ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ

တာမွေတွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ ၊ အလုံမြို့နယ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ မတ် ၂၈ ခေတ်သစ်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ် ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသ ပြည် သူများနှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်  ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်​ရှေ့တွင် ယာဉ်များကို စစ်ဆေးပြီး ငွေကြေးတောင်းခံ နေသော ယာဉ်ထိန်းရဲအဖွဲ့ကို တာမွေ ခုံးကျော်တံတားပေါ်မှ ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ 

"ဗုံးပေါက်ပြီးတော့ အဲဒီနားမှာ ကားတွေကို လိုက်စစ်တာရှိတယ်။ ဗုံးသံကလည်း ကျယ်တယ်။ တံတားဘက်အခြမ်းတော့ ခဏလေး ပိတ်ဆို့ပြီး ရှင်းလင်းတာတွေ လုပ်တယ်။ ခဏကြာတော့ ပြန်ဖွင့်သွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 

ထို့ပြင် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အလုံလမ်းဘေး ရထား သံလမ်းတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ပိတ်ဆို့ပြီး ဗုံးဖောက် ခွဲခဲ့ ကြောင်း ၊ ယင်းဗုံးမှာမူ စစ်တပ်က ကင်းပုန်းချထားသည့် ရထားဘူတာနှင့် လမ်းဆုံနားတွင်တွေ့ရှိရ၍ စစ်တပ်၏ လုပ်ဇတ်ဟု ဒေသပြည်သူတချို့က ဆိုသည်။ 

"အခုနောက်ပိုင်း သတိထားမိတာ။ ရထားသံလမ်းကျော်လူကူးတံတား၊ ရထား လမ်း၊ လမ်းဆုံတွေနားမှာ ကင်းပုန်းတွေအများကြီးပဲ။ နေ့ရောညပါ ၂၄ နာရီရှိ တယ်။ အခု ဗုံးတွေ့တဲ့နားကလည်း ကင်းပုန်းတွေချထားတဲ့နေရာနဲ့ သိပ်မဝေးဘူး။ သူတို့ဟာသူတို့ ဗုံးတွေ့တယ်လုပ်ပြီး အများပြည်သူ ထိတ်လန့်ကြောက်အောင် အထင်လွဲအောင် လုပ်တယ်လို့ထင်ပါတယ်။ ဗုံးထောင်တယ်ဆိုတဲ့ နေရာကလည်း အများပြည်သူသွားလာနေတဲ့နေရာ ။ စစ်ရေးပစ်မှတ်မဟုတ်တော့ စစ်ခွေးတွေ ဆင်တဲ့ လုပ်ဇတ်ပဲ နေမှာပေါ့" ဟု အလုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။


Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်