ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ”


“၁၆/၁၂ ဥရောပသမဂ္ဂပြည်ပရေးရာဌာနအတွင်းရေးမှူးချုပ် စတယ်ဖန်နို ဆန်နီနိုဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဥရောပသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့အရေး အနာဂတ်အစီအစဥ်တွေနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင်ရဲ့တင်ပြချက်ကို နားထောင်ခဲ့သလို ပြီးခဲ့တဲ့ရက်က ကျင်းပပြီးစီးသွားတဲ့ အီးယူ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအကြောင်းအရာတွေကို ပြန်လည်ရှင်းပြခဲ့ကြောင်း စတယ်ဖန်နိုက ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် အီးဂေါ် ဒရိုက်စ်မန်းစ်လည်းတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့ကပဲ အီးယူအာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပပြီးစီးခဲ့တာဖြစ်ပြီး အာဏာသိမ်းစကစကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။ BNN

 European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး 

Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေး အစိုးရ - နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၊ 


၁၆၊ ဒီဇင်ဘာ  ၂၀၂၂ - ဘရပ်ဆဲလ် 


===========================


ဥရောပသမဂ္ဂ - ( နိုင်ငံခြားရေးရာ ဌာန ) အထွေထွေအတွင်းရေးမှုး ) ဖြစ်သူ Mr. Stefano Sannino နှင့်အမျိုးသားညီညွတ်ရေးအစိုးရ  နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် ယနေ့ဘယ်လ်ဂျီယံ နိုင်ငံ  ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး (၄၅နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကြေညာချက်တွင် မြန်မာ့အရေး ကို မပျက်မကွက်ထည့်သွင်း ဖေါ်ပြ ခဲ့သည့်အတွက်ကျေးဇူး တင်ကြောင်း  ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက်  ဆွေးနွေးဖက်နိုင်ငံများ  အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့ သို့ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေ သွားရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်းတို့၏ ဆက်စပ်မိသားစုဝင်များအား စီးပွါးရေးပိတ်ဆို့ အရေးယူမှု အပါအဝင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေ များအတွင်းမှ ဆက်လက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ တွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ 


အဆိုပါတွေ့ ဆုံ ဆွေးနွေးပွဲ သို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး  မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmans နှင့် အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြားရေး မှုး အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

(ဦးအောငိမျိူးမင်း)



Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ