စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

■ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်း KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ခုနစ်ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား နှစ်သိန်းကျော်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။


Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်