စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံး

ယနေ့ (၂၀၂၃၊ ဇန်နဝါရီ ၆)ရက်နေ့ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ ထောင်ဝန်ထမ်းများ စကားများရန်ဖြစ်တာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ (၈)ဦးရှိသည့်အပြင်၊ အကျဉ်းသား (၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ဒဏ်ရာရရှိထားတဲ့အကျဉ်းသားတွေကိုလည်း အခုချိန်ထိ လက်ပြန်ကြိုးတုပ်ပြီး စစ်ဆေးမေးမြန်းနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်မှ အကျဉ်းသားတွေအပေါ် လူမဆန်စွာပြုမူနေမှုများအား ကျွန်တော်တို့အားလုံး လက်ပိုက်ကြည့်နေလို့မဖြစ်ပါဘူး၊ အသံတွေကျယ်ကျယ်လောင်လောင်ထွက်ပေးကြဖို့လိုပါတယ်။


ANTS - ပုရွက်ဆိတ်များ

Edit text & Shared _ #အေအန်န်အမ်မ်တီ




Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဗိုလ်ချုပ်အောင်သန်းထွဋ် လက်ရှိကြံ့ဖွတ်အမတ် သမီး နဲ့သမက်ကUS Citizen