မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း


ဂျာကာတာ၊ဖေဖော်ဝါရီ ၄

အာဆီယံဝန်ကြီးများအစည်းအဝေး၌ အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံးစည်းလုံးမှုရှိကြောင်းပြသသင့်သည်ဟု အင်ဒိုထိပ်တန်းသံတမန်ကပြောကြားခဲ့သည်။အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီက အာဆီယံအဖွဲ့၏ ကျယ်ပြန့်သောပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေအစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံဥက္ကဌအတွက် အရေးပါသောလမ်းညွှန်မှုတစ်ရပ်အဖြစ်ရှိနေမည်ဖြစ်ကာ ၎င်းသည်အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုသည်ဟုမစ္စမာဆူဒီကပြောကြားခဲ့သည်။

အစည်းအဝေး၌ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအဖွဲ့တွင် အရှေ့တီမောပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အရှေ့တီမောသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့စေလွှတ်ခဲ့သည်။အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောအား အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူဝါဒအရအသိအမှတ်ပြုကာ လေ့လာသူအဆင့်ကိုပေးအပ်ရန် နို၀င်ဘာလကသဘောတူခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများကို ကျင့်ဝတ်နှင့်အညီ တတ်နိုင်သမျှမြန်မြန်ဖြေရှင်းကြရန်လည်း ဝန်ကြီးများအစည်းအဝေး၌ ထပ်မံအတည်ပြုခဲ့ကြသည်ဟုသိရှိရသည်။

Source : Nikkei Asia

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်