လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြား
================
ဇန်နဝါရီ၁ 
မိုးကြိုးသတင်း

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ၁ရက်နေ့မှာ ပညာရေးဒုဝန်ကြီးက နှစ်သစ်ကူး သုံးသပ်ချက်မှာထည့်သွင်းဆိုပါတယ်။

"နှစ်ဟောင်းရဲ့ကောင်းမွန်တဲ့ကိစ္စတွေကိုပြောပါဆိုရင်တော့ နှစ်သစ်နဲ့ အနီးစပ်ဆုံးကိစ္စဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022) ကို စပြောရမှာ ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်မှာ စစ်ကောင်စီက မလိုက်နာရင်ဘာလုပ်မယ်ဆိုတဲ့ အရေးယူတဲ့ အမိန့်အာဏာ မပါသေးပေမယ့် ဒီဆုံးဖြတ်ချက်က လိုက်ကိုလိုက်နာရမယ့် ဆုံးဖြတ်ချက်ဖြစ် ပါ တယ်။ကုလသမဂ္ဂအထွေအထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က မလိုက်နာလည်း အာဏာရှင်တွေ အတွက် ဘာမှမဖြစ်ဘူးဆိုတဲ့သဘောရှိတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကတော့ မလိုက်နာ လို့မရပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ချည်နှောင် မှုရှိပါတယ်။ မလိုက်နာရင် အရေးယူဆောင်ရွက်မယ့်အပိုင်းတွေဆက်လာမှာ ဖြစ်တယ်"လို့ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022)မှာ နိုင်ငံနဲ့အဝန်းမှာရှိတဲ့ အကြမ်းဖျက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ တင်းမာမှုတွေကို လျော့ချဖို့အပါအဝင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ချင်း လွတ်ပေးဖို့စတဲ့အချက်များပါဝင်ပါတယ်။



Comments

အကြမ်းဖက်မှုတွေလျှော့ချဖို့ ဆိုတာ pdf ကိုပြောရမှာ...ဒါလေးတောင် နားမလည်ပဲ ဘယ်လိုလုပ်ပြီး ကုလသမ္မဂ မှာတာဝန်ရှိသူတွေဖြစ်နေကြလဲမသိ
Anonymous said…
ဝအောင် ဘောငုံထား

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်