နားရွက်တောင်ကားမရတဲ့မြောက်မြန်မာ

မတ္တရာတွင် ကိုနဂါးဟု အများက ခေါ်ဆိုသူကို ဗိုလ်နဂါးဟုဆိုကာ စစ်တပ်က လာ ဖမ်း၊ ဖမ်းလိုသူမမိ၍ မိဘနှစ်ပါးကို ရိုက်နှက် ဖမ်းဆီးသွားသဖြင့် သားဖြစ် သူ ကိုနဂါး စိတ်ထိခိုက်ပြီး အဆိပ်သောက်ရာမှ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ခေတ်သစ်

မန္တလေး၊ မတ္တရာမြို့နယ်၊ ရွေးရွာသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က ကိုနဂါး ဟု လူအများခေါ်ဆိုကြသူကို ဗိုလ်နဂါးဟုဆိုကာ လာရောက်ဖမ်းဆီးစဉ် ဖမ်းမ မိ သောကြောင့် မိဘ ၂ ဦးကို နှိပ်စက် ဖမ်းဆီးသွားခဲ့ရာ သားဖြစ်သူကိုနဂါးမှာ စိတ်ထိခိုက်ပြီး  အဆိပ်သောက်ရာမှ သေဆုံးသွားကြောင်း ဒေသ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ 

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွေးရွာသစ်ရွာမှ ကိုဝေလင်းအောင်(ခ)ကိုနဂါးကို PDF တပ်ဖွဲ့များနှင့် ပတ်သက် သော ဗိုလ်နဂါးဟု စွပ်စွဲကာ လာရောက်  ဖမ်းဆီးကြောင်း၊ ဖမ်းဆီး စဉ် ကိုဝေလင်း အောင်(ခ) ကိုနဂါးကို မမိ၍  မိဘ ဖြစ်သူ ၂ ဦးကို ဗိုလ်နဂါး၏ မိဘ လားဟု မေးမြန်းကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။ 

မိဘ ၂ ဦး ဖမ်းဆီးခံလိုက်ရသဖြင့် ကိုဝေလင်းအောင်(ခ)ကိုနဂါးသည် စိတ်ထိ ခိုက်ကာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်း သေတမ်းစာရေးပြီး အဆိပ်သောက် ကာ သတ်သေသွားကြောင်း သိရှိရသည်။ 

" ကိုဝေလင်းအောင် (ခ) ကိုနဂါးကို ဒီဇင်ဘာ ၁၂ ရက်နေ့ညက စစ်ခွေးတွေက ဝင်ရောက် ဖမ်းဆီးတာ ကိုဝေလင်းအောင်ကို မတွေ့ဘူးဆိုပြီး မိဘနှစ်ပါးကို ဖမ်းဆီးသွားပါတယ်။ အဲဒီသတင်းကို  သူ ကြားပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စိတ်ထိခိုက်ကြောက်လန့်ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်။ သူ့သေတမ်း စာထဲမှာရေးထားတဲ့ အတိုင်းဆို သူ့ကြောင့်သူ့မိဘတွေ ဖမ်းခံရတယ်။ အဲဒီ အပေါ် ဆိုးဆိုးရွားရွား ခံစားချက်ဖြစ်ပြီး သတ်သေတာမျိုးပေါ့။ ကိုဝေလင်း အောင်က ထွန်စက်မောင်းပြီး မိဘတွေကို လုပ်ကိုင် ကျွေးမွေးနေသူပါ။ သူက ငယ်ငယ်တည်းက နားရွက်ကားလို့ သူငယ်ချင်းတွေက နားကား နားကားနဲ့ ခေါ်တာကနေ နဂါးဆိုပြီး အမည်တွင် နေတာပါ။ စစ်သားတွေက သူ့မိဘ တွေကို  ဖမ်းဆီးပြီး စစ်ကိုင်းတိုင်း ဗိုလ်နဂါးမိဘ တွေလားဆိုပြီး ရိုက်နှက် ဖမ်း သွားတာ။  ကိုနဂါးတို့မွေးမြူထားတဲ့ ကြက်ဆင်တွေလည်း ဖမ်းယူသွားတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။ 

ကိုဝေလင်းအောင်(ခ) ကိုနဂါး သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်တပ် က ကိုနဂါး၏ မိဘ ၂ ဦးကို ယနေ့
အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။



Comments

Popular posts from this blog

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Finlandization ဆိုတဲ့ ဝေါ ဟာရ

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်