ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ကို လက်နက်တွေဝေ

ယူကရိန်းစစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ပြည်သူတွေကို လက်နက်တွေဝေ 


မြို့တော်ဆီကို ရောက်လာနေတဲ့ ရုရှားတပ်ကိုကာကွယ်ဖို့အတွက် ယူကရိန်း စစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ထဲကို ဝင်နေပြီလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါ တယ်။ 


မြို့တော်ဝန် ဗစ်တာလီ ကလစ်ကလည်း အစောပိုင်းမှာ "မြို့အနေနဲ့ ခုခံရေးစစ်နွှဲပြီ" လို့ ပြောခဲ့ပါတယ်။ 


ယူကရိန်းအာဏာပိုင်တွေက ပြည်သူတွေကို မိုလိုတော့ဗ် ဓာတ်ဆီဗုံးတွေလုပ်ထားဖို့၊ လက်နက်ကိုင်ကြဖို့ တွေအပါအဝင် ရုရှားတပ်တွေကို ခုခံဖို့ လုပ်နိုင်တာ အားလုံးကို လုပ်ပါလို့ နှိုးဆော်ထားပါတယ်။ 


ကိယက်ဗ်က အရန်တပ်ဖွဲ့ဝင် ပြည်သူတွေအတွက် မောင်းပြန် သေနတ်ပေါင်း အလက် ၁၈,၀၀၀ ကို အစိုးရက ထုတ်ပေးထားပါတယ်။ 


မိုလိုတော့ဗ် ဓာတ်ဆီဗုံး လုပ်နည်း အဆင့်ဆင့် ဖော်ပြထားတဲ့ စာကိုလည်း 

ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့လူမှုမီဒီယာမှာ ပို့စ် တင်ထားပါတယ်။ 


ပုံ - မူရင်း - AFP via Getty Images


https://www.bbc.com/burmese/world

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်