ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် အဖွဲ့ နေပြည်တော်ရောက်

ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် စစ်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်၊ အီရန် လေယာဉ်ဆိုက်ရောက်ပြီး ငွေစက္ကူကုန်ကြမ်း ပါဝင်လာဟုဆို၊ ရုရှား IL 76 ကုန်တင်လေယာဉ် နေပြည်တော် လာရန်ရှိ


ရန်ကုန်၊ မတ် ၃ 

ခေတ်သစ်

ရုရှားနိုင်ငံ၏ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ်နိုင်ငံမှ စစ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော်တွင် ရောက်ရှိနေပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိလာခြင်းဖြစ်‌ပြီး  စစ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၅ ဦးပါဝင်ကြောင်း ၊ ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ 


အလားတူ အီရန်နိုင်ငံ မက်ရှ်ဟတ်လေဆိပ်မှ ထွက်ခွာလာသည့် Qeshm Fars လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ နေပြည်တော် လေဆိပ်ရောက်ရှိကာ ကုန်သေတ္တာများချထားပေးကြောင်း၊ ယင်းကုန်သေတ္တာများတွင် ငွေစက္ကူရိုက်နှိပ်နိုင်သော စက္ကူများ၊ လက်နက်ခဲယမ်းများ ပါဝင်ဖွယ်ရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ 


အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း ရုရှားနိုင်ငံမှ  Il 76 ကုန်တင်လေယာဥ်တစ်စီး ဆိုက်ရောက်ရန်ရှိပြီး မတ်လ ၆ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- နေပြည်တော်လေဆိပ်။



Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း