လှိုင်မြို့နယ်မှာ ရုပ်ရှင်ဆန်စွာ ရာအိမ်မှူးကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ရာ ဦးခေါင်းထိသွား


မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်မှ ရာအိမ်မှူး ကို ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၆ နာရီဝန်းကျင်က ဘုရင့်နောင် (၁၀) လမ်းနဲ့ ဖြတ်လမ်းထောင့်မှာ ရုပ်ရှင်ဆန်စွာ ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားရာ ဦးခေါင်း ထိသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

"သူ့ထမင်းကြော်ဆိုင်ဖွင့်ဖို့ ဆိုက်ကားသမား အလာမှာ ပစ်ခံရတာ။ သူကတော့ ခေါင်းထိသွားတော့ သေဖို့များတယ်။ ဆိုက်ကား ဆရာကတော့ ဗိုက်ကို ထိသွားတယ်။ သေမသေတော့ မသိရသေးဘူး။ ဆေးရုံကားနဲ့တော့ သယ်သွားတာ တွေ့တယ်။ ဘာလို့ ပစ်သွားတာလဲ ဆိုတာတော့ မသိဘူး" လို့ သူကပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူ ရာအိမ်မှူးမှာ မင်းဇော် ဆိုသူဖြစ်ပြီး ဆိုက်ကားမောင်းနှင်သူဟာ ရန်နိုင်စိုး ဖြစ်ကာ စစ်ကောင်စီက သူတို့ ၂ ဦးကို ဆေးရုံကားနဲ့ သယ်ဆောင်သွားပြီး ပစ်ခတ်ခဲ့တဲ့ ကားကို လိုက်လံ ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းက လှိုင်မြို့နယ် (၁) ရပ်ကွက်မှာလည်း ပျူစောထီး ဆိုသူ လူအေး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး စစ်ကောင်စီက လမ်းအတွင်း နေထိုင်တဲ့ အမျိုးသား ၂၀ ဦးထက်မနည်း အချုပ်ကားနဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းကို ပြောပါတယ်။

Photo - ပုံဟောင်း


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်