ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ


KNA| May 15,2023./နွေဦးဝေ

မနေ့က ကျင်းပပြီးစီးသွားတဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အသက်၄၂နှစ် ဟားဗတ်ကျောင်းဆင်း ပီတာလင်ဂျာရိုရန်ရတ် ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ ၅၀၀မှာ လောလောဆယ် ၁၅၂ နေရာအထိ အနိုင်ရရှိ‌ထားပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေတုံတန်ရှင်နာ၀ပ်ရဲ့ ဖွေထိုင်းပါတီက လက်ရှိ ၁၄၈ နေရာနဲ့ ဒုတိယ၊ စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်က အမတ်နေရာ ၄၀ နဲ့ အဆင့် ၄ နေရာ အသီးသီး ရပ်တည်နေပါတယ်။

ထိုင်းနိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်တဲ့ ဖွေထိုင်းပါတီနဲ့ Move For ward ရှေ့သို့ချီ ပါတီတို့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ရမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရို ရန်ရတ်က ပြောပါတယ်။  

လက်ရှိအခြေအနေအရ သူတို့နှစ်ပါတီပေါင်းပြီး ညွှန့်‌ပေါင်းအစိုးရ ဖွဲ့ဖို့‌ဖြစ်လာပေမယ့် ၊ဝန်ကြီးချုပ်နေရာရဖို့ အတွက်ကတော့ အောက်လွှတ်တော်အမတ် ၅၀၀အပြင်၊ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ကလဲ မဲပေးရမှာဖြစ်ပါတယ်

ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်က အမတ်တွေရဲ့ မဲထည့်မတွက်ဘဲ ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းနိုင်ဖို့ အောက်လွှတ်တော် မဲ အနည်းဆုံး ၃၇၆မဲရဖို့ လိုအပ်ပါတယ်။ 

တနင်္ဂနွေနေ့ ကကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ်ဦးဆောင်တဲ့  စစ်ခေါင်းဆောင်တွေက ဖွေထိုင်းပါတီအစိုးရကိုဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း  ဒုတိယမြောက် ရွေးကောက်ပွဲဖြစ်ပါတယ်။ 

၂၀၁၉ခုနှစ် ရွေးကောက်ပွဲလိုပဲ အခုရွေးကောက်ပွဲဟာ ဖွေထိုင်းပါတီဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေအုပ်စုနဲ့ စစ်တပ်ကိုထောက်ခံတဲ့ ပါတီတွေအကြား တကျော့ပြန်အားပြိုင်ကြတဲ့ ‌ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်။ ဖွေထိုင်းပါတီက ၂၀၁၉ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၃၆နေရာအနိုင်ရခဲ့ပေမယ့်၊ အစိုးရဖွဲ့ဖို့ ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ရဲ့ ညွှန့်ပေါင်းအဖွဲ့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ 

ဒီရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီက သူတို့ပါတီ ဦးဆောင်ပြီးအစိုးရဖွဲ့နိုင်ဖို့ အမတ်နေရာ ၃၁၀ အပြတ်အသတ်အနိုင်ရဖို့ ရည်ရွယ်ထားပေမယ့် အခုရလဒ်အရ Move Forwardပါတီနဲ့  တခြားအတိုက်အခံပါတီတွေနဲ့ပေါင်းပြီး  ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခြေအနေကိုပဲ ရွေးချယ်ရတော့မှာပါ။

Ref: Burma VJ

#Kawhmu_NewsAgency

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်