Posts

Showing posts with the label မှတ်သားစရာ

တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

Image
By Dominic Rushe, Nick Mathiason and Diarmid O'Sullivan     ဘာသာပြန်-ခေတ်သစ်မီဒီယာ   ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးရင်း အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေအဖြစ် ကျားကန်ပေးနေတယ်ဆိုတာကို ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အသိပေးထားပါတယ်။ ယခုအချိန်အထိ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် က‌လေးသူငယ်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၂,၉၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေစဥ်မှာပဲ အခုလို စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

Image
ဩစီရောက် ၈၈မျိူးဆက် ကိုမောင်မောင်သန်းနှင့် အဖွဲ့က ရဲများကဆွဲခေါ်ဖယ်ရှားသည့်ကြားမှပင် မြန်မာပြည်တွင်ပြည်သူကိုဖမ်းဆီး သတ်ဖြတ် နေသည့်စစ်မိစ္ဆာ၏ကိုယ်စားပြုစစ်သံရုံးတံခါးရှေ့ တွင်သံကြိုးဖြင့်ခတ်ပြီးလူဝိတ်ဖြင့်ပိတ်ဆို့ထားသဖြင့် စစ်ခွေးများဝင်မရ၍ ရဲခေါ်သဖြင့် ကိုမောင်မောင်သန်း တို့အားဖယ်ရှားနိုင်သော်လဲ ခတ်ထားသောသံကြိုး အားဖြတ်တောက်မရ၍ ဖမ်းဆီးခြင်းမခံခဲ့ရပါ ဓါတ်ပုံ ( ကိုမောင်မောင်သန်း ) မီဒီယာများဆင်ဆာပြုလုပ်ရန်မလိုပဲလွတ်လပ်စွာအသုံးပြု နိုင်ပါသည်၊)

​ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

Image
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။ ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့်  အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။ အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

Image
… ‘ကလင် … ကလင် … ကလင် ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’ ‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။ အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။ အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။ ‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအ

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ

Image
​ Saturday, September 6, 2014 လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊ ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ််ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံးတွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်းရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး သဖြင့် မကျေနပ်သူတစ်ဥိိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်းတီတိုးပြောနေကြသည်။ သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီးမောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်