တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရ

မှော်ဘီလေတပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် စစ်ဆေးခံနေရ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် အစစ်ဆေးခံနေရကြောင်း  တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။ 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က  မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟုဆိုသည်။ 

လက်ရှိတွင် မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် မသင်္ကာသော လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share  သူ လေတပ် မိသားစု များ ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"လေတပ်ထဲဗုံးခွဲခံရတဲ့ Case မှာ တပ်ထဲက မသင်္ကာတဲ့သူတွေ အကုန်ဆွဲစိ ခံရတယ် ။ NUG ကို Like နဲ့ Share လုပ်မိထားတဲ့ ဗိုလ်ကြီး တွေပါ အစိခံရတာ။ ရေကြည်အိုင်ကို ခေါ်သွားခံရတယ်။ အထဲမှာ အချင်းချင်းပြန်ချပြီး ဒီကောင် တွေ တိုင်တွေ ပတ်ကုန်နေကြတယ်" ဟု တပ်သတင်းရင်းမြစ်က ပြောသည်။  

ဓာတ်ပုံ- လေတပ်အခမ်းအနားတစ်ခုကို တက်ရောက်လာသည့် မင်းအောင်လှိုင်နှင့်လေတပ်အရာရှိတချို့။ 

Photo- Myanmar Air force 

​ေ

ခေတ်သစ်မီဒီယာ

Photo- Myanmar Air force

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ