လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတားအဆီးများကို ဖယ်ရှားခိုင်းနေ

စစ်တပ်နှင့်ရဲက ပြည်သူလူထုအား လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတားအဆီးများကို ဖယ်ရှားခိုင်းနေ ဧရာဝတီ၊ မတ် ၁၇၊ ၂၀၂၁ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက ရန်ကုန်မြို့တွင်း လမ်းမများပေါ် သွားလာနေသည့် အမျိုးသားများကို ဖမ်းဆီးကာ ပြည်သူလူထုက ပြုလုပ်ထားသည့် အတားအဆီးများကို ဖယ်ရှားခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။ လှည်းတန်းတွင် နေထိုင်သူ မမေသူက “ ကျမတို့ လှည်းတန်း စိန်ဂေဟာရှေ့နဲ့ ဦးထွန်းလင်းခြံလမ်းဘက်မှာတင် နေ့လည်က ရိုက်နှက်ပြီး ဖမ်းခေါ်ခံရတဲ့ အမျိုးသား ၆ ဦးကို စိန်ဂေဟာနားက လူထုခံတပ် သဲအိတ်တွေကို မရွှေ့ပြီး သူတို့ ခေါ်လာတဲ့ ကားတစီးပေါ် တင်ခိုင်းတယ်။ သဲအိတ်တွေ ဖယ်ချင်ရင် သူတို့ဘာသာသူတို့ မဖယ်ဘဲ လမ်းကလူတွေကို ဖမ်းပြီး အဓမ္မခိုင်းတာမျိုးလုပ်နေတာ။ ကျမအိမ်ရှေ့မှာပဲ မြင်ရတာပါ” ဟု ပြောသည်။ ကမာရွတ်၊ စမ်းချောင်းနှင့် ရန်ကင်းမြို့နယ်တို့တွင်လည်း လမ်းသွားလမ်းလာများ၊ ကားများကို တားဆီးပြီး သဲအိတ်များ ဖယ်ရှားပေးရန် လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ပေါ်တာဆွဲကာ ခိုင်းစေသည့် ပုံစံမျိုးဖြင့် စစ်တပ်နှင့်ရဲက လုပ်ဆောင်နေခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာခံထားရသည့် လှိုင်သာယာမြို့နယ်တွင်လည်း စစ်တပ်နှင့်ရဲက ရပ်ကွက်နှင့်လမ်းများ အတွင် အတားအဆီးပြုလုပ်ထားသည်များကို ဖယ်ရှားပေးရန် လိုက်လံအော်ပြောနေပြီး ဖယ်ရှားခြင်း မပြုပါက ရပ်ကွက်များ၊ လမ်းများ အတွင်း ပစ်ခတ်မည်ဟု ပြောဆိုလျက်ရှိသည်။ ဒေသခံတဦးက "လှိုင်သာယာ တံတားဖြူမှတ်တိုင်မှာ အတွင်းထဲကို လှမ်းပစ်နေပါတယ်။ လမ်းထဲက အတားအဆီးတွေကို ဖယ်ပေးဖို့ လှမ်းပြောနေပါတယ်။ သူတို့ဝင်လာရင် အကုန်ပစ်မယ်လို့ ပြောတယ်။ သူတို့ဝင်လာရမလား။ လမ်းကတားတာတွေ ဖယ်ပေးရမလား ပြောနေတယ်။ ပြည်သူတွေက ပစ်နေတာ့ မထွက်ရဲဘူး ဖြစ်နေတယ်" ဟု လက်ရှိအခြေအနေကို ပြောပြသည်။ စစ်တပ်နှင့်ရဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်း များ ပြုလုပ်သည့်အပြင် ရပ်ကွက်လမ်းများအတွင်းနှင့် နေအိမ်များအတွင်းထိ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ရပ်ကွက်နေလူထုက ၎င်းတို့ ဝင်မလာစေရန် အတားအဆီးများ ပြုလုပ်ထားခြင်း ဖြစ်သည်။ #WhatIsHappeningInMyanmar #RejectMilitaryCoup အတားအဆီးတွေထပ်လုပ်ရင် အိမ်တိုင်းကိုဆိုင်ဆိုင်မဆိုင်ဆိုင်ပစ်မယ်တဲ့.. သူပုန်ထက်ပိုပြီး ကင်ပွန်းတပ်ရမဲ့ကောင်တွေ ကမ္ဘာ့အယုတ်မာဆုံးတပ်ဖွဲ့

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်