စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှု အောင်မြင်စေဖို့ အဓိက ကူညီထောက်ပံ့နေတဲ့ စစ်ခေါင်းဆောင်တွေထဲမှာ ပြည်သူကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကြောရေး ကိစ္စတွေကို ဦးဆောင်တဲ့သူ ၂ ဦးရှိပါတယ်။ 

အဲဒီသူ ၂ ဦးကတော့ စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် စရဖ ခေါင်းဆောင်   ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး(ဗကသ-၇၇) နဲ့  ဗိုလ်ချုပ်တိုးရီတို့ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးက ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ စစ်ကြောရေးတွေကို အဓိက ကိုင်တွယ်ရသူတွေဖြစ်ပါတယ်။ 

စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တဲ့  စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။ 

အရင်ဆုံးတော့ စစ်ရာဇဝတ်ကောင် တိုးရီ ဘယ်သူလဲ။ သူက ဘာကြောင့် ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါသလဲ။

တိုးရီဟာ ၁၉၈၂ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ကို ရူပဗေဒအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်။ 

အတန်းဖော်အားလုံးနီးပါး မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေချိန် မဟာတန်းဝင်ခွင့်မရတဲ့ တိုးရီဟာ ဗိုလ်လောင်းသင်တန်းလျှောက်ပြီး သင်တန်း တက်ရောက်ကာ OTS ဆင်း စစ်ဗိုလ်အရာရှိ ဖြစ်လာခဲ့ပါတယ်။  တိုးရီရဲ့ မိဘတွေက သာမန်အစိုးရဝန်ထမ်းတွေသာဖြစ်လို့ နေနိုင်စားနိုင်ရုံသာ ဖြစ်ပါတယ်။

တိုးရီ စစ်တပ်ထဲဝင်ကာစမှာ ရှေ့တန်းကို အကြိမ်ရေ အနည်းငယ်သာ ထွက်ခဲ့ရပြီး ဗိုလ်ကြီးဖြစ်လာချိန်မှာတော့ ကျောင်းနေဖက် ချစ်သူ ဝင်းဝင်းကြိုင်နဲ့ လက် ထပ်ခဲ့ပါတယ်။

တိုးရီလက်ထပ်လိုက်တဲ့ သူက တရုတ်နွယ်ဖွား ဖြစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်သူမို့ အရာရာကို လဘ်မြင်ပါတယ်။ လမ်းကြောင်း မြင်တတ်သူမို့ တပ်မ ၆၆ လက်အောက်ခံ အင်းမမြို့မှာ တာဝန်ထမ်းဆောင်ကတည်းက ရှေ့တန်းမထွက်ရဘဲ တပ်မမှုးရဲ့ PSO ကိုယ်ရေးအရာရှိအဖြစ် တိုးရီ နေခွင့်ရခဲ့ပါတယ်။ 

တိုးရီ မိန်းမ ဝင်းဝင်းကြိုင်က အကပ်ကောင်းသူ ပေါင်းသင်းတတ်သူဖြစ်တာမို့တိုးရီ အတွက် အတော့်ကို အဆင်ပြေစေခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်မှူး အဖြစ်ရာထူးတိုးပြီး မုတ္တမတပ်နယ်မှာ ဒုတိယတပ်ရင်းမှူးအဖြစ် တိုးရီတာဝန်ယူခဲ့ရပါတယ်။ စစ်မတိုက်ချင်၊ တပ်တွင်းစီမံခန့်ခွဲမှုတွေမှာလည်း သိပ်လည်း စိတ်မဝင်စားလှသူဆိုရင် တိုးရီကိုပဲ ပြရမှာပါ။ 

ယုံကြည်ချက်ကြောင့် စစ်တပ်ထဲဝင်တာမဟုတ်ဘဲ သူ စစ်တပ်ထဲဝင်ချိန်ဟာ ၁၉၈၈ခုနှစ် ရှစ်လေးလုံးလူထုလှုပ်ရှားမှုဖြစ်ပြီးကာစ အချိန် အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ အလုပ်မယ်မယ်ရရမရှိချိန် ကျောင်းဆက်တက်ဖို့အခွင့် အလမ်းလည်းမရှိ၊ မိဘကလည်း အစိုးရဝန်ထမ်းမို့ မိသားစုမှာ လူပိုဖြစ်နေတာတွေကြောင့်ပါ။ 

အနေအစားချောင်ဖို့ စစ်တပ်ထဲ ဝင်ခဲ့တာမို့ တပ်ထဲမှာလည်း အနေအစားချောင်ဖို့ကိုပဲ သူနဲ့ သူ့မိန်းမက ကြိုးပမ်းအားထုတ်နေခဲ့တာဖြစ်ပါတယ်။ 
ကလောစစ်ဦးစီးတက္ကသိုလ်မှာ စစ်ဦးစီးအရာရှိသင်တန်းတက်ခဲ့ပါတယ်။ ရှေ့ တန်းမထွက်ရအောင် ရှောင်တာရယ် ရာထူးရဖို့အတွက်ပဲ ကြိုးပမ်းရင်း  န၀တ၊ နအဖ ဒုခေါင်းဆောင် ဒုချူပ်မောင်အေးရဲ့ ကိုယ်ရေးအရာရှိတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ရာထူး ရလာတဲ့အထိ တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပါးသူပါ။ ရာထူး ကြီးသူကို စိတ်ကျေနပ်အောင် ဖားယား လုပ်ကိုင်ပေးတတ်တဲ့ အရည် အချင်းကတော့တိုးရီမှာ အပြည့်ရှိနေပါတယ်။

တိုရီးဟာ စစ်ခေါင်းဆောင်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးတဲ့ ကိုယ်ရေးအရာရှိ အလုပ်တွေသာလုပ်ရင်း ဗိုလ်ချုပ်ဖြစ်လာသူဆိုရင် မမှားပါဘူး။ 
သူ့ရဲ့ စစ်မှုထမ်းသက် ၃၃ နှစ်မှာ အနှစ် ၃၀ ဟာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအရာရှိအဖြစ် မျက်နှာလိုမျက်နှာရ အလိုကျ လုပ်ခဲ့သူသာဖြစ်ပါတယ်။ 

မင်းအောင်လှိုင်က ဗိုလ်ချူပ်တိုးရီကို ၂၀၂၂ ခုနှစ် လွပ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး အဖြစ် ဇေယျကျော်ထင်ဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

ဒီလို ဗိုလ်ချုပ်ရာထူးနဲ့ ဘွဲ့ဂုဏ်ထူးရအောင် အဓိက နောက်ကွယ်က ပံ့ပိုးသူက တိုးရီရဲ့ မိန်းမ ဝင်းဝင်းကြိုင် ဖြစ်ပါတယ်။ 

ဗိုလ်မှူးဘ၀နဲ့ တိုးရီ တပ်ရင်းမှုးအဖြစ်  မုတ္တမတပ်ထဲ ပြောင်းရွှေ့ချိန်မှာ  ဝင်းဝင်းကြိုင်က လိုက်မသွားပါဘူး။ ရန်ကုန်စီးပွားရေးအလုပ်တွေ ဗန်းပြပြီး မိသား စုနဲ့ နေရင်း ငယ်ရည်းစားဖြစ်သူနဲ့ ဖောက်ပြန်ခဲ့ပါသေးတယ်။ "မိန်းမလည် သိန်းကြွယ်" ဆိုတာ တိုးရီရဲ့ မိန်းမ ဝင်းဝင်းကြိုင်လူမျိုးကို ပြောခဲ့တာလားလို့တောင် ထင်မှတ်စရာပါ။ 

သုဝဏ္ဏဈေး ဆိုင်ခန်းနှစ်ခန်းကို တိုးရီမိန်းမ ဝင်းဝင်းကြိုင်နဲ့ ငယ်ရည်းစားဖြစ်သူတို့က တစ်ယောက်တစ်ခန်း ဝယ်ခဲ့ကြပါတယ်။ ဆိုင်ခန်းချင်းက ကပ်ရပ်ဆိုတော့ နေ့စဉ်လည်း ချိန်းတွေ့ခဲ့ကြပြီး ပတ်ဝန်းကျင်ကပါ ဗိုလ်ကတော်နဲ့ နောက်မီးလင်း ဇတ်လမ်းကို သိခဲ့ကြပါတယ်။ ဒါပေမယ့် တပ်ပြောင်းရွှေ့ တာဝန်ယူနေရတဲ့ တိုးရီကတော့ သိသလား၊ သိရက်လျက်နဲ့ လွှတ်ထားခဲ့သလားဆိုတာကတော့ တိုးရီကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ 

ဘာခံယူချက်မှမရှိဘဲ အလုပ်မရှိအကိုင်မရှိ အနေအစားချောင်ဖို့ စစ်တပ်ဝင်ခဲ့သူ တိုးရီ၊ စီးပွားရေးအကွက်မြင်ပြီး ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ ဝင်းဝင်းကြိုင်တို့ဟာ ကြောင်ခံတွင်းပျက်နဲ့ ဇရက်‌တောင်ပံကျိုးဆိုသလိုပါပဲ လိုက်ဖက်မှုရှိပါတယ်။ 

အခုအချိန်မှာတော့ ကိုယ့်ရာထူးတိုးတက်တည်မြဲရေးနဲ့ စစ်ခေါင်းဆောင်တွေ စိတ်ကျေနပ်ဖို့သာ ဦးစားပေး လုပ်တတ်တဲ့ တိုးရီတစ်ယောက် စစ်ကြောရေးတွေမှာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါပြီ။ 

နောင်တစ်ချိန် စစ်ကြောရေးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေတဲ့အခါ တိုးရီဟာ ဘယ်လိုမှ ပြေးမလွတ်တဲ့ စစ်ရာဇဝတ်ကောင်အဖြစ် အရေးယူရမှာ အသေအချာပဲဖြစ်ပါတယ်။ 

( တိုးရီ၏ မိန်းမ ဝင်းဝင်းကြိုင် ဝယ်ယူခဲ့သော ရန်ကုန်သု၀ဏ္ဏစျေး ဆိုင်ခန်းမှာ ယခင်က အဖြစ်အပျက်ဖြစ်ပြီး ယခုလက်ရှိတွင် အဆိုပါ ဆိုင်ခန်းမှာ တိုးရီ၏ မိန်းမဝင်းဝင်းကြိုင် ပိုင်ဆိုင်ခြင်းမရှိတော့ဘဲ အဆင့်ဆင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။)

ဓာတ်ပုံ- တိုးရီ ၂၀၂၀ ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုနေစဉ်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️