စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို မီးရှို့သတ်ပစ်ခဲ့

{ English Below } 

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွား ပြီး မီးရှို့သတ်ပစ်ခဲ့


25 Feb 2022 By MPA


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖေဖော်ဝါရီ လ(၂၃)က်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သွားပြီး ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် တဲနှင့်အတူ မီးရှို့သတ်ထားခဲ့ကြောင်းသိရသည်။


စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တဲနှင့်အတူ မီးရှို့ထားခဲ့သည့် သားအမိ(၃)ယောက် မှာ ကလေးမြို့နယ်၊ ချောင်းခွရွာမှ နူးလျန်(ခ) ဒေါ်ခိုင်ခိုင်ထွေး၊ အသက် (၄၀)နှစ်ခန့် ၊ အသက် (၁၅)နှစ်၊(၁၆)နှစ်အရွယ်ခန့် သမီး မငွန်ဇထျန်း (Ngun Za Thian)နှင့်မထန်းနွန်ကျွဲ (Thian Nun Cawi)တို့ဖြစ်သည်။


`` အမျိုးသမီးတွေကိုပဲ ရွေးပြီးဖမ်းခေါ်သွားကတည်း က စိတ်ပူနေခဲ့ကြတာ။ မပြောရက်လို့သာ။ သူတို့ကို အဓမ္မစော်ကားပြီး ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တာ ပဲဖြစ်မယ်။ ယုတ်မာလိုက်ကြတာ ´´ဟု ချောင်းခွရွာသူ တစ်ဦးက ပြောသည်။


ဖေဖော်ဝါရီ(၂၄)ရက်နေ့၊ နံနက်(၁၁)နာရီခွဲ ခန့်တွင် PDF များ၏ အကူအညီဖြင့် နူးလျန် သား အမိ(၃)ယောက်၏ မီးရှို့ခံထားရသော ရုပ်ကြွင်း အရိုးများကို သွားကောက်ခဲ့ကြကြောင်း၊ မီးရှို့ထားခဲ့ သည့်နေရာမှာ သံဖိုရွာနှင့်ခွေကျိန်ရွာကြား နေရာ တွင်ဖြစ်ကြောင်း သိရသည်။


 ၂၄ရက်နေ့ညနေပိုင်းတွင်  ခရစ္စယာန်ထုံးတမ်းနှင့်အညီ သင်္ဂြုလ်ခဲ့ပြီး မီးရှို့သတ်ခံရသည့် နူးလျန်မိသားစုတွင် ယောက်ျားဖြစ်သူနှင့် ကလေးအရွယ် သားငယ်နှစ် ယောက်ကျန်ရစ်ခဲ့ကြောင်းသိရသည်။ 


#MPA #Myanmar #inseinprison #HumanRightsViolations


{ English Version } 


SAC Military Abducted 3 IDP Women and Set them on Fire 


The SAC troops abducted 3 IDP women (a mother and her two daughters) on February 23 and they burnt them to death along with their tent on the 24th of February. 


The women who were killed in fire by the SAC military along with their tent were from Kalay township’s Chaunggwa village: Nu Lian (@) Daw Khaing Khaing Htwe who was about 40 years old, her 15-year-old daughter Ma Ngun Za Thian and her 16-year-old daughter Ma Thian Nun Cawi. 


“We were worried since they picked and abducted only women. We just couldn’t say anything. They were raped and cruelly set on fire. How evil of them”, said a woman Chaunggwa villager. 


On the morning of February 24 around 11am, the bone remnants of the burnt mother and daughters were collected with the help of PDF. They were burnt down in a place between Than Pho and Khwe Kyein villages. 


On the evening of the 24, they were buried in accordance with the Christian custom. The Nu Lian family who were killed in fire left behind the husband with two young sons.

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ