ဆရာတော်ကြီးတွေကိုအကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ

သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ -------------------------------------- ရန်ကုန်၊ မတ်လ ၁၇ ရက်။ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့ပြီး အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း အားလုံးသဘောတူ စာထုတ် ခဲ့ကြတယ်။ ၄င်းအခြေအနေနဲ့ပတ်သက်ပြီး မဟနနဲ့အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦး(အမည်မဖော်လိုသူ)မှ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေကြောင်းနဲ့ ဆရာတော်ကြီးတွေ နာမည်သုံး ပြီး နောက်ထပ် ထုတ်ပြန်ချက် အတု ပြန်ထုတ်ဖို့ လုပ်လာနိုင်ကြောင်း Myanmar Harp ကိုသတင်းပေးလာပါတယ်။ ၄င်း၏ သတင်းပေးချက်မှာ " ဆရာတော် ကြီးတွေကို အကြမ်းဖက် စစ်တပ်က အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ဖို့ လုပ်နေပြီ၊ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့တယ်၊ အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း အားလုံးသဘောတူ စာထုတ် ခဲ့ကြတယ်၊ ဒီလို စာထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးကအရာရှိတွေနဲ့လည်း အချေအတင် ဖြစ်ခဲ့ကြပါတယ်၊ ဒါကြောင့် မင်းအောင်လှိုင်က ဆရာတော်ကြီး တွေကိုအငြှိုးတကြီးနဲ့ ဖမ်းဆီး ချုပ်နှောင် ထားဖို့ အမိန့်ပေးလိုက်ပုံ ရပါတယ်၊ ပြီးတော့ ဆရာတော်ကြီးတွေ နာမည်သုံး ပြီး နောက်ထပ် ထုတ်ပြန်ချက် အတု ပြန်ထုတ်ဖို့ လုပ်လာနိုင်တယ်၊ မနေ့က မဟန ထုတ်ပြန်ချက်သာ အတည် ဖြစ်ကြောင်းနဲ့ နောက်ထပ် ဘယ်လို ထုတ်ပြန်ချက်လာလာ ဆရာတော် ကြီးတွေရဲ့ သဘောထား မဟုတ်ဘူး" လို့ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဆရာတော်တစ်ပါးမှ " အာဏာရူး မိစ္ဆာဒိဋ္ဌိ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာကို ကိုင်လှုပ်လာရင် ဘယ်အမျိုး၊ ဘာသာ၊ သာသနာမှ မကြည့် ဘူးဆိုတာ သက်သေပါပဲ။ သူ့ကို ယတြာ လုပ်ပေးနေတဲ့ ဝဇီ ပိတ်ပုံ ထမိန်မှာ ကပ်တဲ့ ကလေးတွေကို ညလုံးပေါက် စောင့် ဖမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ သာသနာ့ အာဇာနည် ဆရာတော်ကြီး တွေကိုတော့ ကိုယ်တိုင် အကျဉ်းချဖို့လုပ်ဆောင် နေပြီဆိုတာသေချာပါတယ်၊ သံဃာထု အနေနဲ့ ဆရာတော်ကြီး တွေ ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ လိုပါတယ်" လို့လည်း မိန့်ကြားခဲ့သည်။ ဖြိုးမြတ်အောင် / Myanmar Harp Myanmar Harp Media

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်