Tuesday, October 9, 2012

ဂျပန်ကအသားတုဝယ်စားရအောင်...

Min Htike

ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ...့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို
နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။ ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။ သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။

မူရင်းလင့်ခ် မော်နီကာ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

လယ်/ဆည် ၀န်ကြီးမှ နည်းဥပဒေများကို လျှို့ဝှက် ထုတ်ဝေ


လယ်/ဆည် ၀န်ကြီး မှ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများကို လျှို့ဝှက် ထုတ်ဝေ by Naung Taw Lay on Tuesday, October 9, 2012 at 2:12pm ·

လည်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများကို လျှို့ဝှက်ထုတ်ဝေထားခြင်းအပေါ် လယ်သမားအရေး ဆောင်ရွက်သူများကျေနပ်မှု မရှိ

          ၉.၁၀.၂၀၁၂ ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (U N A) မှ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုးရေး(အစည်းအဝေး)သို့ ပေးပို့လို သောမြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲတွင် လယ်သမား များ၏ လယ်ယာမြေသိမ်းဆည်းခံခဲ့ရမှုများအရေး လိုက်ပါဆောင်ရွက်နေသူများမှ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ရာတွင် လျှို့ဝှက်ဟူဟော ခေါင်းစီးဖြင့် ထုတ်ဝေထားခြင်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

          အဆိုပါဆွေးနွေးပွဲတွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများကဏ္ဍကိုသာ ဦးတည်ဆွေးနွေးသွားကြပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိသင့် သိထိုက်သော ဥပဒေကို လျှို့ဝှက်ထုတ်ဝေထားခြင်းအပေါ် ကန့်ကွက်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ အများပြည်သူသည် ဥပဒေကို သိရှိပါမှ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်ရာ ဥပဒေကို ယခုလိုအများပြည်ကို သိရှိရန် လိုအပ်သော ဥပဒေမျိုးကို လျှို့ဝှက်ထုတ်ဝေခြင်းသည် မရိုးသားခြင်း ပင်ဖြစ်ကြောင်းဖြင့် ပြောဆိုသွားကြခြင်းဖြစ်သည်။

ပွဲအပြီးတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ ထိုသို့ လျှို့ဝှက်ထုတ်ဝေထားခြင်းနှင့် ပတ်သက်၍ `မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်း နည်းဥပဒေကို အများပြည်သူသိရှိရန် နိုင်ငံတော် ပြန်တမ်း အနေဖြင့် နိုင်ငံတော်ပိုင် သတင်းစာတွင် ထုတ်ပြန်ပေးရန်´ဟူသော အချက်ကိုပင် ထည့်သွင်းကြေညာခဲ့သည်။ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့်  ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၊ ၃၁ ရက်နေ့က ထုတ်ဝေခဲ့သော ဤနည်းဥပဒေများသည် ယနေ့အချိန်ထိ နိုင်ငံတော်ပိုင် သတင်းစာမှ ဖော်ပြထုတ်ပြန်ခြင်း မရှိခြင်းကြောင့်လည်း လယ်သမားအရေး ဆောင်ရွက်သူများက ပြစ်တင်ပြောဆိုသွားကြခြင်း ဖြစ်သည်။

နောင်တော်လေး

"ရခိုင်ပြည်နယ်မှာ နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသည် ဘင်္ဂလီ (၃၀၀၀) သာရှိဟုဆို

အလယ်ကြောင်း၊


ဟာဂျူလီ ကသာ
 3 hours ago
( မန္တလေးမြို့၊ဖယောင်းတိုင်ကိုင် ဆန္ဒထုတ်ဖေါ်သူများကို စစ်ဆေးအရေးယူနေမှုအတွက် ရေးဆွဲဖြစ်သော ကာတွန်း)

(သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ)

Aung San Suu Kyi could be president' (Animatorshow)
ပြည်သူလူထုကသာ ရွေးချယ်ခဲ့လျှင် သမ္မတအဖြစ်လက်ခံသွားမည် (သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ) www.dawnmanhon.com/
Length: ‎1:06

ဆင်းတုတော်များကို အုတ်နီခဲနဲ့ထု


မူရင်းလင့်(Click here)
http://coxsbazarnews.net/?p=12953

ရဲလုပ်ပိုင်ခွင့်

တောင်ပို့မှန်းသိပါပြီဗျာ...


Thein Win

((( ဒီမိုး နဲ့ ဒီလေ )))

ကြားဖြတ် ရွေးကောက်ပွဲကာလ မတိုင်ခင်က သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ် စားလှယ် အနိုင်ရရှိလျှင် လမ်းခင်းပေးမည်၊ အိမ် ဂရန်ထုတ်ပေးမည်၊ ငွေကြေး ဆုချမည်၊ လျှပ်စစ်မီး သွယ်တန်း ပေးမည်ဟု အစရှိ
သော မက်လုံးများပေးကာ မဲဆန္ဒရှင် ပြည်သူများကို မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။
ကြံ့ခိုင်ရေး ပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ
ချထားပေးမည် ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက်အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး အိမ်အရောင်းအ၀ယ်စာချုပ်၊အိမ်ထောင် စု စာရင်း၊ အိမ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်အပါအ၀င် လိုအပ်သောအချက်အလက် စာရွက်စာတမ်းများကို တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြကြောင်း ဒေသခံများက ပြောဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲရယူခြင်း များ အပါအ၀င် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ကြသည်။
ယခင်ပြည်သူပိုင် အဆောက်အအုံ၊ လုပ်ငန်းများကို ပါတီပိုင်အဖြစ် သိမ်းယူ ထားကြောင်း၊ လမ်းခင်းခြင်းကဲ့သို့သော လုပ်ငန်းများကိုလည်း နိုင်ငံပိုင် ဘဏ္ဍာ ငွေကြေးများနှင့် လုပ်ကိုင်ခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီကြီးတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံပိုင်၊ ပြည်သူပိုင် ငွေကြေး၊ အဆောက်အအုံနှင့် ပစ္စည်းများကို ရယူသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ကြံ့ခိုင်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ပါတီက ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုနေသော ငွေကြေးများသည် ပါတီပိုင် လုပ်ငန်းများနှင့် လုပ်ငန်းရှင်များထံမှ ရရှိသော ငွေကြေးများဖြစ်သည်ဟု၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်း သတင်း မီဒီယာ တချို့နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
(ကြားဖြတ် ရွေးကောက်ပွဲမတိုင်မှီပြည်ခိုင်ဖြိုးပါတီ ဖွံ့ဖြိုးမှုလုပ်ငန်းများ ယာယီရပ်ဆိုင်း-ဧရာဝတီ- မှကောက် နှုတ်ချက်)

ဘက်ဂီယာနောက်တကြိမ်ထိုးပြန်ပြီ....

Thein Win

ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။
အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။
ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူမရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့
ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြားချက်။

ဦးအောင်သိန်းလင်း၏ စောင်းမြောင်း ပြောကြားချက်

Thein Win

ပြည်သူတွေ က လေ့လာမှု အားနည်း တယ် ..
(ဦးအောင်သိန်းလင်း)

(ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူများ ကို စောင်းမြောင်း ပြောကြားချက်)
-------------------------------------------------------------------------------------------------
နိုင်ငံခေါင်းဆောင်ဖြစ်ရေးအတွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းညီညွတ်ရန်လိုကြောင်း ဦးအောင်သိန်းလင်းပြောကြား

နိုင်ငံတော်၏အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ဆန္ဒသဘောထား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။ လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းမှ ထောက်ခံ အတည်ပြုထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှသာလျှင် နိုင်ငံခေါင်း ဆောင်ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောကြား သွားခဲ့သည်။
“နိုင်ငံရဲ့အကြီးအကဲခေါင်း ဆောင်ဖြစ်ဖို့ဆိုတာ ပြည်သူလူထု ရဲ့ ဆန္ဒသဘောထားတစ်ခုထဲနဲ့ မရပါဘူး။ မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်တွေနဲ့လည်း ညီညွတ်ဖို့လိုပါတယ်။ ပြည်သူရဲ့ ဆန္ဒအပြင်နိုင်ငံတော်ရဲ့ အရေးကြီး ဆုံးနဲ့ အဓိကအကျဆုံးပင်မကျော ရိုးကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ကာကွယ်စောင့်ရှောက်ရ မယ်။ ဒီမိုကရေစီနိုင်ငံကိုသွားနေ တဲ့အခါ ဖွဲ့စည်းပုံဥပဒေကို အခြေခံ ပြီးမှ ဥပဒေတွေရေးဆွဲရတာလေ ပြည်သူတွေရဲ့ ဆန္ဒအပြင်ဖွဲ့စည်း ပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၅၉ ပါနိုင်ငံခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီမှုရှိရင် ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အကြီးအမှူးခေါင်းဆောင်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုထဲမှာ မဟုတ်ဘူး ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၄/က မှာလည်း ဖော်ပြထားတာပဲ။ တိုင်းပြည်ခေါင်းဆောင်ဖြစ်ထိုက်တဲ့ အရည်အချင်းတွေ၊ ဒီဥပဒေတွေကို((( ပြည်သူတွေအနေနဲ့ လေ့လာမှု အားနည်းတဲ့အခါကြတော့))) သူတို့ ရဲ့ ဆန္ဒတစ်ခုထဲနဲ့ သူတို့သဘော ကျတဲ့ တစ်ဦးတစ်ယောက်ကို နိုင်ငံ ခေါင်းဆောင်အဖြစ်တင်မြှောက်လို့ ရတယ်လို့ထင်ရတယ်။ ဒီလိုမရဘူး။ ဖွဲ့စည်းပုံဥပဒေဆိုတာ ကျွန်တော် တို့နိုင်ငံရဲ့ ပင်မကျောရိုးကြီးလေ ဒီမိုကရေစီပန်းတိုင်ကိုသွားနေတဲ့ ကျွန်တော့်တို့နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်တွေကို လုံးဝသွေဖွယ်လို့မရဘူးလေ။ နိုင်ငံ ခေါင်းဆောင်ဖြစ်ဖို့ အမတ်အရည် အချင်းနဲ့ကိုက်ညီရမယ်။ အဲဒီကမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သမ်္မတအရည်အချင်းနဲ့ ကိုက်ညီမှ နိုင်ငံခေါင်းဆောင်ဖြစ် နိုင်မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သိန်းလင်း ကပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၉) နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများရွေးချယ် တင်မြောက်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်၌ မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်း ကောင်း၊ အဆိုပါ တရားဝင်သား သမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံ ခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်သိသူ၊ (သို့) နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ (သို့) တိုင်းတစ်ပါး၏နိုင်ငံသားဖြစ် သူသော်လည်းကောင်း၊ တိုင်းတစ် ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင် ခွင့်ရှိသူများမဖြစ်စေရဟုဖော်ပြပါ ရှိသည်။
ခန့်ခန့်(ဒဿနိက)-Hot News

ဦးပိုင်၏ စီးပွါးရေး လုပ်ငန်းများသည် နိုင်ငံတော် ပိုင် မဟုတ်ပါ ။

Thein Win
ဦးပိုင်သည် နိုင်ငံတော်ပိုင် မဟုတ် ..

ပုဂ္ဂလိက ပိုင် စစ်စစ်သာ ဖြစ်သည် ..

ဦးပိုင်၏ စီးပွါးရေး လုပ်ငန်းများသည် နိုင်ငံတော် ပိုင် မဟုတ်ပါ ။

(လက်ပံတောင်းတောင် စီမံကိန်းမှာ မှာ နိုင်ငံတော် ဟုသုံးနှုန်းပြောဆိုတာကို ရည်ညွန်းသည်)

(weekly Eleven 3-10-12)

ရန်ကုန်မြို့ပေါ်ကဆလိုက်မီး......

အဘ ဥက္ကာကိုကို
ဒီနေ့ ည ၈ နာရီဝန်းကျင်က လှည်းတန်း အလုံနှင့်မရမ်းကုန်းမြို့ နယ်တချို့ 
နေရာများတွင်ကောင်းကင်ယံ၌ ဆလိုက်မီးထိုးထားသလို့ အလင်းတန်း
တွေ့ ရှိသဖြင့်ဒေသများခံများရုပ်ရုပ်သဲသဲဖြစ်ကာ ဦးထွန်းလွင်ထံဖုန်းဆက် လာကြကြောင်းသတင်းရရှိသည်။ (အောင်သူရ)

---------------------------------

ဟိုက်.... ကျနော်က ရုံးကနေ လှည်းတန်းကိုပြန်လာတာ။ တစ်လမ်းလုံး ကောင်းကင်မှာ
အဲ့လိုဖြစ်နေတာာကြည့်ပြီး ငါတော်တော်အားနည်းနေပါလားလို့ တွေးမိတယ်။
ပြီးတော့ လစ်ပိုနှစ်လုံးဝယ်သောက်လိုက်မိတယ်။ ပေါင်မုန့်တစ်လုံးစားလိုက်မိတယ်။

လတ်စသတ်တော့ သူများတွေလည်း အဲ့လိုမြင်ခဲ့ကြတာကိုး..... ထူးဆန်းပေစွ မောင်သတင်းထောက်ရယ်။

--------------------------------------

The Voice Weekly
6 hours ago
ရန်ကုန်မြို့ တော်တွင် သတင်းများ ထွက်ပေါ်လျှက်ရှိသော ရွှေတိဂုံ စေတီတော်ကြီး ရောင်ခြည် ကွန့်မြူးနေသည်ဟု သတင်းမှာ မှန်ကန်မှု မရှိပဲ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ်ရှိ ဆလိုက်မီးများ စမ်းသပ်နေခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် လျှပ်စစ်မီးဌာန၏ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

မြန်မာ့ ငြိမ်းချမ်းရေးသည် ဘယ်ပညာရှင်ကမှ တတ်နိုင်လိမ့်မည် မထင် -

Aye Chan Mon

အင်္ဂါနေ့၊ အောက်တိုဘာလ 09 ရက် 2012 ခုနှစ် - ရွှေဟင်္သာသတင်းဌာန

IM Associates အဖွဲ့မှ တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် အစိုးရနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲများ၌ အဆင်ပြေစေရန် အတွက် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ယမန်နေ့တွင် အမြင
် ဖလှယ်ပွဲများ ကျင်းပ ခဲ့သည်ဟု တက်ရောက် ခဲ့သူ ကရင်နီ ကိုယ်စားလှယ် တဦးက ပြောပါသည်။
...
“ သူမ ကတော့ လက်ရှိ မြန်မာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေကြား တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေ တွေကို လေ့လာ သုံးသပ် နေတဲ့သူ တစ်ဦးပါ။ သူမဟာ ကျနော်တို့နဲ့ အဆက်အသွယ်ရှိ သလို အစိုးရနဲ့လဲ အဆက်အသွယ် လုပ်နေ တဲ့သူပါ။ ဒီတော့ နှစ်ဖက် ဆွေးနွေးရေးကို ဘယ်လိုမျိုး ဆွေးနွေးသွားရင် အောင်မြင်လိမ့်မယ် ဆိုတဲ့ အကြံလေးတွေ မျှဝေ သွားပါတယ်” ဟု ဆိုပါသည်။

PACRIM Associates အဖွဲ့သည် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ကြားခံ ဆောင်ရွက်ပေးမည့် အဖွဲ့ လိုအပ် နေသည်ဟု ဆိုပါသည်။ ယင်းအမြင် ဖလှယ်ပွဲသို့ UNFC မှ ခေါင်းဆောင် (၇) ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့ အထိ ကျင်းပ သွားပါသည်။

အမြင် ဖလှယ်ပွဲတွင် မြန်မာ အစိုးရမှ ချမှတ်ထားသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် (၈) ရပ်နှင့် တိုင်းရင်းသား လူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ညီလာခံမှ ချမှတ်ထားသော လမ်းပြမြေပုံ (၆) ရပ်ကို ပြန် လည် သုံးသပ် သွားခဲ့သည်။

သူမ၏ သုံးသပ်ချက်ထဲတွင် အစိုးရသည် သတင်း မီဒီယာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊ ဤသို့ကြောင့် တိုင်း ရင်းသားများ ဘက်၌လည်း သတင်း မီဒီယာများ၏ မေးမြန်ချက်များကို ဖြေကြား ပေးရန် လိုအပ်ကြောင်း ပြောကြားသွားပါ သည်။

“အစိုးရရဲ့ လမ်းပြမြေပုံရဲ့ အချုပ်က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ တွင်းမှာ ရှိတယ် ဆိုတာ တွေ့ရတယ်။ အဲဒီ ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်မှ ဖြစ်မယ် ဆိုတာ သိရတယ်” ဟု တက်ရောက် ဆွေးနွေးသူ တဦးက ဆိုပါသည်။

ထိုပညာရှင်သည် ပြည်ပရောက် တိုင်းရင်းသား ညီလာခံမှ ရေးဆွဲထားသော လမ်းပြ မြေပုံထဲ၌ ချက် (၄) သည် အစိုးရဘက်မှ လက်ခံနိုင်ဖွယ် ရှိနိုင်မည် မဟုတ်ဟု သုံးသပ် သွားပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html

“သူတို့ ဘယ်လက်ခံမှာလဲ တိုင်းရင်းသား ညီလာခံ ဖြစ်မြောက်ခဲ့လျှင် ကျနော်တို့ ဘက်က ပြည်တွင်းထဲက နောက်ထပ် အင်အား တဝက်ခန့်ကို ရရှိမယ်လေ။ အဲတာကြောင့် ဒီအချက်ကို အစိုးရဘက်က လက်မခံဘူးဆိုတာ သေချာတယ်” ဟု တအာင်း ကိုယ်စားလှယ် တစ်ဦးက ပြောပါသည်။

အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့်လည်း တွေ့ဆုံဆွေး နွေးရန် ရှိသလို အစိုးရ ဖက်ကလည်း ဖိတ်ခေါ် ထားသည်ဟု သူမက ဆိုခဲ့ပါသည်။

မြန်မာ့ ငြိမ်းချမ်းရေးသည်၊ ဖက်နှစ်ဖက် စလုံးမှ စစ်မှန်သော စေတနာကို အခြေခံပါက ခက်ခဲမှု မရှိနိုင်ကြောင်း ၊ အစိုးရဖက်က အဓိက တာဝန်ရှိပြီး အပြောတခြား အလုပ်တခြားဖြင့် အမြတ်ထုတ် နေပါက ဘယ်လိုမှ ဖြေရှင်း နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဤအခြေအနေ ဖြစ်နေအောင်လည်း အစိုးရကသာ ဖန်တီးနေသည်သာ ဖြစ်ကြောင်း ဝေဖန်သူများက ဆိုနေကြ ပါသည်။

News from : Infinity Power

.မြန်မာ့အရေးကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရအား တရုတ်နိုင်ငံသားကျွမ်းကျင်သူများက ပြန်လည်ဝေဖန်

rAye Chan Mon
တရုတ်အစိုးရအနေဖြင့် ယခင်မြန်မာအစိုးရလက်ထက်တွင် အာဏာရထိပ်သီးပိုင်းနှင့်သာမကဘဲ၊ ပြည်တွင်းနိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်ပါ ဆက်ဆံရေးကေ...ာင်းမွန်အောင် ဆောင်ရွက်ရန်လိုခဲ့ကြောင်း တရုတ်အစိုးရ နိုင်ငံတကာအကူညီပေးရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ဘေဂျင်း နိုင်ငံတကာလေ့လာရေးတက္ကသိုလ် ပါမောက္ခ Mr.Zhang Xiaom in ကဝေဖန်ပြောကြားလိုက်သည်။ သို့မှသာ တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ပြီး၊ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိုမိုသြဇာသက်ရောက်မှုရှိနိုင်မည်ကြောင်းပြောကြားသည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် အသွင်သစ်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများက အချက်ပေးနေပြီဖြစ်ကြောင်း တရုတ်စီးပွားရေးကျွမ်းကျင်သူ Mr.Zhu Feng က ထောက်ပြဝေဖန်လိုက်သည်။ တရုတ်အစိုးရသည် ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စစ်ရေးအရ မြန်မာနိုင်ငံအပေါ်များစွာလွှမ်းမိုးမှုရှိပြီး၊ အစိုးရပိုင်ကော်ပရေးရှင်းများအချင်းချင်း လုပ်ငန်းသဘောတူညီမှုများစွာရရှိခဲ့သော်လည်း၊ မြန်မာပြည်သူများအတွက် အလုပ်အကိုင်နှင့် အကျိုးဖြစ်ထွန်းမှုများနိုင်သော ကဏ္ဍများတွင် လစ်လျူရှုခဲ့မှုများရှိကြောင်း၊ ထိုသို့ လစ်လျူရှုခဲ့မှုများကြောင့် တရုတ်အစိုးရအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှုများ ကျဆင်းပျက်သုဉ်းခဲ့ရကြောင်း ပီကင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံမှုဌာန ပါမောက္ခ Mr.Zhu Feng ကဝေဖန်ပြောကြားလိုက်သည်။ "ဥပမာအားဖြင့် ကချင်မြစ်ဆုံစီမံကိန်းပေါ့။ တရုတ်အစိုးရက အစိုးရအချင်းချင်းပဲ နားလည်မှုယူထားပြီး ကချင်ပြည်သူတွေအတွက် အလုပ်အကိုင် အကျိုးအမြတ်မရှိတော့ မြန်မာအစိုးရက ဒီမိုကရေစီစံပြအဖြစ်နဲ့ အဲဒီစီမံကိန်းကို ရပ်ပစ်လိုက်တယ်။ နောက်ဆုံးနစ်နာတာက တရုတ်အစိုးရပိုင် CNPC ပဲ။ အခုတော့ အဲဒီသင်ခန်းစာယူပြီး ကချင်လူထုနဲ့ ပိုမိုနီးနီးကပ်ကပ်ဖြစ်အောင် CNPC ပိုင်းက လုပ်ဆောင်နေတယ်" ဟုပြောကြားသွားပါသည်။ သို့သော်လက်တွေ့တွင် CNPC အနေဖြင့် မြစ်ဆုံစီမံကိန်းပြန်လည်အကောင်အထည်ဖော်ရန် ကချင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် လျှို့ဝှက်ဆွေးနွေးညှိနှိုင်းနေပြီး၊ တရုတ်အစိုးရအနေဖြင့်လည်း ကချင်လက်နက်ကိုင်အဖွဲ့များအား လက်နက်များလျှို့ဝှက်ထောက်ပံ့မှုများပြုလုပ်နေပြီလားဟု
 မြန်မာပြည်သူများကြားတွင် မေးခွန်းထုတ်စရာဖြစ်နေကြောင်း။

News from :People Development For Knowledge

ပြည်သူလူထု ဆန္ဒရှိလျှင် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ သမ္မတ ဖြစ်လာမည်

by Lwin Aung Soe on Monday, October 8, 2012 at 8:07pm ·

“ကျမဟာ နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်ပါ။ ပါတီခေါင်းဆောင်အဖြစ်နဲ့ ကျမဟာ နိုင်ငံတော်သမ္မတလည်း လုပ်ရဲရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုက ကျမကို နိုင်ငံတော်သမ္မတ ဖြစ်စေချင်ရင် ကျမ လုပ်ပါမယ်။”
(ဒေါ်အောင်ဆန်းစုကြည်)

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ခေါင်းဆောင် ဖြစ်လာဖို့ဟာ ပြည်သူလူထုရဲ့ ဆန္ဒပေါ် မူတည်ပါတယ်။ ပြည်သူလူထုက လက်ခံရင် ကျနော်ကလည်း လက်ခံရပါမယ်။”
(နိုင်ငံတော်သမ္မတ ဦးသိန်းစိန်)
.........

Suu Kyi Is Open to Running for President

Associated Press

YANGON, Myanmar—Myanmar opposition leader Aung San Suu Kyi declared her willingness on Monday to serve as president, and her party's intention to amend the constitution to allow her to do so.

Ms. Suu Kyi said it is her duty as leader of the National League for Democracy party to be willing to take the executive office if that is what the people want. Myanmar's next election is in 2015.

"I'm a leader of a political party," Ms. Suu Kyi told a news conference. "As a political party leader, I also have to have the courage to be president. If that is what the people want, I will do so."

Responding to a question, she said a clause in the constitution that effectively bars her from the job is one of several her party wants to change.
Ms. Suu Kyi returned last week from a 17-day trip in the U.S., where she was feted as a hero of democracy.

Myanmar's reformist President Thein Sein also visited the U.S. last month. Mr. Thein Sein, a former general, has launched a series of political reforms since taking office last year after almost five decades of repressive military rule.

In an interview with the BBC during his trip, he said he could accept the idea of Ms. Suu Kyi taking his job.

"Whether she will become a leader of the nation depends on the will of the people. If the people accept her, then I will have to accept her," Mr. Thein Sein said.

Ms. Suu Kyi's party boycotted the last election in 2010, saying several aspects of the election law were unfair and undemocratic. It agreed to run in by-elections earlier this year after Mr. Thein Sein's party had the laws amended.

However, Ms. Suu Kyi's party still wants to change several clauses in the constitution. Some give the military enough unelected seats in Parliament to effectively bar constitutional change.

Another bars anyone from the presidency whose parent, spouse or child enjoys the privileges of being the citizen of another country. Ms. Suu Kyi's late husband was British and the couple had two sons, who live outside of Myanmar.

Even though Ms. Suu Kyi's party holds only a small number of seats in Parliament, she said she believes that other lawmakers may also be agreeable to the changes, noting that "Parliament has more democracy than I expected."

"To amend the constitution has been one of our policies since we ran in the by-elections," she said. "We will keep trying to amend it—not only for me to be president, we will also amend other things."

Suu Kyi Is Open to Running for President

Aung San Suu Kyi says she ready to be Myanmar president

Burma’s Aung San Suu Kyi Willing to be President

သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြား

The Voice Weekly
လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်းတောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မေးတဲ့သူရော ဖြေတဲ့သူ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဘတ်စ်ကား တစ်ခါမှ စီးဖူးခြင်း ရှိကြပုံ မရ...


The Voice Weekly shared a status.

သို့ အယ်ဒီတာရှင့်

လွှတ်တော်တွင်း ဆွေးနွေးနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ သိရှိနိုင်စေဖို့ အယ်ဒီတာပေးစာ ကဏ္ဍမှာ ဖော်ပြပေးစေ လိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က ထွက်ရှိတဲ့ ဂျာနယ် တစ်စောင်မှာ ဖတ်ရှုလိုက်ရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ Air-Con ဘတ်စ် ကားများ ခရီးသွား ပြည်သူတွေ ဘယ်တော့လောက် စီးနင်းပြီး ခရီးသွားနိုင် ကြမလဲ ဆိုတဲ့ မေးခွန်းကို တာဝန်ရှိတဲ့ ပြည်ထောင်စု ဝန်ကြီးက ဒီနှစ်ကုန် ပိုင်
းလောက် စီးနင်းနိုင်ဖို့ စီစဉ်ပေးနေပါတယ် ဆိုတဲ့ အဖြေကို ဖတ်ရှုလိုက်မိပြီး ကျွန်မ ဒီစာကိုရေးဖြစ် သွားတာပါ။ ကြည့်ရတာ မေးတဲ့သူရော ဖြေတဲ့သူ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဘတ်စ်ကား တစ်ခါမှ စီးဖူးခြင်း ရှိကြပုံ မရပါဘူး။

ကျွန်မက ကုမ္ပဏီ ဝန်ထမ်း တစ်ဦးပါ။ အင်းစိန်မြို့နယ်မှနေပြီး ဆူးလေအထိ နေ့စဉ် ဘတ်စ်ကား စီးပြီး ရုံးတက် ရုံးဆင်း ပြုလုပ်နေရတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ နေ့စဉ် ဘတ်စ်ကား စီးရတဲ့ ဒုက္ခ ရင်တွင်း ခံစားချက်ကို မသိရှိသေးတဲ့ ပုဂ္ဂိုလ်ကြီးတွေ သိရအောင် ပြောပြ ချင်ပါတယ်ရှင်။

ကားပေါ် တက်လိုက်တာနဲ့ စပယ်ယာရဲ့အော်ငေါက်သံနဲ့အတူ ပရမ်းပတာ အပြိုင်အဆိုင်မောင်းတဲ့ ယာဉ်မောင်းရဲ့ဒေါသကြောင့် သမ္ဗုဒ္ဓေကိုစပြီး ရွတ် ဖြစ်ပါတယ်။ အထူးကားစီးပြီး မထူးတဲ့ အခြေအနေနဲ့ ထိုင်ခုံနှစ်ခုကြား လျှောက်လမ်းမှာ ကြပ်ညပ်နေတဲ့ လူတွေကို တိုးပြီး အသက်ကို မနည်းမှန်အောင် ရှူရတာက နေ့စဉ် ကြုံရတဲ့ဒုက္ခပါ။ ကျွန်မက မျက်မှန်သမားပါ။ ဘတ်စ်ကား တိုးရင်း မျက်မှန်လည်း ကျွတ်ထွက်ဖူးပါတယ်။

အင်္ကျီကြယ်သီးလည်း ပြုတ်ခဲ့ဖူးပါတယ်။ ခါးပိုက်နှိုက်လည်း နှစ်ခါခံရပြီး ရှိစုမဲ့စု လစာလေးတွေ ပါခဲ့ဖူး ပါတယ်။ ပြတင်းပေါက်ဘက်မှာ နေရာရလို့ စိတ်ချမ်းသာစွာ ထိုင်စီးတော့မယ် ကြံတုန်း မိုးကရွာ၊ တံခါးပိတ် မရလို့ ထီးဖွင့်ဆောင်း၊ တစ်ကိုယ်လုံးလည်း ဘတ်စ်ကားစီးရင်း မိုးရေ စိုရွှဲ ခဲ့ရဖူးပါတယ်။

ကျွန်မ ဆိုလိုချင်တာကတော့ Air-Con တပ်ထားတဲ့ ဘတ်စ်ကားကြီးတွေကို နိုင်ငံတကာမှာလို အဆင့်မြင့်မြင့် ထိုင်စီးရင်း စိတ်ချမ်းသာစွာ နေ့စဉ်ရုံးတက်/ရုံးဆင်းဖို့ မမျှော်မှန်း ရဲသေးပါဘူး။ လောလောဆယ် ကျွန်မတို့လို မြန်မာ အမျိုးကောင်းသမီးတွေ ဣနြေ္ဒရှိရှိ စီးနိုင်မယ်၊ တံခါးလေးတွေ မိုးရွာရင် ပိတ်လို့ရနိုင်မယ်၊ ကားစီးရေ များများလေးနဲ့ စီးတဲ့ ခရီးသည်တွေ ချောင်ချောင်ချိချိလေး စိတ်ချမ်းသာစွာ စီးနိုင်မယ်၊ သမ္ဗုဒ္ဓေ ရွတ်ရင်းနဲ့ တစ်လမ်းလုံး ဘယ်တော့ ကားတိုက်မလဲလို့ ရင်တထိတ်ထိတ်နဲ့ စီးနေရတဲ့ ဒုက္ခများက ကင်းဝေးစေအောင် စွမ်းဆောင်ပေးကြမယ် ဆိုရင်တောင် ဆိုင်ရာဆိုင်ရာ လူကြီးမင်းများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ကျန်းမာ ချမ်းသာစေရန် နေ့စဉ် ဆုတောင်း မေတ္တာပို့သ နေမိမှာ အမှန်ပါပဲရှင်။

မှတ်ချက်။ ကားက တိုက်လိုက်ပြီဆိုရင် ခရီးသည်တွေက ဒဏ်ရာရတဲ့သူကရ၊ သေတဲ့သူကသေ၊ ပရမ်းပတာ စည်းပျက် ကမ်းပျက် လုပ်ချင်ရာလုပ်၊ မောင်းချင်သလို မောင်းတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာက ထွက်ပြေး၊ ထိထိရောက်ရောက် လိုက်လံ ဖမ်းဆီး အရေးယူလိုက် တယ် ဆိုတာကလည်း ဆယ်ခါမှာ တစ်ခါလောက်ပဲ ကြားဖူးပါတယ်။

သီတာ၊ အင်းစိန်

အောက်တိုဘာလ ၈ ရက်နေ့ထုတ် The Voice Weekly Vol.8/ No.40 ပါ Opinion ကဏ္ဍမှ ဖော်ပြချက်

ဖားကန့်တွင် တိုက်ပွဲဖြစ် ကျောင်းသား ၃၀၀ ခန့် ၃နာရီ ကျော်ကြာ ပိတ်မိ

The Voice Weekly
   ရန်ကုန် ၊ အောက်တိုဘာ ၉

    ကျောက်စိမ်းများ ထွက်ရှိသော ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာတွင် တပ်မတော်နှင့် ကေအိုင်အေ တို့ အောက်တိုဘာလ ၉ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် ဝန်းကျင်မှ စ၍ တစ်နာရီကျော်ကြာ တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာရှိ အထက်တန်း ကျောင်းမှ ကျောင်း သား ၃၀၀ခန့် ၃နာရီ ကျော်ကြာ ပိတ်မိ ခဲ့ကြောင်း ဒေသခံ များက The Voice Weekly သို့ ပြောကြားသည်။

    တပ်မတော် စစ်ကြောင်း ခမရ ၃၈၂ မှ တပ်သား အင်အား ၂၀၀ ခန့် နှင့်ကေအိုင်အေ တပ်မဟာ ၂ အောက် တပ် ရင်း ၆ တို့ လုံးခင်း ကျေးရွာနှင့် လယ်ပြင် ကျေးရွာအကြား လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

    "လက်နက်ကြီး အလုံး၂၀ ကျော် ထုတယ်။အိမ်ရှေ့မှာ တစ်လုံး ကျတယ်။ဘယ်ဖက်က ထုမှန်း မသိရဘူး" ဟု မှော်စီစာ ဘုရား အနီး နေထိုင်သော အမျိုးသား တစ်ဦးကဆိုသည်။

    ယင်းတိုက်ပွဲ ဖြစ်ပွားချိန်သည် ကျောင်းသား များ ကျောင်း တက်ချိန် ဖြစ်သည့် အတွက် လုံးခင် ကျေးရွာ ပေါ်ရှိ ကျောင်းသားများကို မိဘများ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသား များမှာ ပြန်နိုင်ခြင်း မရှိသောကြောင့် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာ ရပ်ကွက် ဓဋိကာရာမ ကျောင်း တိုက်တွင် ကျောင်းသား ၃၀၀ကျော်ကို စောင့်ရှောက် ထားကြောင်း လုံးခင်ကျေးရွာရှိ ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

    " ကျောင်းနားက ကျောက်စိမ်းရုံးကို ကေအိုင်အေက လက်နက်ကြီးနဲ့ ထုတာ" ဟု ၄င်းက ဆိုသည်။ ကေအိုင်အေ နှင့် နီးစပ်သူ တစ်ဦး ကမူ " ကေအိုင်အေ က ပြောက်ကျားနဲ့ တိုက်ပြီး ပြေးတာ ကို အစိုးရ တပ်တွေက လက်နက်ကြီးတွေ နဲ့ လိုက်ထုတာ" ဟု ဆိုသည်။

    ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ် ခဲ့ခြင်းကြောင့် လူငယ်တစ်ဦး ကျောက်စိမ်းရှာဖွေသော ကျင်းထဲသို့ ကျောက်ခဲများ ပိကာ သေဆုံး သွားကြောင်း ဒေသခံများက ဆိုသည်။

    နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ညနေ ၆ နာရီ မိနစ် ၂၀ တွင် လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း ဒေသ ခံများက ဆက်လက်ပြောကြားသည်။