ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွား

နိုင်ငံတကာအရေးအခင်းတွေဟာ အပေါ်ယံမြင်ရတာထက် နက်နဲပေမယ့် တကယ်တမ်းမှာ ယူကရိန်းလူငယ် သမ္မတဟာ အယုံလွယ်ခဲ့တယ်ထင်မိတယ်။ 

ဘိုင်ဒင်အစိုးရဟာ ယူကရိန်းကို ကူညီပါတယ်။ ဒါပေမယ့် သူ့ကူညီမှုဟာ ယူကရိန်းလိုအပ်နေတဲ့အရာ မဟုတ်ဘဲ သူက ရုရှားကို ကမ္ဘာ့ပါဝါ အဆင့်တခုကနေ လျှော့ချဖို့ လုပ်တာနဲ့တူနေတယ်။ ရုရှားဟာ ယူကရိန်းကို ဝင်တိုက်တဲ့ အတွက် နိုင်ငံတကာ စာမျက်နှာမှာ သိုးမဲဘဝရောက်သွားပါတယ်​။ 

ဒီစစ်ပွဲဟာ တချိန်က ကိုးရီးယားစစ်ပွဲမှာ တရုတ်ဝင်စွက်ဖက်ခဲ့တာနဲ့ ဆင်တူနေပါတယ်။ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲမှာ တရုတ်က ဝင်တိုက်ပြီး ပထမ အဆင့်တွေမှာ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ထောက်ပို့ ပြဿနာတွေကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ် ။

အခု ပြဿနာက ယူကရိန်းကို ဝင်တိုက်တဲ့ အတွက်ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွားစေပြီး ရုရှားအနေနဲ့ ရေရှည်မှာ အထိနာနိုင်တဲ့ အခြေအနေပါ။ ယူကရိန်းကတော့ ကြေမွပျက်စီးသွားနိုင်တယ်။ ယူကရိန်း သမ္မတက အခု Neutrality ကို ထုတ်ပြောလာတဲ့ အတွက် အရှေ့ဥရောပနိုင်ငံတွေမှာ အမေရိကန်နဲ့ အနောက်ဥရောပ ပါဝါတွေအပေါ် ယုံစားရမှုဟာ ကျဆင်းလာမလားတွေးမိတယ်။ 

NATO နဲ့ အမေရိကန်ရဲ့ အရွေ့ဟာ အာဆီယံအပေါ် သက်ရောက်မှုကြီးနိုင်ပါတယ်။ အဓိက မေးခွန်းက တကယ်တမ်း ပြဿနာတက်လာတဲ့အခါ အနောက် ကမ္ဘာရဲ့ တိတ်ဆိတ်မှုဟာ ကိုးစားနိုင်ပါ့မလားဆိုတဲ့ သံသယကို ဖြစ်စေတာပါ။

စစ်ပွဲက အခုမှအစဆိုတော့ ပြောဖို့ စောပါသေးတယ်​။ ဘိုင်ဒင်လိုချင်တာက ရုရှားရဲ့ စီးပွားရေးခန်းခြောက်ပြီး ကမ္ဘာ့ပါဝါ အဆင့်က လျော့ကျဖို့ဆိုရင် သူဆင်တဲ့ ခွင်က ရုရှားအတွက် အန္တရာယ်များတယ်လို့ ပြောရမယ့်အနေအထားပါ။

ဒါပေမယ့် Western Power တွေဟာ တကယ့်အခြေအနေမှာ ကိုးစားရပါ့မလားဆိုတဲ့ မေးခွန်းဟာ ပစိဖိတ်ဒေသတိုင်းပြည်တွေမှာ ဖြစ်လာနိုင်ပါတယ်။

#Photo_Crd


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်