အမေရိကန်နိုင်ငံအတွင်းကို တရုတ်နိုင်ငံ စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ပျံသန်း

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃ 

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က တရုတ်နိုင်ငံရဲ့ စပိုင် မိုးပျံပူဖောင်းများဟာ အမေရိကန်နိုင်ငံအတွင်း ပျံသန်း ဝင်ရောက်ခဲ့ပေမယ့် စစ်ဘက်တပ်မှူးများက မိုးပျံပူဖောင်းများကို ပစ်ချခြင်းမလုပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။ 

အမေရိကန်စစ်ဌာနချုပ်ရဲ့ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါက "NORADအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ စပိုင် မိုးပျံပူဖောင်းတွေကို ခြေရာခံမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ အဲဒီမိုးပျံ ပူဖောင်းတွေဟာ လက်ရှိအချိန်မှာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ပျံသန်းတဲ့ အမြင်ပေအထက်မှာ ပျံသန်း နေခဲ့တယ်။ မိုးပျံပူဖောင်းတွေဟာ လက်ရှိအချိန်မှာ မြေပြင်ပေါ်မှာ ရှိနေတဲ့သူတွေကို ခြိမ်းခြောက်တာ၊ စစ်ရေး နည်းလမ်းအရ ဆောင်ရွက်တာမျိုးတွေ မရှိသေးဘူး" လို့ပြောပါတယ်။ 

၎င်းက တရုတ်နိုင်ငံရဲ့မိုးပျံပူဖောင်းတွေ ပျံသန်းမှုဟာ ပထမအကြိမ်မဟုတ်ကြောင်း၊ အရင်တုန်းကလည်း အမေရိကန်နိုင်ငံအတွင်း ပျံသန်းမှုတွေ ရှိခဲ့ဖူးကြောင်း၊ ဒါပေမယ့် အမေရိကန်အစိုးရဟာ အရေးကြီးတဲ့ သတင်းအချက်လက်တွေကို တရုတ်နိုင်ငံရဲ့စပိုင်မိုးပျံပူဖောင်း မရအောင်ကာကွယ်မှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ရ ကြောင်း ပြောပါတယ်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင် နဲ့ အမေရိကန်စစ်ဘက်အကြီးအကဲတွေဟာ တရုတ်မိုးပျံ ပူဖောင်းတွေကို ပစ်ချတာခြင်းမလုပ်ဖို့ ပြောဆိုထားကြောင်း၊ အဲဒီပူဖောင်းတွေကို ပစ်ချလိုက်မယ်ဆိုရင် မိုးပျံ ပူဖောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေက မြေပြင်ပေါ်ရှိ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ဘေးကင်းမှုတွေကို အန္တရာယ်ရှိ စေနိုင်တဲ့အတွက် ပစ်ချဖို့တားမြစ်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ဟာ ဒီမိုးပျံပူဖောင်းရဲ့ ထောက်လှမ်း ရရှိနိုင်မယ့်တန်ဖိုး၊ ပမာဏာအကန့်အသတ်ကို အကဲဖြတ်နေတယ်" လို့ ပြောပါတယ်။

မိုးပျံပူးဖောင်းတွေဟာ လက်ရှိအချိန်မှာ မွန်တာနာမြို့မှာ ပျံသန်းနေပြီး အဲဒီမြို့မှာ အမေရိကန်လေတပ်ရဲ့ အခြေစိုက်စခန်းက စီမံခန့်ခွဲနေတဲ့ Minuteman III အမျိုးအစားတိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်များရှိနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ တိုက်လေယာဉ်တွေကို မိုးပျံပူးဖောင်းနားကို ဖြန့်ကြတ်ချထားပြီး လေ့လာ သုံးသပ်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။


Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "