အပြစ်မဲ့သူ တစ်ယောက်ကို ဒုက္ခပေးခဲ့တဲ့ဟန်ငြိမ်းဦး

ကျွန်တော် မြင်တာတော့ အိုင်ရင်းကို ဖြိုသလို ပန်ဆယ်လိုကို အပြီးဖြိုဖို့ ကြံတာပဲ။ ဒါပေမယ့် အိုင်ရင်းနဲ့ ပန်ဆယ်လို မတူတာက နောက်က ရပ်တည်ပေးတဲ့ ပရိသတ် အနေအထားပဲ။ အိုင်ရင်းက  အစောကြီး ကတည်းက ပြောတာဆိုတာတွေ ဘောင်သိပ် မဝင်တော့လို့ popularity က ထိုးကျနေတာ။ သူနဲ့ ပေါင်းနေတဲ့ တတိယ အုပ်စု လိုလို ဘာလိုလို သူတွေ ကလည်း တယောက်မှ လူထု ယုံကြည် လေးစား ခံရတဲ့သူ မရှိဘူး။ ဒီကြားထဲ ဟန်ငြိမ်းဦးက အောက်ဖဲတွေနဲ့ ဝင်ညှောင့်တဲ့ အချိန် သူ့ဘက်က ကင်းရှင်းကြောင်း ဘာမှ သက်သေ မပြနိုင်တော့ ဂွမ်းသွားတာ။

ပန်ဆယ်လို ဆိုင်ဖွင့်တော့လည်း အကွက်ရပြီဟ ဆိုပြီး စခတွေက လှော်တာပဲ။ ဒါပေမယ့် နဂိုကတည်းက သူ့ကြည့်မရတဲ့ သူတွေက လွဲရင် တခြားသူတွေက ပါမလာဘူးဗျ။ မပါဘူး ဆိုတာကလည်း အချက် နှစ်ချက် ရှိတယ်။ ဟိုက ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း ချပြပြီးမှ ရှင်းအောင် လုပ်တာ။ ပြီးတော့ သူ့ဘက်မှာ လူထု ယုံကြည် လေးစားတဲ့ မိတ်ဖက်တွေလည်း အများကြီး ရှိတယ်။ ဘယ်လိုမှ မထင်ရတဲ့ သူတွေ ကတောင် သူ့ကိုတော့ မကြိုက်ပေမယ့် ဒီလို စွပ်စွဲတာ မှားနေကြောင်း ဝင်ပြောကြတယ်။ အဲဒီတော့ စခတွေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။ ပန်ဆယ်လိုက မပြိုဘဲ အင်အား ပိုကောင်းအောင် လုပ်ပေး လိုက်သလို ဖြစ်သွားတယ်။

အဲဒီတော့ သူတို့လည်း ထုံးစံအတိုင်း လျှောက်ရမ်းတာပေါ့။ ပထမတော့ သူ့ဘက်က ကာပြောပေးတဲ့ သူတွေကို လက်လှမ်းမီ သလောက် လိုက်ဖမ်းသေးတယ်။ ဒါက သိပ်မလှုပ်တော့ နောက်ဆုံး အဲဒီနေ့က hot ဖြစ်နေတဲ့ ဇလုံကြီးကို ဆွဲစိလိုက်တာပဲ။ အဓိက နှပ်ကြောင်း ပေးတာက ပန်ဆယ်လို ပုံတင်လိုက်လို့ ဖမ်းခံရတယ်လို့ ပြောကြစေချင်တာ။ နည်းမှန် လမ်းမှန် စဉ်းစားရင် ဒီပစ္စည်းတွေက ပိုင်ရှင် ကိုယ်တိုင် ရောင်းမှ အမေရိကန် ရောက်တာ မဟုတ်ဘူး။ ကြားထဲမှာ ဘယ်နည်းနဲ့မဆို အဆင့်ဆင့် ရောက်နိုင်တာပဲ။ ဒါဆို ဘာလို့ ဖမ်းတာလဲ ဆိုရင် ပန်ဆယ်လိုကို လူတွေ အပြစ် တင်စေချင်လို့ တမင်ကို ဖမ်းတာ။ 

တကယ်က သူ့ဆိုင်မှာ တင်ထားတဲ့ ပစ္စည်း အမျိုးအစားက ရာချီတယ်။ အကုန်လည်း မဖမ်းနိုင်ဘူး။ အဲ့တော့ လူတွေ အပြော အများဆုံး တစ်ယောက်ကို နမူနာ ဖမ်းပြလိုက်တာ။ ဇလုံကြီး ပိုင်ရှင် ကတော့ အာချောင်တဲ့ သူတွေကြောင့် နေရင်း ထိုင်ရင်း အကုသိုလ် ဝင်တာပဲ။ အဲဒီနေ့က သူ့ကိုသာ BC ဆိုပြီး ဟုတ်လည်း မဟုတ်ဘဲနဲ့ ဝိုင်းအာမချောင်ရင် ခွေးတွေရဲ့ ပစ်မှတ် ဖြစ်ချင်မှ ဖြစ်ခဲ့မှာ။ ပြောရရင် စစ်ကောင်စီက ဒီတစ်ခေါက် mission failed ဖြစ်ခဲ့တယ်။ သူတို့ ဖြိုချင်တဲ့ ပစ်မှတ် မပြိုခဲ့ဘူး။ ဒါပေမယ့် ငါးမရ ရေချိုးပြန်တဲ့ သဘောနဲ့ တော်လှန်ရေး အင်အားစုတွေ သွေးကွဲလည်း အမြတ်ပဲ ဆိုပြီးတော့ အပြစ်မဲ့သူ တစ်ယောက်ကို ဒုက္ခပေးခဲ့တာ။

Zin Thaw Naing


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော