ဆရာတော်ကြီးတွေကိုအကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ

သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ -------------------------------------- ရန်ကုန်၊ မတ်လ ၁၇ ရက်။ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့ပြီး အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း အားလုံးသဘောတူ စာထုတ် ခဲ့ကြတယ်။ ၄င်းအခြေအနေနဲ့ပတ်သက်ပြီး မဟနနဲ့အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦး(အမည်မဖော်လိုသူ)မှ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေကြောင်းနဲ့ ဆရာတော်ကြီးတွေ နာမည်သုံး ပြီး နောက်ထပ် ထုတ်ပြန်ချက် အတု ပြန်ထုတ်ဖို့ လုပ်လာနိုင်ကြောင်း Myanmar Harp ကိုသတင်းပေးလာပါတယ်။ ၄င်း၏ သတင်းပေးချက်မှာ " ဆရာတော် ကြီးတွေကို အကြမ်းဖက် စစ်တပ်က အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ဖို့ လုပ်နေပြီ၊ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့တယ်၊ အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း အားလုံးသဘောတူ စာထုတ် ခဲ့ကြတယ်၊ ဒီလို စာထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးကအရာရှိတွေနဲ့လည်း အချေအတင် ဖြစ်ခဲ့ကြပါတယ်၊ ဒါကြောင့် မင်းအောင်လှိုင်က ဆရာတော်ကြီး တွေကိုအငြှိုးတကြီးနဲ့ ဖမ်းဆီး ချုပ်နှောင် ထားဖို့ အမိန့်ပေးလိုက်ပုံ ရပါတယ်၊ ပြီးတော့ ဆရာတော်ကြီးတွေ နာမည်သုံး ပြီး နောက်ထပ် ထုတ်ပြန်ချက် အတု ပြန်ထုတ်ဖို့ လုပ်လာနိုင်တယ်၊ မနေ့က မဟန ထုတ်ပြန်ချက်သာ အတည် ဖြစ်ကြောင်းနဲ့ နောက်ထပ် ဘယ်လို ထုတ်ပြန်ချက်လာလာ ဆရာတော် ကြီးတွေရဲ့ သဘောထား မဟုတ်ဘူး" လို့ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဆရာတော်တစ်ပါးမှ " အာဏာရူး မိစ္ဆာဒိဋ္ဌိ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာကို ကိုင်လှုပ်လာရင် ဘယ်အမျိုး၊ ဘာသာ၊ သာသနာမှ မကြည့် ဘူးဆိုတာ သက်သေပါပဲ။ သူ့ကို ယတြာ လုပ်ပေးနေတဲ့ ဝဇီ ပိတ်ပုံ ထမိန်မှာ ကပ်တဲ့ ကလေးတွေကို ညလုံးပေါက် စောင့် ဖမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ သာသနာ့ အာဇာနည် ဆရာတော်ကြီး တွေကိုတော့ ကိုယ်တိုင် အကျဉ်းချဖို့လုပ်ဆောင် နေပြီဆိုတာသေချာပါတယ်၊ သံဃာထု အနေနဲ့ ဆရာတော်ကြီး တွေ ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ လိုပါတယ်" လို့လည်း မိန့်ကြားခဲ့သည်။ ဖြိုးမြတ်အောင် / Myanmar Harp Myanmar Harp Media

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်