ပူတင်နဲ့ ရုရှားခရိုနီခေတ်ပျက်သူဌေးတွေ ခေါင်းချင်းဆိုင်


Burma News Network.

၂၄ ဖေဖေါ်ဝါရီ ၂၀၂၂။


အနောက်နိုင်ငံတွေရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေအပေါ် တုန့်ပြန်ဖို့ ရုရှားသမ္မတပူတင်နဲ့ ရုရှားဘီလျံနာတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။


ဆွေးနွေးပွဲအပြည့်အစုံကို ထုတ်လွှင့်ပြသခြင်းမရှိပေမယ့် ရုရှားမီဒီယာတွေဖေါ်ပြချက်အရဆိုရင် အခု ပိတ်ဆို့မှုတွေဟာ ၂၀၁၄ ခုနှစ် ခရိုင်မီးယားက်ို သိမ်းပိုက်ပြီးချိန်က ပိတ်ဆို့မှုတွေလိုမဟုတ်ပဲ ရုရှားရဲ့ စီးပွါးရေးလည်ပတ်မှုတွေကို အကြီးအကျယ်ထိခိုက်နိုင်တာမို့ သယ်ယူပို့ဆောင်ရေး နည်းပညာ ဘဏ်လုပ်ငန်း ပို့ကုန် သွင်းကုန်တွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမြန်ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားဘီလျံနာတွေက တင်ပြခဲ့တယ်ဆိုပါတယ်။ 


လက်ရှိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပိတ်ဆို့မှုအရ ရုရှားမှာ စစ်လေယာဉ်၊ သင်္ဘော၊ ကွန်ပြုတာနဲ့ဆက်စပ်တဲ့အရာအားလုံးကို ပြန်လည်ပြုပြင်ထိမ်းသိမ်းရေးလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုပါတယ်။ သွင်းကုန် ပို့ကုန်လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ဖို့လည်း အကျပ်အတည်းရှိသွားပြီလို့ ရုရှား စီးပွါးရေးသတင်းတွေက ထောက်ပြပါတယ်။ ဒေါ်လာ ယူရို စတာလင်ပေါင် ဂျပန်ယန်း ငွေတွေနဲ့ ဘဏ်တွေကတဆင့် ငွေကြေးလှဲလှယ်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုပါတယ်။ 


ရုရှားက ဖန်တီးအသိအမှတ်ပြုထားတဲ့ နိုင်ငံအသစ်တွေကို လောလောဆယ် ဆီးရီးယားကပဲ တရားဝင်ထောက်ခံထားတာမို့ တရုတ်အပါအဝင် ရုရှားမဟာမိတ်နိုင်ငံတွေက လိုက်ပါအသိအမှတ်ပြုဖို့ အရင်ဆောင်ရွက်သင့်ကြောင်း ဘီလျံနာတချို့က တင်ပြခဲ့တယ်လို့လည်း မော်စကိုအခြေစိုက်သတင်းတချို့က ဖေါ်ပြပါတယ်။

Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော