Saturday, October 27, 2012

OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို

ဇော်မိုး (မြစ်မခ)

OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် အစ္စလာမ်လူမျိုးတို့မှ မကျေနပ်သည့် တုန့်ပြန်မှု ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင် ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိရခိုင်လူမျိုးထမင်းစားနေသည်ကို အစ္စလာမ်လူမျိုးတစ်ဦးမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော ဒေသခံ ရခိုင်လူမျိုးများနှင့် တဖက်နှင့် တဖက် ရန်ပြုရာမှ ကျေးရွာ(၇)ခန့် မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

မင်းပြားမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့ပြီးသော အစ္စလာမ်များ နေထိုင်ရာ ကျေးရွာ မီးလောင်မှုများ သည် OIC ကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို တုန့်ပြန်သည့်အနေ ဖြင့် ကြိုတင်ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင် လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။

အစ္စလာမ်လူမျိုးများ နေထိုင်ရာ ကျေးရွာများ OICကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများး မီးလောင်မှု များကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ကို တုန့်ပြန်သည့်အနေဖြင့် ကြိုတင် ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင်လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။

မင်းပြားမြို့တွင် မွတ်ဆလင်လူမျိုးများ နေထိုင်ရာ ပိတ်သေရွာမှလူနည်းစု ရခိုင်လူမျိုးများကို ရန်ပြုရာမှ စတင်ဖြစ်ပွားခဲ့ရပြီး တစ်ဖက်နှင့် တစ်ဖတ် ခိုက်ရန်ပြုရာမှ ရခိုင်လူမျိုးများ စုရုံးခဲ့ခြင်းကြောင့် မွတ်စလင် လူမျိုးအများစုနေထိုင်သည့် သရက်အုပ်၊ အောက်တိုင်၊ ပုတ်ဖြတ်၊ စမ္ဘလေ၊ ပိတ်သေ၊ ကာဒါ၊ ကန်ထိုး တန်း၊ နဂါးယက်-ပေါက်တော စသည့်ကျေးရွာများမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

“ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီးခြုံငုံပြောချင်ပါတယ်၊ရာဇ၀တ်မှုတွေ ထူပြော လာရတာနဲ့ ပတ်သက်ပြီး၊ တရားဥပဒေယုံကြည်စိတ်ချမှုရှိလာအောင် ပြည်သူတွေကြားမှာ စေ့ဆော်ဆောင်ရွက် ဖို့လိုပါတယ်၊ အပိုင်း(၂) ပိုင်းနဲ့ပြောရရင် တစ်ပိုင်းက တရားဥပဒေ စိုးမိုးမှု ရှိရပါမယ်၊ ကျန်တစ်ပိုင်းက အခုဖြစ် နေတဲ့ ဘာသာကြီးနှစ်ခုကြားမှာ ချစ်ကြည့်မှုတွေရှိလာအောင် တာဝန်ရှိသူတွေ က ဆောင်ရွက်ပေးနိုင်မယ်ဆို ရင် ပိုကောင်းပါမယ် ”ဟု အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌ ဦးဝဏ္ဏရွှေက ပြောသည်။

မွတ်စလင်လူမျိုးများအနေဖြင့် က ပုဒ်မ(၁၄၄) အား မသိသလိုနေ၍ ညဘက်တွင် သွားလာလှုပ်ရှားမှုများ ရှိနေပြီး ကားလမ်းပေါ်တွင် အများဆုံး သွားလာကာ နွား၊ ဆိတ်များကို ကားလမ်းပေါ်တွင်လွှတ် ကျောင်းမှုများရှိခဲ့ပြီး ကားလာလျှင် နွားကို ခဲဖြင့် ပေါက်သလိုနှင့် ကားကို ပစ်ပေါက်မှုများရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။

“ည (၇) နာရီကနေ မနက် (၆) နာရီအထိ မထွက်ရဟု ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ဘက်က ဥပ ဒေကို လိုက်နာလို့ မထွက်ရဲဘူး သူတို့မီးလာရှို့ရင်လည်း ခံရဦးမယ်။ အိမ်ပေါ်က ဆင်းပြန်ရန်လည်း ညမထွက်ရဆိုပြီး သေနတ်နဲ့ အပစ်ခံရဦးမယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာ OIC ကိုလက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲကြောင့် မွတ်ဆ လင်လူမျိုးများက သူတို့ဆီကို လာမည့်အကူအညီများမရနိုင်တော့သည့်အတွက် မခံမရပ်နိုင်ဖြစ်ကာ ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်ပွားမီ ပိတ်သေရွာတွင် မွတ်ဆလင်လူမျိုးများက မိန်းမနှင့် ကလေးများကို တခြားရွာသို့ ပို့ဆောင်ပြီး အသင့်ပြင်ဆင်ထားသည်ဟု သိရသည်။

အောက်တိုဘာလ (၂၅) ရက်နေ့က မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် မင်းပြားမြို့ တပ်နယ်မှူး ဒုတိယ ဗိုလ်မှုးကြီး ခင်မောင်ညွန့်က ဦးစီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်ကျော်နှင့် မြို့နယ် ပြည် ခိုင်ဖြိုးအဖွဲ့ဝင် များ မြို့နယ်ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ မင်းပြားမြို့ တည်ငြိမ် အေးချမ်းရေး အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှုး ကိုအောင်စိုးသန်းမှ ပြောသည်။

“ကျွန်တော်တို့ မြို့မိမြို့ဖတွေကလည်း မင်းပြားမြို့က ဆရာတော်တွေရဲ့ သြ၀ါဒခံယူပြီး ဒေသခံတွေကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံမင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားရန် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက် မှုစာချွန်လွှာ (MOU)ကို စက်တင်ဘာ လ(၁၁)ရက်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၀န်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ သော် လည်း မြန်မာနိုင်ငံ၌ (OIC)ရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ် ကြောင်း အောက်တိုဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။
Myit Makha Mediagroup

ရခိုင်ပဋိပက္ခသုံးသပ်ချက်အစီရင်ခံစာသတ်မှတ်ချိန်အတွင်း မပြီးနိုင်

by Myanmartandawsint Newspaper on Thursday, October 25, 2012 at 7:33pm
ရန်ကုန် အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ သုံးသပ်ချက်အစီရင်ခံစာအား နိုဝင်ဘာ ၁၄ တွင် အချိန်မီတင်နိုင်မည်မဟုတ်ကြောင်းကို ရခိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ကော်မရှင်အဖွဲ့သည် နိုင်ငံတော်သမ္မတက ချမှတ်ပေးထားသည့် လုပ်ငန်းစဉ် ၈ ရပ်နှင့်အညီ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် သုံးသပ်ချက် အစီရင်ခံစာကို တင်ပြရမည်ဖြစ်သည်။
““ကျွန်တော်တစ်ယောက်တည်း သဘောထားပြောရမယ်ဆိုရင်တော့ အဆင်မပြေဘူး။ မပြီးလောက်ဘူးလို့ ထင်ပါတယ်။ သမ္မတချမှတ်ထားတဲ့ တာဝန် ၈ ခုစလုံး မပြီးသေးတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ခွဲတင်သွား မယ်။ နောက်ဆုံးအချောသတ် အစီရင်ခံစာကို နိုဝင်ဘာ ၁၄ မှာ မပြီးနိုင်ဘူး။ ဒီရက်ပိုင်းမှာတော့ အစပျိုး အစီရင်ခံစာ တင်နိုင်အောင် ကြိုးစားနေပါတယ်””ဟူ၍ ရခိုင်စုံ စမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာက မြန်မာသံတော်ဆင့်သို့ဖြေကြားခဲ့သည်။
ကော်မရှင်အဖွဲ့ဝင်များသည် အလှည့်ကျသွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံး၏ အခြေအနေတင်းမာမှုသည် အရင်အတိုင်း ပြန်လည်ရရှိရန် ခက်ခဲမှုရှိကြောင်း၊ ပြဿနာအကြောင်း အရင်း၏အဖြေကို ရှာတွေ့နေပြီ ဆိုသော်လည်း ကာယကံရှင်များ အပေါ်မှာသာမူတည်ကြောင်း၊ ရခိုင် အရေးသုံးသပ်ချက်အစီရင်ခံစာနှင့် ပတ်သက်၍လည်း ““နိုဝင်ဘာ ၁၄ မှာ အချိန်မီပြီး၊ မပြီးဆိုတာအဖွဲ့ ၀င်တစ်ယောက်အနေနဲ့ ပြောဖို့ခက်တယ်။ လောလောဆယ်တော့ နောက်ဆုံးအဆင့်လိုက် မလုပ်ရ သေးပါဘူး””ဟူ၍ အဖွဲ့ဝင်ဒေါ်သန်းသန်းနုက ဖြေကြားခဲ့သည်။
ရခိုင်အရေးကိစ်္စများနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ““နိုဝင်ဘာမှာ မပြီးနိုင်ဘူး။ အစီရင်ခံစာကြီး မတင်နိုင်ရင်တောင် ကြားဖြတ်အစီရင်ခံစာတော့ တင်နိုင်မှာပါ။ အခက် အခဲတော့ မတွေ့ရပေမယ့် နှစ်ဖက်က တွေ့ဆုံတဲ့အဆင့်ပဲရှိသေးတယ်။ ညှိနှိုင်းတဲ့အဆင့် မရောက်သေးဘူး””ဟူ၍ ပြန်လည်ဖြေကြားခဲ့ သည်။      
------------------------ နေပြည်တော်၊ အောက်တိုဘာ ၂၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မေးမြန်းလိုသော အသေးစိတ်အချက်အလက်များအား မေးမြန်းနိုင်ကြောင်းနှင့် မီဒီယာများအနေဖြင့် သမ္မတကြီးကို ပျော်ရွှင်အောင်ထားရန် အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသော နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းမီဒီယာများတွေ့ဆုံ ပွဲမစတင်မီ၌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက တက်ရောက်လာသော မီဒီယာများအား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ““အသေးစိတ်ကိစ္စတွေကျရင် ကျွန်တော်တို့ကို မေးလို့ရပါတယ်။ တကယ်တော့ ဒီပွဲက ကျွန်တော်တို့ပွဲလည်း မဟုတ်ဘူး။ သမ္မတကြီးရဲ့ပွဲပဲဖြစ်ပါတယ်။ သမ္မတကြီးက မဟာဗျူဟာပိုင်းတွေ သူပြောပြပါမယ်။ နည်းဗျူဟာပိုင်း အသေးစိတ်အချက်အလက်လေးတွေကျရင်တော့ ကျွန်တော်တို့၊ ဦးအောင်ကြည်၊ ဦးစိုးသိန်းတို့ကို ကြိုက်တဲ့အချိန် မေးလို့ရပါတယ်။ ဒီထဲမှာ မီဒီယာတွေကပြောတယ်။ ဒီလိုပွဲမျိုးကို တစ်လကိုတစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ ထပ်လုပ်ဖို့ရော အစီအစဉ်ရှိလားလို့ ကျွန်တော့်ကိုမေးတယ်။ သမ္မတကြီးကတော့ ပျော်ရင်လုပ်မှာပေါ့လို့၊ မပျော်ရင်တော့လည်း ဘယ်လုပ်မလဲလို့။ အဲဒီတော့ သမ္မတကြီးပျော်အောင် ခင်ဗျားတို့ လုပ်ပေးကြပေါ့ဗျာလို့ ကျွန်တော် အဲဒီလိုပဲပြောလိုက်ပါတယ်။ သမ္မတကြီးက ခင်ဗျားတို့ကို တလေးတစားနဲ့ ပြည်တွင်းမီဒီယာတွေကို လေးလေးစားစားထားပြီးတော့ တွေ့ပေးတဲ့ပွဲလို့ပဲ ခင်ဗျားတို့စိတ်ထဲမှာ သဘောထားပေးပါ။ ဒီထဲမှာ မဖြေလိုက်ရတဲ့ မေးခွန်းတွေ ဘာတွေရှိတယ်ဆိုလည်း ကျွန်တော်တို့ကို မေးရင်လည်း ကျွန်တော် တို့ ဖြေလို့ရပါတယ်။ သမ္မတကြီးက မဟာဗျူဟာပိုင်းကိုတော့ သူပြောသွားမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးလေးက ပထမဦးဆုံးဖြစ်တယ်။ နောက်လည်း ဒီလိုပွဲမျိုးလေးတွေ ဖြစ်သွားအောင် ကျွန်တော်တို့ကြိုးစားပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီတော့ ဒီမှာရှိတဲ့အဖွဲ့တွေအားလုံးက နားလည်ပေးဖို့တင်ပြအပ်ပါတယ်”” ဟုပြောကြားခဲ့သည်။ ယင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ တက်ရောက်ခဲ့သည်။
--------------------------------------

ရခိုင်အရေးကိစ္စဆွေးနွေးရန် ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့်သတင်း မဟုတ်မှန်
ရန်ကုန်၊ အောက်တိုဘာ ၂၄

လွှတ်တော်တွင် ရခိုင်အရေး ကိစ္စဆွေးနွေးရန် အမျိုးသားဒီမိုကရေစီပါတီသစ်က ရခိုင်ဘက်မှ ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်းကို အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရခိုင်အရေးဖြစ်ပြီး ၁ ပတ် ၁၀ ရက်ကာလတွင် ရိုဟင်ဂျာ ၅ ယောက်က ရခိုင်ဒုက္ခသည်များကို ကူညီပံ့ပိုးရန် (NNDP) ရုံးသို့ ငွေကျပ်သိန်း ၆၀၀ ကျော် လက်ခံရန် လာပြောကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်းမည့် ငွေကြေး ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင်လည်း လှူပေးမည်ဖြစ်ကြောင်းနှင့် လေယာဉ်လက်မှတ် အသွားအပြန်ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာများမှ တာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေးတာဝန်ခံက ပြောသည်။
““ဒီငွေတွေကို ငါတို့ပါတီအနေနဲ့ လက်ခံလို့မရဘူး။ ရခိုင်ဒေသမှာ လှူချင်ရင် အစိုးရထံကို သွားလှူလို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင်အရေးကိစ္စဆွေးနွေးတာကလည်း ရခိုင်လူမျိုးတွေအတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီးအတွက် ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့သမိုင်း၊ အထောက်အထားတွေက ရခိုင်ဘက်က ပေးလာတဲ့ အထောက်အထားကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့ အချက်အလက် တွေကိုလည်း အခြေမခံဘူး။ သမိုင်းသုတေသီတွေက ပေးလာတဲ့ အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြခဲ့တာဟု NNDP ဥက္ကဋ္ဌဦးသိန်းညွန့်က ပြောသည်။
““သူတို့လှည့်ကွက်ထဲလည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်းချက်မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သပိတ်မှောက်မယ်လို့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ (သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမြို့နယ်) လို့ လိပ်မူပြီး ခြိမ်းခြောက်စာတစ်စောင် ရောက်လာတယ်””ဟု ၎င်းက ထပ်မံ ပြောသည်။
ထိုစာ၏ဇာစ်မြစ်၊ ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း ၁၉၈၂ ခုနှစ် အမျိုးသားနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန်မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။   


ကေကေတီ

ဘင်္ဂလီအချင်းအချင်း သဘောထားမတူ

Rakhine Straight Views
ဘင်္ဂလီအချင်းအချင်း သဘောထားမတူသဖြင့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်များမှ ဘင်္ဂလီများကို စစ်တွေမြို့နယ်မှ ဘင်္ဂလီများလက် မခံ လိုက်ကြောင်းသိရှိရပါသည်။
ယင်းအတွက် အဆိုပါဘင်္ဂလီများသည် ယခုအခါတွင် မောင်တောမြို့မြောက်ပိုင်း ၊ တောင်ပြိုမြို့နယ်ခွဲတွင် နေရာချထားခွင့်ရရှိမည် ဟု သိရှိရကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်အစိုးရမှ ဘင်္ဂလီများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

27.10.2012 ရက်နေ့ ကျောက်တော်မြို့သတင်း
-------------------------------
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယခု လက်ရှိသတင်းအရ အလောင်း နောက်ထပ်(၂) လောင်းကို ထပ်မံ တွေ့ရှိရသည်ဟု သိရှိရပြီး ယခုအခါ သေဆုံးသူ စုစုပေါင်းမှာ (၈) ယောက်ရှိသွားပြီးဖြစ်ပါသည်။ ဒဏ်ရာ ရသူများမှာ ကျောက်တော်မြို့ ပြည်သူ့ ဆေးရုံနှင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံသို့ သယ်ယူလာသော လူနာပေါင်း (၁၄) ယောက်ရှိသည်ဟု သိရှိရပါသည်။ ယခုအခါ တချို့အတည်မပြုနိုင်သော သတင်းအရ လူအချို့ပျောက်ဆုံးလျှက်ရှိသည်ဟု သိရှိရပါသည်။

27-10-12 ၃း၄၅ အချိန်သတင်း
--------------
ရခိုင်ပြည်နယ်၏ ယနေ့အခြေအနေမှာ အေးချမ်းနေကြောင်းသိရသည်။ သို့သော်လည်း မောင်တောမြို့နယ် အတွင်းကျေးလက်ဒေသအချို့မှ မိသားစု အချို့သည် စစ်တွေမြို့နှင့်အခြားမြို့များသို့ ပြောင်းရွှေ့သွားနေသည်များ လည်း ရှိကြောင်းနှင့် ဒေသလုံခြုံမှုအတွက် စိုးရိမ်သဖြင့် နေရပ်စွန်ခွာသူများ အနည်းငယ် ရှိနေကြောင်းသိရှိရပါသည်။
ယင်းသို့ နေရပ်စွန့်ခွါသူအရေအတွက် များပြားလာမည်ကို ဒေသခံများက စိုးရိမ် လျက်ရှိကြောင်းနှင့် အခြားမြို့နယ်များတွင် လည်း ဘင်္ဂလီရွာများနှင့် လွန် စွာနီးစပ်သည့် အထားတွင်ရှိနေသော ရွာများမှာ သက်ကြီးရွယ်အို၊ကလေး၊ ဒုက္ခိတများအား ရွှေ့ပြောင်းထားမှုများကိုလည်း သိ ရှိရကြောင်း ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်များမှ RSV သို့ ယနေ့ ညနေပိုင်းတွင်ပြောကြားခဲ့ပါသည်။
Tun Naing Soe

မင်းပြား၊ မြောက်ဦးတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ
=========================================

... အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်
ခွာထွက်ပြေးသူပေါင်း (၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံ
များသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိ
မည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။

"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်
ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။

မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။
တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတို
တက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့
ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး
ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေး
လျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေ
ခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။

ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။
"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်
များတွင် ဖြစ်ပွားခဲ့သည့်ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ
သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး
အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်
ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်။

By : Arakan Times


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သတ်ပြီး ကြေငြာချက်ထုတ်ပြန်

KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြေလည်မှု ရရှိ

The Voice Weekly

ရန်ကုန်။အောက်တိုဘာ ၂၇

KNU ခေါင်းဆောင် များ ကြားအကွဲ ပြဲ ပြသနာကို ဗဟိုကော်မတီ အစည်းဝေး တွင် ပြေလည်မှု ရရှိ ပြီဖြစ်ကြောင်း KNU ဗဟိုကော်မတီက အောက်တိုဘာ ၂၇ ရက်နေ့ ရွက်စွဲဖြင့် အရေးပေါ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသည်။
...
အောက် တိုဘာ ၂၅ ရက် နေ့ နှင့် ၂၆ ရက် နေ့တွင် ကျင်းပသောအဆိုပါ ဗဟိုကော်မတီ အစည်းဝေးတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ကထုတ်ပယ် ခဲ့သောခေါင်းဆောင် ၃ ဦးကို၁၄ ကြိမ်မြောက် ညီလာခံက တာဝန်ပေး အပ်ထားသည့် ရာထူးများအတိုင်း ၁၅ကြိမ် မြောက် ညီလာခံထိ တာဝန် ဆက်လက်ပေးရန် သဘောတူညီ မှု ရရှိခဲ့ကြောင်း KNU ဗဟိုကော်မတီ ၀င်တစ်ဦးက ဆိုသည်။

စက်တင်ဘာ လ ၂၇ ရက်နေ့ ကပြုလုပ်သော KNU ဗဟိုကော်မတီ အစည်းဝေး တွင် KNU /KNLA စစ်ဦးစီးချုပ် မှုးတူးစေးဖိုး ၊ဗဟိုတရားရေး တာဝန်ခံ ပဒိုဒေးဗစ် ထော နှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ဖဒိုစောရော်ဂျာခင်တို့ အား စည်းကမ်းချိုးဖောက် သည်ဟုဆိုကာတာဝန်မှ ရပ်ဆဲလိုက်ခြင်းကြောင့် KNLAတပ်မဟာအချို့ တွင် သဘောထား ကွဲလွဲမှုများဆက် တိုက်ပေါ် ပေါက် လာဖြင်း ဖြစ်သည် ။

အဆိုပါ ထုတ်ပယ်ခံရသော KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှုးဗဟိုတရားရေး တာဝန်ခံ ဖဒိုဒေးဗစ်ထောမှာအောက်တိုဘာ ၁၄ ရက်နေ့ကရန်ကုန်မြို့ မင်္ဂဒုံစစ်ဆေးရုံတွင် အဆုတ် ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ယင်းဗဟိုကော်မတီ အထူးအစည်းဝေး သို့ KNU ဗဟိုအမြဲတမ်းကော်မတီ နှင့် ဗဟိုအရန် ကော်မတီ ၄၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။

KNU ဗဟိုအမြဲတမ်းကော်မတီ အထူးအရေးပေါ် အစည်းအဝေး သဘောထားထုတ်ပြန်ချက်

အောက်တိုဘာ ၂၅ ရက်ရခိုင်ပြည်နယ်အိမ်ခြေ ၃၈၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ၁ဝ ဦး သေဆုံး

Yangon Media Group ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် ပေါက်တောတို့ ၌ ဆူပူ အကြမ်းဖက် မီးရှို့မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့
==========================================
နေပြည်တော် အောက်တိုဘာ ၂၆
==========================================
ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် ပေါက်တော မြို့နယ်တို့၌ အောက်တိုဘာ ၂၅ ရက် တွင် လူစု လူဝေးများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် အိမ်ခြေ ၃၈၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ၁ဝ ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
...
ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ကျေးရွာ၌ နနံက်၅ နာရီခွဲ ခန့်တွင် လူစုလူဝေးများက မီးရှိုခဲ့သဖြင့် အိမ်ခြေ ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့၍ ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းလူစုလူဝေးမှ စွန်ပစ်ခဲ့သည့် ဒေသလုပ် တူမီးသေနတ် ၄၁ လက်အား သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် လူစုလူဝေးများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် အိမ်ခြေ ၃ဝ ခန့် မီးလောင်ဆုံးရှုံးပြီး နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ကျောက်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်၊ သန်ပန်ချောင်း ရပ်ကွက်နှင့် တောင်ရင်းကျေးရွာအုပ်စု တိုးချဲ့ရပ်ကွက်တို့၌ နံနက် ၁၁ နာရီခန့်တွင် ဆိုင်များဖျက်ဆီးခြင်း၊ လူအုပ်စုဖြင့် အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်၌ မွန်းလွဲ ၂ နာရီခန့်တွင် လူစုလူဝေးများက လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၁၅၃ လုံးနှင့် အဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပေါက်တောမြို့ ဘဝမ်းချောင်းဝစု ရပ်ကွက်အား လူစုလူဝေးများက မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၁၈၃ လုံးနှင့် အဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အောက်တိုဘာ ၂၁ ရက်မှ ၂၅ရက်အထိ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက် မှုများကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တော မြို့တို့၌ စုစုပေါင်းသေဆုံးသူ ၆၇ ဦး၊ ဒဏ်ရာရရှိသူ ၉၅ ဦးရှိပြီး အိမ်ခြေ ၂၈၁၈ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၈ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နေရာများသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများက သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း များနှင် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး၊ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေး တို့အတွက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

source: : http://www.ministryofinformation.gov.mm/index.php/news/local-news/1183-2012-10-27-06-01-59.html

ရွာသူတွေကို နှုတ်ခမ်းပေါက်တဲ့ အကြမ်းဖက် ၀င်ရောက် ထိုးနှက်

Nay Wai

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်းတောင်စီမံကိန်းဒေသ ဆည်တည်းရွာနှင့် ကျော်ရွာနှစ်ရွာအား အချိန်ကိုက် တစ်ပြိုင်နက် လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေများပုံသည်ကို လယ်သမားများမှာ ရွာအလိုက် နှစ်ဖက်ခွဲ တားဆီးနေစဉ် လာရောက်ပုံသော တရုတ်လူမျိုးနှစ်ဦးအား ရွာသူရွာသားများမှ ခေါ်ယူထားပြီး ကုမ္ပဏီမှ လာရောက်ဖြေရှင်းပေးလျှင် ပြန်လွှတ် မည်ဖြစ်ကြောင်းပြောခဲ့သည်။သို့သော်ယခုအလုံထိန်းဝန်ထမ်း တွေက ရွာသူတွေကို နှုတ်ခမ်းပေါက်တဲ့ အကြမ်းဖက် ၀င်ရောက် ထိုးနှက်၍ တရုတ်များအား ခေါ်ဆောင် သွားသဖြင့် ရွာသူတစ်ဦး နှုတ်ခမ်းပေါက်ပြဲဒဏ်ရာနှင့်ကျန်ခဲ့ပြီး စွန့်ပစ်မြေများ မပုံရန် ငိုယိုတောင်းပန်နေကြောင်းသိရသည်။
အခုဖြစ်နေတာမီဒီယာတွေကို ဒီနံပါတ်ကိုဆက်သွယ်ခိုင်းပေးပါ
၀၉၄၀၀၄၀၈၂၃၆ ဗထူးမှတဆင့် ရွာသူရွာသား များအား မေးမြန်းနိင်ပါသည်။

တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်


ခွန် ဒီးယမ်
“(ပြည်သူ)အားလုံး မျှမျှတတအခြေခံပေါ်ကနေ (ကိုယ်စားလှယ်လောင်းတွေကို) ရွေးချယ်နိုင်အောင်လို့ နောက်သက်တမ်းမှာ (ထပ်မံ)အရွေးချယ်ခံချင်တဲ့ မည်သူမဆို ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်ဘူးလို့ မြင်တယ်။ တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်း ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့ဆိုတာ ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက (ညောင်နှစ်ပင်မှာ) ဖွဲ့စည်းပုံ အခြေခံဥပဒေညီလာခံ(ကျင်းပခဲ့စဉ်တုန်းက) ဥက္ကဋ္ဌလုပ်ခဲ့တာ မဟုတ်ဘူးလား” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား (24-10-2012)