ေအိုင်အေတပ်မဟာ၁တပ်ရင်း၄အခြေအနေ...။

March 15 က စခဲ့တဲ့ KIA တပ်မဟာ ( ၁) , တပ်ရင်း၄ ဂွေထူ post တိုက်ပွဲ March 16 ည သန်းခေါင်ကျော် အထိ ဆက်ဖြစ်နေဆဲပါ စစ်အုပ်စု ဘက်က တပ်ရင်း ၃ ခု ပေါင်းမိနေပြီး KIA တပ်ရင်း ၄ တစ်တပ် နဲ့ တိုက်နေရလို့ပါ တိုက်ပွဲ အခြေအနေ ကတော့ ကိုယ့်ဘက်က စခန်းကို လာတိုက်ခံ ရတာမျိုး မဟုတ် ပဲ ကိုယ်ကနေ ရန်သူ့ စခန်း ကို ဝင်တိုက်နေ တာဖြစ်ပြီး ည 7:00 PM လောက်က စစ်ကူ ပို့လာတဲ့ ရန်သူ့ စစ်ကြောင်းကို လဲ ဖြတ် တောက် ထားနိင်ခဲ့တဲ့ အတွက် ကြောင့်မို့ အခြေအနေ ကောင်းနေ ပါတယ် လို့ ပြောလို့ရပါတယ် စစ်အုပ်စုဘက်က အကျအဆုံး ကို သေချာ မသိရပေမယ့် ၄၈ နာရီ အတွင်း ၁ ကြိမ် မှာ စခန်းကို စွန့်ပစ်ခဲ့ရတဲ့ အထိ တိုက်ခံခဲ့ရပြီး နောက်ထပ်စစ်ကူ ရောက် လာလို့ KIA တို့ တပ်မချထားတဲ့ သူတို့ စခန်းကို ပြန်လာ နိင်ပေမယ့် ၂ ကြိမ် အလစ် ဝင်တိုက် ခံရပြီး စစ်ကူပို့လာတဲ့ တပ်တွေကို ဆက် မတက်နိင် အောင် တိုက်ခံ ခဲ့ရပြီး အင်အား ၄၀၀ လောက် ပို့ထားရာကနေ အခုအချိန်ထိ တိုက်ပွဲ ကနေ ရုန်းမထွက်နိုင် ပဲ ရှိနေပုံ ထောက်တော့ အကျအဆုံး တော်တော်လေး များနေပြီ ဆိုတာ ကို အခြေအနေကို ကြားသိရတာ နဲ့ တင် ခန့်မှန်း နိင်ပါတယ် တိုက်ပွဲစတင် ဖြစ်ပွား ကတည်းက ပြည်သူတွေ စစ်ဘေး လွတ်ရာကို ရှောင်တိမ်း နိင်တာဟာ တကယ့်ကို အောင်ပွဲ ပါပဲ ၂ ရက် အတွင်း ၄၈ နာရီ အပြည့်နီးပါး အနားမယူပဲ တောက်လျှောက် တိုက်ပွဲ ဝင်နေတဲ့ KIA တပ်မဟာ ( ၁) , တပ်ရင်း ( ၄) က ရဲဘော်တို့ အတွက် ဂုဏ္ယူမဆုံး ပါဘူး တနိင်ငံလုံး က လက်နက် မဲ့ ပြည်သူ တွေ ရဲ့ တိုက်ပွဲ ကို တစ်ဖက်တစ်လမ်းက နေ ကူညီ ပေးဖို့ ကိုယ့်ရဲ့ အသက်ကို စွန့်လွတ် ပြီး အာဏာရူးတွေကို တိုက်ထုတ်ကြပါ ရဲဘော် တို့ နှစ် ၆၀ ကျော် တော်လှန်ရေးခရီးကြမ်း အောင်မြင်ဖို့က လက်တကမ်း အကွာ မှာ ရောက်နေပါပြီ Kachin Liberation Media

Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)