ထို့အပြင်ရဲတပ်ရင်းအတွင်းမှ ပြန်လည်ပစ်ခတ် သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုတွင် နေ့လည် ၂နာရီ နောက်ဆုံးသိရသည့် အတွင်းသတင်းအရ ရဲတပ်သား၇ဦးခန့်ကျဆုံးခဲ့ပြီး အဆောက်အဦးနှင့် စာရွက်စာတမ်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
"လက်နက်ကြီးတွေတအားသုံးတော့ ကုန်ကျစရိတ်အတော်များတယ်။ အခုတော့ ခဲယမ်းကျည် တွေလိုအပ်နေတယ် ကူညီပေးကြပါဦး"ဟု NRG ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းပြောဆိုထားသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်း ၂၈သည် ‌နီးစပ်ရာရွာများကို စစ်ကြောင်းထိုးခြင်း၊ ပုသိမ်-မုံရွာလမ်းတစ်လျှောက် ဆက်ကြေးကောက်ခံခြင်း၊ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီကို စောင့်ကြပ်ပေးနေခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။
****************************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်