Wednesday, January 30, 2013

ဂျာနယ်တစောင်ကိုရှိသလောက် စောင်ရေ အကုန်လိုက်သိမ်းဝယ်နေ

အဖြူရောင်မီဒီယာ's photo.
ပြီးခဲ့တဲ့အပတ်ကထွက်ခဲ့တဲ့ ဂျာနယ်တစောင်ကို လက်ပွေ့အရောင်းသမားတွေထံကနေ ရှိသလောက် စောင်ရေ အကုန်လိုက်သိမ်းဝယ်နေတယ်လို့ သတင်း ကြားတာနဲ့ ဘာသတင်းထူးများပါလို့ ပါလိမ့်လို့ လိုက်ရှာကြည့်မိတယ်။
ဂျာနယ်မျက်နှာဖုံးကြည့်လိုက်တာနဲ့ သဘောပေါက်သွား တယ်။
အိုး-ဟိုး--- ဒါကြောင့်ကိုး..........

Maungmaung Skw ပြီးခဲ့တဲ့အပတ်ကထွက်ခဲ့တဲ့ ဂျာနယ်တစောင်ကို လက်ပွေ့အရောင်းသမားတွေထံကနေ ရှိသလောက် စောင်ရေ အကုန်လိုက်သိမ်းဝယ်နေတယ်လို့ သတင်း ကြားတာနဲ့ ဘာသတင်းထူးများပါလို့ ပါလိမ့်လို့ လိုက်ရှာကြည့်မိတယ်။
ဂျာနယ်မျက်နှာဖုံးကြည့်လိုက်တာနဲ့ သဘောပေါက်သွား တယ်။
အိုး-ဟိုး--- ဒါကြောင့်ကိုး..........

Maungmaung Skw

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး 5.18 အထိမ်းအမှတ်အာဇာနည်ဗိမာန်တွင်ဂါရဝပြု

by ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ

ဓာတ်ပုံမှားယွင်းဖော်ပြခဲ့မိခြင်းအတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ တောင်းပန်

Ye Htut

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ တောင်းပန်ချက်ပါ။ တောင်းပန်မှုဟာ လုပ်ရမယ့် အလုပ်ရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်။ သတင်းစဉ် (ပြည်တွင်း) နဲ့ သတင်းစာတိုက်သုံးတိုက်လုံးကို ပြည်သူတွေယုံကြည်မှုရရှိစေဖို့အတွက် ဆက်ပြီး လုပ်ဆောင်ရပါဦးမယ်။ အခုလို ကြီးမားတဲ့မှားယွင်းမှုမျိုးမဟုတ်ဘဲ နဲ့ အသေးအမွှားမှားယွင်းမှုတွေလည်း အများကြီးရှိပါသေးတယ်။ ဥပမာ။ လေယာဉ်ပျံအမျိုးအစားမှားပြီး ဓာတ်ပုံသုံးတာ၊ အားကစားသမား၊ အနုပညာရှင်နံမည်မှားတာ၊ မိုဘိုင်းဖုန်းသတင်းမှာ သတင်းပါ စာသားနဲ့ ဖော်ပြတဲ့ ဖုန်းအမျိုးအစားမှားတာ၊ နိုင်ငံတကာသတင်းမှာ ဘာသာပြန်မှုမှားတာ စသည်ဖြင့် အများကြီးရှိခဲ့ပါတယ်။

ဒါတွေဟာ သေးငယ်တယ်ဆိုပေမယ့် အရေအတွက်များလာတဲ့အခါ ယုံကြည်မှု ကို ထိခိုက်စေတာအမှန်ပါပဲ။ ဒါ့ကြောင့် သတင်းစဉ်ရော၊ သတင်းစာတွေရောအကုန်ပြင်ရမှာပါ။ တစ်ယောက်ကိုတစ်ယောက်လွှဲချနေ လို့ ဘယ်တော့မှ တိုးတက်မှာမဟုတ်ပါဘူး။ သတင်းစာတစ်စောင်မှာ သတင်းစဉ်ကပေးတဲ့သတင်းက ပျမ်းမျှ ၂၀% လောက်ပဲပါပါတယ်။ ကျန်တာ က သက်ဆိုင်ရာသတင်းထောက်များက ပေးတဲ့သတင်း၊နိုင်ငံတကာသတင်း၊ နယ်သတင်းတွေဖြစ်ပါ တယ်။ ဘယ်သတင်းဖြစ်ဖြစ် စိစစ်ရမှာပဲဖြစ်ပါတယ်။

ကုန်ကုန်ပြောရရင် ကျွန်တော်ပေးတဲ့သတင်းဆိုရင်တောင် တိုက်က အယ်ဒီတာက မှားနေ တယ်ထင်ရင် ပြန်ထောက်ပြနိုင်ရပါမယ်။ ထောက်ပြရဲတဲ့သတ္တိလည်း ရှိရပါ မယ်။

ကျွန်တော့်တို့ အရိုးစွဲနေတဲ့အကျင့် ကလည်း မှားတာကို ၀န်ခံဖို့ အတော်ဝန်လေးပါတယ်။တစ်ခါက ဆိုရင် သတင်းစာရဲ့ မှားယွင်းမှုကို တောင်းပန်ဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြား တယ်။ တကယ်ပါလာတော့ ပြည်သူသို့ အသိပေးချက်ဆိုတဲ့ ပုံစံနဲ့ ပါလာ တယ်။

မကြာခင်က လူမှုရေးအဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌကို နံမည်မှားရေး တယ်။ သက်ဆိုင်ရာအဖွဲ့က တရားဝင်စာနဲ့ အကြောင်းကြားတယ်။ သတင်းစာကို ပြင်ဆင်ချက်ထည့်ဖို့ ပြောတော့ နှစ်ရက်လောက်ကြာတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း ပြင်ဆင်ပြီးကြောင်း အကြောင်းကြားဖို့ ပြောတော့ အတော်ပြောယူရတယ်။ ဒီလိုအကြောင်းကြား တာအစဉ်အလာမရှိခဲ့ပါဘူးဆိုတဲ့ ဆင်ခြေမျိုးလည်း ကြားရတယ်။

ဒါတွေဟာ လက်တွေ့ဖြစ်နေတဲ့အခြေအနေပါပဲ။ ဒါတွေကို ပြင်ဖို့ အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ လက်အောက်က မှားရင်လည်း ကြီးကြပ်ဖို့လိုအပ်တဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။

အခုဖြစ်စဉ်မှာ မြန်မာတိုင်းမ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအမှားကိုသာ သူတို့ထောက်မပြခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ လွယ်လွယ်ရတဲ့ သတင်းဓာတ်ပုံတွေကို လွယ်လွယ်သုံးတဲ့အကျင့်ဆက်ရှိနေဦးမှာပါ။

ဒီအမှားက သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအတွက် အင်မတန်ကြီးမားတဲ့ အမှားပါ။ ဒီအမှားကနေ အင်မတန်ကောင်းမွန်တဲ့သင်ခန်းစာလည်း ရခဲ့ ပါပြီ။ ဒီကနေ ဆက်ပြီးကြိုးစားဆောင်ရွက်ဖို့ပဲလိုတယ်လို့ ခံယူပါတယ်။

မှားမှန်းသိရင် အမှန်ရောက်ဖို့ တ၀က်ခရီးပေါက်ပြီဆိုတဲ့စကားလည်း ရှိ တယ်မဟုတ်ပါလားဗျာ။

ဆိုးလ်မြို့ ဂျိုဆောန်ဟိုတယ် ဒေါ်အောင်ဆန်းစုကြည်အား ရိုးရာဝတ်စုံများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုသည့်ရုပ်သံ

kotun wai videos

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလ ၂၈နေ့ညနေ ၆း၃ဝ တွင် အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ချောမောစွာ ဆိုက်ရောက်လာပါသည်။

ည ၈း၀၀ နာရီတွင် ဆိုးလ်မြို့ ဂျိုဆောန်ဟိုတယ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံသား တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုသူများကို လှိုက်လှဲဝမ်းသာ နှုတ်ခွန်းဆက်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉၇က်နေ့မှ စ၍ စီစဉ်ထားသည့် ခရီးစဉ်နှင့် တွေ့ဆုံမှုများကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်သည်။
korea Record

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူမြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီ

DVB TV News's photo.
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
ဒီဗွီဘီ

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့  ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်  ခရီးရှည်လမ်းလျှောက်နေသူတွေဟာ  ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက  ကြိုဆိုတွေ့ဆုံပြီး  ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ  ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက အလံထောင်တာ၊ စီတန်းလှည့်လည်ပြီးတရားဟောတာ၊ စာရွက်စာတမ်းဝေငှတာ၊ ကြွေးကြော်သံတိုင်တာတွေ ဒါတွေ မလုပ်ရဘူးဆိုပြီး သဘောတူလက်မှတ်ထိုးရတယ်။ ဒီအချက်တွေ လိုက်နာရင် နယ်မြေဖြတ်သန်းစဉ်ကာလမှာ သူတို့ဘက်က အပြည့်အ၀ ကာကွယ်ပေးပါမယ် ပြောတယ်။ ကချင်ပြည်နယ်အတွက် သူ့မှာပါလာတဲ့ ငွေအားလုံး ကျနော်တို့ကို လှူဒါန်းလိုက်တယ်။ လှူဒါန်းငွေက ၂ သောင်းကျော်လောက် ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ၁ သောင်းလှူတယ်။ အဲနေရာမှာပဲ ဥပဒေအကြံပေးအပါအ၀င် ရတဲ့ငွေ ၃ သောင်းကျော်လောက်ရှိမယ်။ သူတို့ဘက်ကနေ ကျနော်တို့ကို ကူညီတဲ့ သဘောပါ။”

အလားတူ တောင်ငူမြို့ခံတွေကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လမ်းဘေးဝဲယာကနေ အစားအသောက်တွေ ဝေငှပြီး လိုက်လံအားပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

    “တောက်လျှောက် ဆိုင်ကယ်တွေနဲ့ လိုက်ဝန်းရံတယ်။ လိုအပ်တဲ့ အစားအသောက်တွေလည်း ပြင်ဆင်ထားကြတယ်။ တော်တော် ဂရုစိုက်ပါတယ်။ လေးစားစရာကောင်းပါတယ်။ ကျနော်တို့ကို အားပေးတယ်။ ကျနော်တို့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပေးတယ်။”

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူတွေဟာ ပြီးခဲ့တဲ့  ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကနေ စတင်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မိုင် ၈၀၀ ကျော် ခရီးကို ခရီးရှည်လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။  လတ်တလော ငြိမ်းချမ်းရေးလမ်းလျှောက်သူပေါင်း၊ သံဃာတော် ၅ ပါး အပါအ၀င်  အမျိုးသမီးနဲ့ အမျိုးသား အင်အား ၅၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီနေ့ည တောင်ငူမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး နောက်တနေ့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းနယ်နိမိတ်  ရေတာရှည်မြို့နယ်အထိ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်လာသူတွေကို သူတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၀ ခုလောက်ကတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

(ဓါတ်ပုံ - ကိုညီညီထွန်း - တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm) ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
ဒီဗွီဘီ

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက အလံထောင်တာ၊ စီတန်းလှည့်လည်ပြီးတရားဟောတာ၊ စာရွက်စာတမ်းဝေငှတာ၊ ကြွေးကြော်သံတိုင်တာတွေ ဒါတွေ မလုပ်ရဘူးဆိုပြီး သဘောတူလက်မှတ်ထိုးရတယ်။ ဒီအချက်တွေ လိုက်နာရင် နယ်မြေဖြတ်သန်းစဉ်ကာလမှာ သူတို့ဘက်က အပြည့်အ၀ ကာကွယ်ပေးပါမယ် ပြောတယ်။ ကချင်ပြည်နယ်အတွက် သူ့မှာပါလာတဲ့ ငွေအားလုံး ကျနော်တို့ကို လှူဒါန်းလိုက်တယ်။ လှူဒါန်းငွေက ၂ သောင်းကျော်လောက် ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ၁ သောင်းလှူတယ်။ အဲနေရာမှာပဲ ဥပဒေအကြံပေးအပါအ၀င် ရတဲ့ငွေ ၃ သောင်းကျော်လောက်ရှိမယ်။ သူတို့ဘက်ကနေ ကျနော်တို့ကို ကူညီတဲ့ သဘောပါ။”

အလားတူ တောင်ငူမြို့ခံတွေကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လမ်းဘေးဝဲယာကနေ အစားအသောက်တွေ ဝေငှပြီး လိုက်လံအားပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“တောက်လျှောက်ဆိုင်ကယ်တွေနဲ့လိုက်ဝန်းရံတယ်။လိုအပ်တဲ့အစားအသောက်တွေလည်း ပြင်ဆင်ထားကြတယ်။ တော်တော် ဂရုစိုက်ပါတယ်။ လေးစားစရာကောင်းပါတယ်။ ကျနော်တို့ကို အားပေးတယ်။ ကျနော်တို့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပေးတယ်။”

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကနေ စတင်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မိုင် ၈၀၀ ကျော် ခရီးကို ခရီးရှည်လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။ လတ်တလော ငြိမ်းချမ်းရေးလမ်းလျှောက်သူပေါင်း၊ သံဃာတော် ၅ ပါး အပါအ၀င် အမျိုးသမီးနဲ့ အမျိုးသား အင်အား ၅၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီနေ့ည တောင်ငူမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး နောက်တနေ့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းနယ်နိမိတ် ရေတာရှည်မြို့နယ်အထိ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်လာသူတွေကို သူတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၀ ခုလောက်ကတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

(ဓါတ်ပုံ - ကိုညီညီထွန်း - တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm)

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေတသီတတန်းကြီး ပေါ်လာပါတယ်။

အဲဒါတွေကတော့ ...
1. အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2. ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။
3. သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ သတိထားစရာ အသိပေးလိုခြင်း။
4. ယဉ်ကျေးသိမ်မွေ့သော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတရားကို ပျက်စီးစေခြင်း။
5. တရားသူကြီး၏ဆုံးဖြတ်ချက်သည် ယနေ့ဆိုးသွမ်းလူငယ်များကို အားပေးအားမြှောက်ပြုရာကျခြင်း။
6. အဇာတသတ်လက်သစ်ကို အားပေးအားမြှောက်ပြုသော ငွေကြေးလာဘ်လာဘတစ်ခုတည်းကိုသာ ကြည့်သည့်စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့သော ဒေ၀ဒတ်လက်သစ်များကို တွေ့ရှိရခြင်း။
7. တရားစီရင်ရေးယန္တရားကို ငွေကြေးဖြင့်ပေါက်ကာ တစ်လွဲအသုံးချနေသည်ကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။

ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် မကြာသေးမီက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို သိစေလိုခြင်းကြောင့် ရေးသားရခြင်း ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသတွင်းရှိ တရားရုံးများတွင် ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးမဏ္ဏိုင် ယိမ်းယိုင်ပြိုလဲနေပြီးမန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းနေသလို
တောင်ကြီးမြို့တရားရုံးမှာလဲ ရစရာမရှိအောင် ရွံရှာဖွယ်ကောင်းလောက်အောင် ပျက်စီးနေကြောင်းတရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးအဖွဲ့သားများ
တောင်ကြီးတရားရုံးကိုလည်း အရေးတယူဝင်ရောက်စစ်ဆေးပေးစေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။

အမှုအကြောင်းချင်းရာကို စုံစမ်းသိရှိရသည်မှာ- ပြစ်မှုကြီး အမှုအမှတ် ပြစ် ၄၆၆၈/၂၀၁၀မြေးဖြစ်သူ တရားလို ခွန်သီဟန် (၂၁နှစ်) သည် အဖိုးအရင်းဖြစ်သူ အိမ်တွင် အဖိုး (၈၂နှစ်) နှင့်အတူ နေထိုင်ပါသည်။ အခင်းမဖြစ်မီ ၃ ရက်လောက်ကတည်းက မြေးဖြစ်သူသည် အိမ်သို့ပြန်မလာပါ။
အခင်းဖြစ်သည့်နေ့ (၂၃-၉-၂၀၁၀) တွင် အဖိုးဖြစ်သူက သမီး (ခွန်သီဟန်၏အဒေါ်) အိမ်သို့ သွားရောက်နေပြီး အိမ်တွင်လူမရှိသောကြောင့် သော့ခတ်ထားပါသည်။ မြေးဖြစ်သူ နေ့ခင်း အိမ်သို့ပြန်လာတော့ အိမ်ထဲဝင်လို့မရပါ။ ပုံမှန်ဖြစ်သင့်သည်မှာ မြေးဖြစ်သူခွန်သီဟန်သည် အဒေါ်၏အိမ်သို့ ရောက်နေသောအဖိုးထံ သော့သွားတောင်းသင့်သော်လည်း သွားရောက်တောင်းဆိုခြင်းမပြုခဲ့ပါ။ ညနေခင်းတစ်ခေါက်ပြန်လာချိန်တွင်လည်း အဖိုးပြန်မရောက်သေးသဖြင့် အိမ်ထဲဝင်မရပြန်ပါ။
သို့နှင့် ရက်ကွက်ရုံး၊ ရဲစခန်းသို့ သွားရောက်ပြီး အဖိုးဖြစ်သူကို မတရားတားဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့် တရားစွဲလေတော့သည်။ (အမှုစစ်ဆေးချက်တွင် ပေါ်ပေါက်သည်မှာ ထိုအချိန်တွင် တရားလိုမြေးဖြစ်သူက အရက်မူးနေပြီဖြစ်သည်။)

တကယ်တော့ ဒီအမှုဟာ မိသားစုပြဿနာမျှသာ ဖြစ်ပါသည်။ ကြီးကျယ်သောအမှု မဟုတ်ပါ။ ရက်ကွက်ရုံးမှာတင် ပြီးသင့်သောပြဿနာပါ။ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးကလဲ အစပိုင်းမှာတော့ အမှုမဖွင့်ပေးပါဘူး။ (ဟုတ်တယ်လေ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" ဆိုတာ ရဲစခန်းနဲ့ တရားရုံးတို့ရဲ့ဆောင်ပုဒ်ပဲ မဟုတ်လား။)

ဒါနဲ့တရားလိုက မြို့နယ်ရဲမှူး (ထိုစဉ်က ဦးမောင်ဝင်း) ထံ ချဉ်းကပ်ပြီး အမှုဖွင့်ဖို့ မရ ရအောင် ကြိုးပမ်းတယ်။ "အဖိုးထောင်တစ်ရက်ပဲကျကျ ကျေနပ်တယ်" လို့ မြေးဖြစ်သူက ဆိုပါတယ်။ (ထိုဦးမောင်ဝင်းဆိုသူမှာလဲ မြို့နယ်ရဲမှူးမဖြစ်ခင်က ယာဉ်ထိန်းရဲမှုးဖြစ်ပြီး လာဘ်စားရာတွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ မိန်းမကိစ္စနှင့် ပတ်သက်ပြီးလဲ ရှူပ်ပွေသူတစ်ဦးဟု သိရသည်။ တောင်ကြီးမြို့တွင် သူ့အကြောင်းမသိသူ မရှိပေ။)

ထိုမြို့နယ်ရဲမှူးမှတဆင့် ခရိုင်ရဲမှူး၊ ပြည်နယ်ရဲမှူးအထိ အဆင့်ဆင့်ချဉ်းကပ်ပြီး နောက်ဆုံးတော့ တရားရုံးကို ဒီအမှုတွဲကြီး ရောက်ရှိသွားပါသည်။ တရားလို ခွန်သီဟန်၏အပြောအရ ဒီအမှုတွဲကြီး တရားရုံးကိုရောက်ဖို့ ရက်ကွက်ဥက္ကဠ ဦးကျော်စိုးအောင်၊ ရက်ကွက် ရ-ယ-က အဖွဲ့ဝင် ဦးလှမြင့်၊
အမှတ် (၁) စခန်းမှူး အမှုစစ် ဒုရဲအုပ်တင်မြင့်လွင်၊ မြို့နယ်ရဲမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ ပြည်နယ်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် (ယခု ပင်စင်)၊ မြို့နယ်တရားသူကြီး ဦးစောလွင် (ယခု ပြောင်းရွှေ့) အစရှိသည်တို့ကို လာဘ်ငွေများ အဆင့်ဆင့်ပေးသွားရသည်ဟု သိရသည်။ တရားလိုခွန်သီဟန်ကို နောက်ကွယ်ကနေ အခကြေးငွေယူပြီး အာဏာပါဝါနဲ့ ကူညီပံ့ပိုးပေးနေသူမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင် ဟု ခွန်သီဟန်က ပြောသည်။

နောက်ဆုံး မြို့နယ်တရားသူကြီးဦးစောလွင်က စွဲချက်တင်တဲ့အမိန့် ချလိုက်ပါသည်။ ဒါနဲ့ အဖိုးဖြစ်သူက ခရိုင်ရုံးကို ပြင်ဆင်မှု တက်ပါသည်။ ခရိုင်တရားသူကြီး ဦးခင်ထွန်းကိုလဲ တရားလိုခွန်သီဟန်က ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် လာဘ်ထိုးပြန်ပါသည်။ အဲဒီရှေ့နေဒေါ်ခင်သန့်ဇင်က
ဘယ်သူ့ကို ဘယ်လောက်ပေး အစရှိသဖြင့် ခွန်သီဟန်ကို ညွှန်ကြားဆက်သွယ်ပေးတယ်လို့ သိရပါသည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ၀ိတ်နဲ့ပေါင်းပြီး ခရိုင်တရားသူကြီး ဦးခင်ထွန်းကလည်း မြို့နယ်ရဲ့စွဲချက်ကို အတည်ပြုပြန်သည်။ အဲဒီနောက် မြို့နယ်တရားသူကြီးဦးစောလွင် နယ်ပြောင်းတော့ သူ့နေရာကို ဒေါ်အေးသန်း ရောက်လာပါသည်။ နောက် မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် ပင်စင်ယူပြီး သူ့နေရာကို ဦးတင်မြင့်ကို ရောက်လာပါသည်။ သူတို့ကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ရဲ့အဆက်အသွယ်နဲ့ လာဘ်ငွေပေးကမ်းပြန်ပါသည်။ နောက်ဆုံးတွင် မြို့နယ်တရားသူကြီးဒေါ်အေးသန်းက အဖိုးကို "ဒဏ်ငွေ ၅၀၀ ကျပ် ဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၇ ရက်ကျခံစေ" ဟု ၂၀-၁၂-၂၀၁၁ တွင် အမိန့်ချမှတ်လိုက်ပါသည်။

ထိုသို့ အမိန့်ချမှတ်မှုမှာ ကျွန်တော့်စိတ်ထဲတွင် အလွန်ထူးဆန်းနေပါသည်။ အံ့လည်း အံ့သြမိပါသည်။
မရိုးသားမှုက အရမ်းကိုပေါ်လွင်နေသလားလို့ပါ။ အဖိုးကြီးက သူ့အိမ်နဲ့သူနေပြီး ပြစ်ဒဏ်ချခံရတယ်လို့။
(ထိုအိမ်၏ဂရမ်မှာ အဖိုးကြီးအမည်ပေါက်ဖြစ်ပြီး အဖိုးကြီးလင်မယားနှစ်ယောက် ရိုးသားစွာ ရှာဖွေစုဆောင်းထားသောငွေဖြင့် သားသမီးများမရခင်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။)

အရမ်းကို ထူးဆန်းနေတာက အမှုက ဒီမှာတင်မပြီးသေးဘူးဗျ။ ရှေ့နေဒေါ်မေသန့်ဇင် ဦးစီးပြီး တရားလို ခွန်သီဟန်က သူ့အဖိုးကို ပြစ်ဒဏ်တိုးပေးဖို့ ပြည်နယ်ရုံးကို ပြင်ဆင်မှု ထပ်တက်လာပါတယ်။ ဒီပြင်ဆင်မှုကိုလက်ခံဖို့ ရှမ်းပြည်နယ်တရားရေးဦးစီးမှူးရုံးက ဦးစီးအရာရှိကို ငွေကျပ် ငါးသိန်းပေးရတယ်လို့ သိရပါတယ်။ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကျော်ထူးဝင်းကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် ပေးရသေးတယ်လို့ သိရပါတယ်။ ပြည်နယ်ဥပဒေအရာရှိကလည်း မြက်မြက်ကလေး ရတာကတစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ဖိအားပေးမှုကြောင့်တစ်ကြောင်း "ဤပြင်ဆင်မှုအားလက်ခံပြီး ဥပဒေနှင့်အညီ သင့်လျော်သည့်ပြစ်ဒဏ် တိုးမြှင့်သတ်မှတ်သည့် အမိန့်တစ်ရပ်ကို ချမှတ်ပေးစေလိုကြောင်း" တင်ပြလျှောက်လဲပါသည်။

ကျွန်တော့်စိတ်ထဲတွင် အတွန်တရာ အံ့သြမိပါသည်။ လာဘ်ငွေကိုမက်ပြီး အပြစ်မရှိသော ၈၂ နှစ် အရွယ် အဖိုးကြီးကို မိဘချင်းကိုယ်ချင်းမစာကာ ပြစ်ဒဏ်ချရက်သော တရားသူကြီး၏စိတ်ဓာတ်ကိုလည်း အလွန်ရွံရှာမိပါသည်။ လာဘ်ငွေဟာ အရမ်းကိုကြောက်စရာကောင်းပါလားဟုလည်း တွေးမိပါသည်။
နောက်ဆုံးမှာတော့ ပြည်နယ်လွှတ်တော်တရားသူကြီး ဦးခင်မောင်ဋ္ဌေးကခွန်သီဟန်၏ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားချက်ကို ၂-၄-၂၀၁၂ တွင် ပလပ်လိုက်ပါသည်။

တကယ်တော့ အဖိုးကြီးကျူးလွန်ပါတယ် ဆိုတဲ့ပြစ်မှုဟာ နိုင်ငံတော်ပုန်ကန်မှုလဲမဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်းမဟုတ်ပါပဲနှင့် ထောင်နှုတ်ခမ်းဝနှင့် သီသီလေးသာ လွတ်မြောက်ခဲ့ပါသည်။ ဘာမဟုတ်တဲ့ မိသားစုအမှုအရေးဟာ နေပြည်တော်ရုံးသို့ ရောက်လုနီးနီး ဖြစ်သွားခဲ့ပါသည်။

အဖိုးကြီး၏ရှေ့နေ ရေးသားထားသော အပြီးသတ်လျှောက်လဲချက်မှာလဲ အလွန်ကောင်းမွန်ပါသည်။ ဖတ်ကြည့်ပါ။

"မြန်မာ့လူမှုအဖွဲ့အစည်းတွင် ငယ်သူကကြီးသူအားလည်းကောင်း၊ တပည့်က ဆရာအားလည်းကောင်း၊ သားသမီးက မိဘအားလည်းကောင်း၊ မြေးက အဖိုးအဖွားအားလည်းကောင်း စကားဖြင့် မရိုမသေပြန်လှန်ပြောဆိုသည်ကိုပင် လက်မခံပါ။ မြေးက အဖိုးဖြစ်သူထောင်ကျသည်ကို မြင်လိုသည့်
ဤသို့သော အမှုမျိုးမှာ မြန်မာ့လူ့ဘောင်တွင် ရှားပါးလှပါသည်။ သူ့အိမ်တွင်နေ၊ သူ့အရိပ်ကိုခို၊ သူ့ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူက ကျေးဇူးရှင်ကိုထောင်ချပေးရန် တရားစီရင်ရေးယန္တရားကို တလွဲအသုံးချလာခြင်းသာဖြစ်သဖြင့် ၄င်း၏စွပ်စွဲချက်ကို လက်ခံအသိအမှတ်ပြုပြီး
အသက် (၈၀) ကျော် အဖိုးဖြစ်သူအား အပြစ်ပေးပါက လူမှုရေးတရားမျှတမှု တိမ်းစောင်း၍ တရားစီရင်ရေးတွင် အမည်းစက်စွန်းထင်းဖွယ်ရာ ရှိနိုင်ပါကြောင်း ရိုးသားစွာ ရှု့မြင်သုံးသပ်တင်ပြအပ်ပါသည်။"

အလွန်တန်ဖိုးရှိသော၊ အဓိပ္မါယ်ပြည့်ဝသော၊ လေးနက်သောဗုဒ္ဓတရားတော်နှင့်ကြည့်လျှင် အလွန်ပင်လက်ခံသင့်သော၊ ရှေ့နေများအထူးအတုယူသင့်သော လျှောက်လဲချက်ဖြစ်ပါသည်။

သို့သော် တန်ဖိုးကြီးသောလျှောက်လဲချက်ကြီးသည် အောက်တန်းကျသောလာဘ်ပေးလာဘ်ယူကိစ္စကို မကျော်လွှားနိုင်ခဲ့ပါ။ တရားသူကြီးဟု ခေါ်တွင်သော ဒေါ်အေးသန်းသည် ဤလျှောက်လဲချက်ကို လျစ်လျူရှုပြီး အဖိုးကြီးကို ပြစ်ဒဏ်ပေးသည့်အမိန့်ကို စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့စွာ၊ ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ဗုဒ္ဓတရားတော်ကိုဆန့်ကျင်ကာ မိုက်မိုက်မဲမဲချမှတ်လိုက်ပါသည်။

ဒီပြစ်ဒဏ်အမိန့်ကြောင့် နောက်နောင်တွင် မိဘဘိုးဘွားများကို တရားစွဲဆိုမည့် သားသမီးမြေးမြစ်တွေ တိုးပွားလာဖို့သာရှိသည်ကို တရားသူကြီးများ၊ ဥပဒေအရာရှိများ အသိဥာဏ်ကြွယ်ဝမည်ဆိုလျှင် စဉ်းစားဆင်ခြင်ဖို့ကောင်းပါသည်။ လာဘ်ငွေတစ်ခုတည်းကိုသာ မကြည့်သင့်ပါ။
အဇာတသတ်လက်သစ်ဇာတ်လမ်းမှာ ဘာဖြစ်လို့များ ဒေ၀ဒတ်လက်သစ် ဖြစ်ချင်ရပါသလဲ။

ဤဇာတ်လမ်းကို ကျွန်တော်ရေးသားရခြင်းမှာ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်းမဟုတ်ပါ။
ယနေ့နိုင်ငံတော်က တိုက်ဖျက်နေသော အကျင့်ပျက်ချစားမှုကို တောင်ကြီးမြို့ရဲစခန်းနှင့် တရားရုံးများတွင် ရှိနေကြောင်း ဖွင့်ပြလို၍ဖြစ်ပါသည်။

ဤစာတမ်းပါ အချက်အလက်များကို ကာယကံရှင်တရားလို၊ တရားခံများထံမှလည်းကောင်း၊ တရားရုံးဝန်းကျင်မှ ပြောပြဝေဖန်ချက်များမှလည်းကောင်း ရုံးစစ်ချက်စာရွက်စာတမ်းများကို ဖတ်ရှု၍လည်းကောင်း သိရှိရခြင်းဖြစ်ပါသည်။ လုပ်ကြံရေးသားခြင်း တစ်ခုမှ မပါဝင်ပါ။
မြေးဖြစ်သူတရားလိုနှင့် ကိုယ်တိုင်တွေ့ပြီး ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့ရတယ် ဆိုသည်ကို အကုန်သိရှိရပြီး ဖြစ်ပါသည်။

မကြာမီမှာပင် မြေးဖြစ်သူတရားလိုက တစ်အိမ်တည်းနေ ကျေးဇူးရှင်အဖိုးကို ပြစ်ဒဏ်ကျအောင် ရဲစခန်းနှင့် တရားရုံးတို့တွင် မည်ကဲ့သို့ ကလဖန်ထိုးအကွက်ဆင်သည်ကို
မိဘဘိုးဘွား သက်ကြီးရွယ်အိုများ သတိထားနိုင်စေရန်အတွက် ဆက်လက်၍ဖော်ပြပါအုံးမည်။
------------------

ဤဆောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။
http://www.taunggyitime.com/2013/01/blog-post_29.html

ခေတ်စနစ်နဲ့ မလျော်ညီတော့သည့် လက်ရှိအခြေခံလစာ နှုန်းထားများ

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း
...............................................................................................
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။
'သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ရပါပြီလို့'
မေး - Eleven Group Trading က လာဘ်ပေးလာဘ်ယူ ကော်မတီကို   တိုင်ကြားစာ ပေးပို့တာနဲ့ ပတ်သက်ပြီး  ဘာကြောင့်ဆိုတာ သိချင်ပါတယ်။
ဖြေ - အကောက်ခွန်ဦးစီးဌာန ညွှန်ချုပ်၊ ညွှန်ကြားရေးမှူးတွေနဲ့ တာဝန်အရှိဆုံးသူတွေကို အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူ ကိစ္စတွေအတွက် စိစစ်နိုင်ဖို့ တိုင်ကြားစာ ပေးပို့ခဲ့တာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတချို့နဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေက အများပြည်သူ ထိခိုက်နစ်နာသလို၊ တိုင်းပြည်အတွက် နစ်နာတာတွေလည်း ဆိုးရွားလာလို့ပါ။ အဓိက ကတော့ လုပ်ထုံးလုပ်နည်းတွေ၊ စနစ်တွေက လာဘ်ပေးလာဘ်ယူမှုကို ဖြစ်စေတဲ့အတွက် ဒီစနစ်ကို ပြုပြင် ပြောင်းလဲစေချင်ပါတယ်။ အဲဒီအတွက် လာဘ်ပေးလာဘ်ယူမှုကို အားပေးတဲ့စနစ်ကို ဖက်တွယ်ထားတဲ့ တာဝန်အရှိဆုံးသူတွေကို လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ဖို့ပါ။ ဒါကလည်း မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်တဲ့ အခြေအနေမျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်နောင် ဒီလိုထပ်မဖြစ်အောင်တော့ ထိထိရောက်ရောက် ဟန့်တားဖို့ လိုပါတယ်။
အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ...
မေး - ဘာကြောင့် အခုလိုတိုင်ကြားဖို့ ဖြစ်လာတာပါလဲ။
ဖြေ - Eleven Group Trading ဆိုတာ Eleven Media Group ရဲ့ ညီ နောင် ကုမ္ပဏီတစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီက အကောက်ခွန်ဦးစီးဌာနနဲ့ ထိတွေ့ဆက်ဆံတဲ့ အခါမှာ ကြုံတွေ့ခဲ့ရတာတွေအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုလုပ်ဆောင်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ တခြားသူတွေလည်း ဒီဌာနနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ၊ ဖိစီးမှုရှိတာတွေ အများကြီး ကြားသိနေရပါတယ်။ ဒါပေမယ့် တကယ့် တကယ်တမ်းမှာ ဘယ်သူကမှ အလွယ်တကူ ပြောကြမှာမဟုတ်တဲ့အတွက် ကျွန်တော်တို့က ကိုယ် တိုင်တွေ့ကြုံရတဲ့ အထောက်အထားတွေအရ နစ်နာတဲ့ ပြည်သူတွေ ကိုယ်စားတိုင်ကြားခဲ့တာပါ။ အဓိကကတော့ စနစ်ကို ပြောင်းစေချင်ပါတယ်။ စနစ်ပြောင်းတဲ့အခါမှာလည်း ဒီစနစ်နဲ့ အံမ၀င်နိုင်မယ့်သူတွေ အထူးသဖြင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို စီစစ်ပြီး အစားထိုး လဲလှယ်စေချင်ပါတယ်။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် ထက်မြက်တဲ့သူတွေကို ဦးဆောင်သူနေရာတွေမှာ ခန့်ထားစေချင်ပါတယ်။ အရပ်သားတွေကို ရဲရဲဝံ့ဝံ့ နေရာပေး ခန့်ထားစေချင်ပါတယ်။
မေး - အကောက်ခွန်ဦးစီးဌာနက ဇန်န၀ါရီလ ၂၆ ရက်နေ့က လုပ်တဲ့ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှာ သူတို့လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ရှင်းလင်းမှုတွေပေါ်မှာရော သုံးသပ်ပေးပါဦး။
ဖြေ - အဲဒီရှင်းလင်းပွဲမှာ ကားအပါအ၀င် ကုန်ပစ္စည်းတွေကို ဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို ဆုကြေးအဖြစ် အဆင့်ဆင့် ခွဲယူတယ်လို့ ပြောပါတယ်။ သူတို့ ရှင်းလင်းမှုတွေအရ အဂတိလိုက်စားဖို့ တည်ဆဲဥပဒေတွေအပေါ်က လက်တစ်လုံးခြား လုပ်လို့ရနိုင်တဲ့ အနေ အထားမျိုးတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီဌာနဟာ လာဘ်ပေး၊ လာဘ်ယူ အများဆုံး နံပါတ်တစ်ဌာနလို့ ပြည်သူတွေက ယူဆနေပါတယ်။ လာဘ်ပေးလာဘ်ယူမှာ ငွေကြေးပမာဏ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တကယ်တော့ အကောက်ခွန် ဦးစီးဌာနဆိုတာ နိုင်ငံတကာဆက်ဆံမှုအတွက် အရေးကြီးတဲ့ တံခါးပေါက်တစ်ခုပါပဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်ပုံလုပ်နည်းတွေက တိုင်းပြည်ရဲ့ သိက္ခာကို အများကြီး ကျဆင်းစေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ထုတ် ပြန်ထားပြီးသား နည်းဥပဒေတွေကလည်း ယေဘုယျ မှန်တယ်လို့ ထင်ရပေမယ့် ထိုင်းက တင်သွင်းတဲ့ Custom Value နဲ့ ဒီကကောက်ခံတဲ့ Custom Value ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ ဘယ်သူမှားသလဲ သိသာပါတယ်။
မေး - ဆရာစောစောက ပြောသွားတဲ့ အထဲမှာ စနစ်ပြုပြင်စေချင်လို့ တိုင်ကြားတယ်လို့ ပြောသလို မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်ရတာတွေ မဖြစ်စေချင်ဘူးလို့ ပြောသွားပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ - အရင်ကလည်း အကောက် ခွန်ဌာန ၀န်ထမ်းတွေကို  အများကြီး အရေးယူခဲ့တာ၊ ထောင်ချပြစ်ဒဏ်ပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါမျိုးတွေကိုတော့ ဒီလိုကာလမျိုးမှာ မဖြစ်စေချင်တော့ပါဘူး။ ဒီကာလက ဆေးခါးကြီးတိုက်ရမယ့် အချိန်မဟုတ်ပါဘူး။ သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ ရပါပြီလို့။ ကျွန်တော်တို့က ဒီဌာနကို စံနမူနာပြ ဖြစ်စေချင်တယ် ဆိုတာ ထောင်ချအလုပ်ဖြုတ်ဆိုတာတွေထက် လွဲချော်နေတဲ့ စနစ်ကို ပြုပြင်စေချင်တာပါ။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့်သူတွေကို ခန့်ထားစေချင်တာပါ။

မေး - အစိုးရ၀န်ထမ်းတွေနဲ့ လာဘ်ပေးလာဘ်ယူဆိုတာ ဘယ်လိုဒွန်တွဲနေတယ်လို့ ထင်ပါသလဲ။
ဖြေ - ၀န်ထမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စဉ်းစားရမှာတွေ အများကြီးရှိပါတယ်။ အခုရနေတဲ့ တရားဝင်လစာနဲ့ ခေတ်စနစ်အခြေအနေအရ လာဘ်ပေး၊ လာဘ်ယူမရှိဘဲ ရပ်တည်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကိုတော့ အစိုးရအနေနဲ့ လစာကိစ္စကို ပြန်လည်စဉ်းစား ဖြေရှင်းပေးသင့်ပါတယ်။ အလတ်တန်း အရာရှိတစ်ယောက်ဟာ စားစရိတ်၊ နေထိုင်စရိတ်၊ သွားလာစရိတ်၊ မိသားစုစရိတ်၊ ကျောင်းသားရှိရင် ကျောင်းသားစရိတ်တွေ ပေါင်းလိုက်ရင် ဒီခေတ်ကုန်ဈေးနှုန်းနဲ့ တစ်လ ၁၀ သိန်းလောက်မှ လောက်မယ့် သဘောပါ။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေရဲ့နောက်မှာ ညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေ ရှိနေသလို အဲဒီညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေရဲ့နောက်မှာ စူပါဝန်ကြီးတွေ ရှိနေပါတယ်။ စူပါဝန်ကြီးဆိုတာ သမ္မတရုံးဝန်ကြီးတွေကို ပြော တာပါ။ သူတို့တွေကတစ်ဆင့် သမ္မတကြီးကိုပါ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စတွေကို သမ္မတကြီး အကုန်မသိနိုင်ပေမယ့် သမ္မတကြီးကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းမှရမှာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနကိစ္စက အရင်ဝန်ကြီးပါတာ ၀န်ခံရမယ့် အခြေအနေပါ။ လိုအပ်ရင် လွှတ်တော်ကလည်း ၀င်ရောက် စုံစမ်းသင့်ပါတယ်။

မေး - လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲဆရာ။
ဖြေ - လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် အကောင်းဆုံးကတော့ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်နေတဲ့ ဌာနတွေရဲ့ ပိတ်ထားတဲ့ တံခါးတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ပါ။ ဆိပ်ကမ်းတွေ၊ နယ်စပ် ၀င်ထွက်ပေါက်ဂိတ်တွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆောင်ရွက်နေတာတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာ သတင်းယူခွင့်သာ ပေးလိုက်ပါ။ တကယ်အထောက် အကူဖြစ်ပါတယ်။
မေး - မီဒီယာတွေ လာဘ်စားရင် ဘယ်လိုဖြစ်နိုင်မလဲလို့ သုံးသပ်မှုတွေအပေါ် ဆရာ့ အမြင်ပြောပြပေးပါ။ လာဘ်ပေးလာဘ်ယူမှု အမှန်တကယ်ပပျောက်ဖို့ ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ - မီဒီယာတွေ လာဘ်မစားနိုင်ဘူးလားလို့ မေးလာရင် အဖြေရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာတွေ အားလုံး မဟုတ်တဲ့နေရာတွေမှာ  ဘယ်တော့မှ တစ်သံတည်းမထွက်ပါဘူး။ မမှန်မကန်လုပ်ရင် ရေးကြပြောကြ ဖော်ထုတ်ကြမှာပါ။ မီဒီယာတွေ ညီညွတ်စရာမလိုပါဘူး။ မီဒီယာတွေ မညီညွတ်တာ တစ်သံတည်းမထွက်တာ ကောင်းတဲ့အရာပါ။ မီဒီယာ အချင်းချင်းဆိုပြီး ထိန်းထားမှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေသာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလို့ ဖုံးကွယ်ထားတာတွေ ရှိနိုင်တာပါ။ ဒီတော့ မီဒီယာတွေကို လွတ်လွတ်လပ်လပ် တံခါးဖွင့်ပေးလိုက်ပါ။ မီဒီယာတွေ စောင့်ကြည့်တာတင်မကပါဘူး။ ပညာရှင်တွေ၊ တကယ်ထိတွေ့နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ RUMFCCI လို စီးပွားရေးအဖွဲ့အစည်း အသီးသီးကလည်း ကူညီသင့်ပါတယ်။ သူတို့က ဘယ်လိုထိန်းမယ်ဆိုတာကို ပိုသိပါတယ်။
မေး - လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဒီဌာနကို အရေးယူလိုက်ရင် ဘယ်လို ရလဒ်ကောင်းတွေ ထွက်လာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - တကယ်တော့ အကောက်ခွန်ဦးစီးဌာနဟာ အများပြည်သူတွေ အကြားမှာ ခေတ်အဆက်ဆက် လာဘ် ပေးလာဘ်ယူမှု အများဆုံးဌာနဆိုတာ လူတိုင်းသိပါတယ်။ အခုဆက်သွယ်ရေးဌာနမှာ မသမာမှုဖြစ်လို့ အရေးယူရတယ်။ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးတော့ ချောင်လည်ချမ်းသာ နေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် အကောက်ခွန်မှာတော့ ဒီလိုမဟုတ်ဘူး။ အားလုံးက လစာနဲ့ ပိုင်ဆိုင်မှု အချိုးအစားက ကွာလွန်းနေတယ်။ ဒါဟာ ခေတ်အဆက်ဆက်က မှားယွင်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းကြောင့် အဂတိတရား လိုက်စားမှု အများဆုံးဌာန ဖြစ်နေရတယ်။ သူတို့က အသိုင်းအ၀ိုင်းကြီးတယ်။ အုပ်စုကြီးတယ်။ သူတို့ရဲ့ ဖွဲ့စည်းညီညွတ်မှုကို ဥပဒေကအကာ အကွယ်ပေးထားတယ်။ အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ။
 
ခေတ်စနစ်နဲ့ မလျော်ညီတော့သည့် လက်ရှိအခြေခံလစာ နှုန်းထားများ
နိုင်ငံတော်သမ္မတ	ကျပ် ၁၂၀၀၀၀၀
ဒုတိယသမ္မတ	ကျပ် ၁၀၀၀၀၀၀
ပြည်ထောင်စုဝန်ကြီး	ကျပ် ၆၀၀၀၀၀
ဒုတိယ၀န်ကြီး	ကျပ် ၄၅၀၀၀၀
ညွှန်ကြားရေးမှူးချုပ်	ကျပ် ၂၁၀၀၀၀
ဒုတိယညွှန်ကြားရေးမှူးချုပ်	ကျပ် ၁၈၀၀၀၀
ညွှန်ကြားရေးမှူး	ကျပ် ၁၆၀၀၀၀
ဒုတိယညွှန်ကြားရေးမှူး	ကျပ် ၁၄၀၀၀၀
လက်ထောက်ညွှန်ကြားရေးမှူး	ကျပ် ၁၂၀၀၀၀
အနိမ့်ဆုံးဝန်ထမ်းလစာ	ကျပ် ၃၅၀၀၀
မှတ်ချက်။  ။ ညွှန်ကြားရေးမှူးချုပ်နှင့် အောက်အဆင့်ရှိ ၀န်ထမ်းများသည် လစာအပြင် စရိတ်ချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ သတ်မှတ်ပေးထားသည်။
EMG 

ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီ

************
ရာထူးကအနားယူသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီ
ကလင်တန်နေရာမှာ သမ္မတအိုးဘားမား
အဆိုပြုရွေးချယ်ခဲ့ တဲ့ ဂျွန်ကယ်ရီကို
ဒီကနေ့  အမေရိကန် လွှတ်တော်အမတ်တွေက တခဲနက်ထောက်ခံအတည်ပြုခဲ့ တာကြောင့် ဂျွန်ကယ်ရီဟာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သွားပါပြီ။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်ကယ်ရီဟာ
ဒီမိုကရက်တစ်ပါတီက မက်ဆာချူးဆက်ပြည်နယ်
လွှတ်တော်အမတ်အဖြစ် ၁၉၈၅ ခုနှစ်ကတည်းက
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ်
သမ္မတေ၇ွးကောက်ပွဲ ၀င်ပြိုင်ရာမှာ သမ္မတဘုရှ်ကို ရှုံးနိမ့်ခဲ့သူပါ။

သူဟာ လက်ရှိအမေရိကန်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌအဖြစ်
တာဝန်ယူထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာလည်း
အားပေးကူညီခဲ့ သူတဦးဖြစ်ပါတယ်။ H

Photo Courtesy/ Reuters
Photo: ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီ
************
ရာထူးကအနားယူသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီ 
ကလင်တန်နေရာမှာ သမ္မတအိုးဘားမား
အဆိုပြုရွေးချယ်ခဲ့ တဲ့ ဂျွန်ကယ်ရီကို 
ဒီကနေ့  အမေရိကန် လွှတ်တော်အမတ်တွေက တခဲနက်ထောက်ခံအတည်ပြုခဲ့ တာကြောင့် ဂျွန်ကယ်ရီဟာ 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သွားပါပြီ။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်ကယ်ရီဟာ 
ဒီမိုကရက်တစ်ပါတီက မက်ဆာချူးဆက်ပြည်နယ်
လွှတ်တော်အမတ်အဖြစ် ၁၉၈၅ ခုနှစ်ကတည်းက 
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် 
သမ္မတေ၇ွးကောက်ပွဲ ၀င်ပြိုင်ရာမှာ သမ္မတဘုရှ်ကို ရှုံးနိမ့်ခဲ့သူပါ။

သူဟာ လက်ရှိအမေရိကန်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌအဖြစ်
တာဝန်ယူထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာလည်း 
အားပေးကူညီခဲ့ သူတဦးဖြစ်ပါတယ်။ 

Photo Courtesy/ Reuters
Burma-Newselite's photo.

ရာဇ၀င်ထဲမှာ ဒဏ္ဍာရီမဟုတ်တဲ့ ငါတို့ ရှိတယ်

မြန်မာနိုင်ငံက ကွယ်လွန်သွားကြပြီဖြစ်တဲ့  သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်းဟာ မကွယ်လွန်မှီမှာ သမိုင်းပညာရှင် ပီသစွာ အမှန်ကို
ရင်ဆိုင်ဝံ့ပြီး မှားကြောင်းဝန်ခံခဲ့ တယ် ။ ဆရာဒေါက်တာသန်းထွန်းက
သမိုင်းဆိုတာ မအအောင် သင်ထားရတယ် ဆိုတဲ့  အတွေးအခေါ်ကို ချမှတ်ပေးခဲ
့သူဖြစ်တယ် ။ တနေ့ မှာ ရခိုင်သမိုင်းကို တိတိကျကျ လေ့လာခဲ့ ခြင်းမရှိဘဲ
ရခိုင်သမိုင်းထဲမှာ မရှိတဲ့  သမိုင်းလိမ်ဘင်္ဂလီရဲ့  လူမျိုးများ
ရှိလေဟန်ကို ရေးသားမိတယ် ။  အဲဒီဆောင်းပါးကို ရခိုင်သမိုင်းပညာရှင်
သုတေသီ ဆရာမောင်ဗသိန်းက ပြန်လည်ဖြေရှင်းပြီး သမိုင်းရဲ့ 
အထောက်အထားတွေ-ခုနှစ်သက္ကရစ်တွေ-
ကျောက်စာတွေ-
ဘုရားပုထိုးတွေ-ငွေဒင်္ဂါးတွေနဲ့  တိတိကျကျ တင်ပြပြီး
သုတေသနပြုလုပ်ဖြေရှင်းလိုက်တယ် ။ ဒီတော့ခါ ဆရာဒေါက်တာသန်းထွန်းဟာ
သူမှားသွားတယ် ဆိုတဲ့ အကြောင်းနဲ့  ရခိုင်သမိုင်းထဲက
တိုင်းရင်းသားလူမျိုးများဆိုတာကို ဆရာမောင်ဗသိန်း ပြောတဲ့ အတိုင်း
လက်ခံအတည်ပြုခဲ့ ပါတယ် ။
     ဆရာဒေါက်တာသန်းထွန်းဟာ သူပြောနေတဲ့  သမိုင်းကို သင်ကြားတာဟာ မအအောင်
သင်ကြားတာဖြစ်တယ် ဆိုတဲ့ အတွေးအခေါ်ပညာရှင်ပီပီ သူဟာ အမှန်တရားကို
ဖေါ်ထုတ်ခဲ့ တယ် ။ ဒီလိုပါဘဲ ။ မြန်မာနိုင်ငံက အသက်ထင်ရှားရှိနေဆဲ ဖြစ်တဲ
့ သမိုင်းပညာရှင်များ ၊ သုတေသီစာရေးဆရာများ ၊ တက္ကသိုလ်ပါမောက္ခများ ၊
နိုင်ငံတကာမှ -Phd-ဘွဲ့ ရ တတ်သိပညာရှင်များပါတဲ့  မြန်မာစာအဖွဲ
့ဦးစီးဋ္ဌါန အဖွဲ့ ထဲမှာပါဝင်တဲ့  လူပုဂိုလ်တွေဟာ မြန်မာနိုင်ငံသမိုင်းနဲ
့ အင်္ဂလိပ်အဘိဓန်ကို ပြုစုခဲ့ တဲ့  က၀ိဆရာတွေဖြစ်တယ် ။
အင်္ဂလိပ်-မြန်မာအဘိဓန်ထုတ်ဝေတဲ့ အခါ -AD-၁- ရာစုကနေပြီး -AD- ၂၀ ရာစုအထိ
မြန်မာနိုင်ငံရဲ့  အက္ခရာစာပေကို အဆင့်ဆင့် နှစ်ကလာအပိုင်းအခြားနဲ
့ဖေါ်ပြထားတယ် ။ ဗြမ္မာ့အက္ခရာ-ပြူ အက္ခရာ-ရခိုင်အက္ခရာ-မွန်အက္ခရာ-မြန်မာအက္ခရာ
ဆိုပြီး ဒီကနေ့ ရေးသားနေတဲ့  မြန်မာစာကို သုတေသနဖေါ်ပြထားတယ် ။
ဒီလိုတင်ပြထားတာဟာ မြန်မာနိုင်ငံမှာ ရှေးဦးစွာနေထိုင်နေကြတဲ့ 
မူလတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုစာပေထွန်းကားလာမှုကို တိတိကျကျ
ထုတ်ပြန်ထားတာဖြစ်တယ် ။ အကယ်၍ အေဒီ-၈-ရာစုကနေပြီး ရောက်နှင့်နေပါတယ်ဆိုတဲ
့ ဘင်္ဂလီလူမျိုးတွေသာ ရှိနေခဲ့ မယ်ဆိုရင် ဒါမှမဟုတ် စာပေတွေ ရှိနေခဲ
့မယ်ဆိုရင် ဒီပုဂိုလ်တွေဟာ မြန်မာနိုင်ငံမှာ အခုလို စာပေထွန်းကားလာပုံကို
မဖေါ်ပြစရာ အကြောင်းမရှိဘူး ။ ဘာဖြစ်လို့ ဆိုင် လူမျိုးတမျိုးဟာ
နှစ်ပေါင်းထောင်နဲ့ ချီလို့  နေထိုင်ဖြစ်ပြီဆိုရင် အဲဒီလူမျိုးမှာ
စာပေအက္ခရာ ဆိုတာ ရှိနေရမှာပါဘဲ ။ ဒီတော့ မဖေါ်ပြတာဟာ အဲဒီလူမျိုးဆိုတာ
အေဒီ-၈-ရာစုမှာ မရှိနေခဲ့ လို့ ပေါ့ ။
      မြန်မာနိုင်ငံပညာရေးခြေခံဦးစီးဋ္ဌါနရဲ့  ပါမောက္ခအဖြစ် ကဗျာဆရာကြီး
( ဦး) မောင်စွမ်းရည်က မြန်မာစာကျောင်းသုံးပြဋ္ဌန်းစာအုပ်တွေကို
သုတေသနပြုစု ထုတ်ပြန်စီစစ်ခဲ့ ရတယ် ။ ဆရာမောင်စွမ်းရည်က ဒီလိုပြောပြပါတယ်
။  ( မူလတန်းကနေပြီး တက္ကသိုလ်ဝင်တန်းထိ
ကျောင်းသားမြန်မာစာ-သမိုင်းဘာသာရပ်တွေမှာ တိုင်းရင်းသားလူမျိုးများရဲ့ 
ဘာသာရပ်-ယဉ်ကျေးမှု-စတာတွေကို ပြဋ္ဌန်းသင်ပေးဖို့  ပြဋ္ဌန်းပေးခဲ့ ရတယ် ။
လူထုဦးလှဟာ တိုင်းရင်းသားပုံပြင်များကို ( ၄၃ ) အုပ်ထိ ရေးသားထုတ်ဝေခဲ
့တယ် ။ ပဉ္စတံထျာ ဆိုတဲ့  ဘာသာပြန်စာအုပ်ကို ရေးသားခဲ့ တယ် ။ ဇါတက္က(
ဇတ်တော် ) ရေးပြန်တော့လဲ ဘာသာရေးဘာသာပြန် ရေးသားထုတ်ဝေခဲ့ တယ် ။
လူထုဦးလှဟာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ 
တိုင်းရင်းသားလူမျိုးများရဲ့  ပုံပြင်တွေကို တိတိကျကျ ရေးသားထုတ်ဝေခဲ့ တဲ
့ စာရေးဆရာကြီးဖြစ်တယ် ။ တကယ်လို့  ဘင်္ဂလီတွေဟာ တိုင်းရင်းသားဖြစ်တယ်
ဆိုရင် ခုပြောနေတဲ့  တိုင်းရင်းသားဖြစ်လိုတဲ့ ဘင်္ဂလီကုလားတွေအကြောင်းကို
တိုင်းရင်းသားပုံပြင်အဖြစ် ရေးသားထုတ်ဝေခဲ့ မှာ အမှန်ဘဲဖြစ်တယ် ။ သူက
ဒီလိုရေးခဲ့ လို့ လဲ ဘယ်သူကမှ အပြစ်ဆိုစရာ မရှိလှဘူး ။ ဘာကြောင့်ဆိုရင်
လူထုဦးလှဟာ တိုင်းရင်းသားလူမျိုးများရဲ့  ပုံပြင်တွေကို တကယ်ရေးသားခဲ
့တဲ့  နာမည်ကျော်စာရေးတယောက်ဖြစ်လို့ ပါဘဲ ။ သူဘာကြောင့်မရေးခဲ့ တာလဲ ။
စဉ်းစားကြည့်ဖို့ ဘဲ လိုပါတယ် ။
   တိုင်းရင်းသားပုံပြင်တွေမက ဂျပန်ပုံပြင်အဖြစ် အန်ဒါးဆင်ပုံပြင်ဆိုပြီး
ကဗျာဆရာကြီး အံ့မောင်က ဘာသာပြန်ထုတ်ဝေခဲ့ တယ် ။ အီစွပ်ပုံပြင်ကိုတော့
သခင်ဘသောင်းက ဘသာပြန်ထုတ်ဝေခဲ့ တယ် ။  ပြောချင်တာက
သမိုင်းသုတေသီတွေ-စာရေးဆရာတွေဟာ ဘာဖြစ်လို့  သူတို့  ပြောပြောနေတဲ
့ကုလားပုံပြင်ကို မရေးခဲ့ သလဲ ။ တက္ကသို်လ်ပညာဦးစီးဋ္ဌာနက စာရေးဆရာ
မင်းသုဝဏ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ ပြီး မြန်မာနိုင်ငံရဲ့ 
တိုင်းရင်းသားလူမျိုးများအကြောင်းကို တိတိကျကျ သတ်မှတ်ဖေါ်ပြခဲ့ ပါတယ် ။
      မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က အေဒီ-၈-ရာစုကနေပြီး
ဒီကုလားတွေက ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ တယ်ဆိုပြီး ပြောလာရင်
တခုတည်းဘဲ ပြန်ပြောတုန့် ပြန်စရာရှိတယ် ။ မဟာသီယာမိုဟာမတ်က
သမိုင်းလိမ်သူတွေရဲ့  အချက်အလက်တွေကို ဖတ်ဖူးနားထောင်ပြီး
ပြောဆိုခြင်းသာဖြစ်တယ် ။ ဒီလောက်လူတွေဟာ ဒီအချိန်မှာ သန်းနဲ့ ချီလို့ 
လူဦးရေ မများသင့်ဘူးဆိုတာကို တချက်တည်းနဲ့ စဉ်းစားရင် သူဟာ အဲဒီလို
ပြောဝံ့မှာ မဟုတ်ဘူး ။ ဘာဘဲဖြစ်ဖြစ် ဧည့်သည့်အဖြစ် လာသောသူမို့ 
ဋ္ဌါနေတိုင်းရင်းသား မဟုတ်ဘူးဆိုတာ သိသာနေပြီ ။ သူတို့ ဟာ နိုင်ငံခြားကလာတဲ
့ ဧည့်သည်ဖြစ်တယ် ဆိုတာ သူတို့ ပြောသလို ပြောရတော့မယ်ဖြစ်တယ် ။
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေဟာ သူတို့ ကို အိမ်ရှင်အဖြစ်
ဧည့်ဝတ်ကြေပြွန်စွာ ဆက်ဆံခဲ့ တယ် ။ ခုတော့သူတို့ ဟာ
ဧည့်သည်ကောင်းတဦးလိုမဟုတ်ဘဲ အိမ်ရှင်ကို စော်ကား -နယ်မြေလုပြီး
တောင်းဆိုလာတာကျတော့ ဘယ်လိုမှ လက်ခံလို့ မရဘူးလို့ အမေရိကပြည်ထောင်စု
နယူးယောက်မြို့ မှာ နေတဲ့  ကဗျာဆရာ-စာရေးဆရာကြီး ( ဦး ) မောင်စွမ်းရည်က
ပြောပြပါတယ် ။ နယူးယောက်မှာ စာရေးဆရာအဖွဲ့ ကနေပြီး
သခင်ကိုယ်တော်မှိုင်းရဲ့  ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်ခဲ
့တာနဲ့ ပါတ်သက်လို့  ဘဘဦးဝင်းတင်က မှာကြားတဲ့ အတွက် ဆရာ ( ဦးမောင် )
မောင်စွမ်းရည်က ကျွန်တော်တို့  စာရေးဆရာအဖွဲ့ မှာ နာယကတဦးဖြစ်လို့ 
အတွင်းရေးမှူးဖြစ်တဲ့  ကျွန်တော့်ကို အခန်းအနားတခု ပြုလုပ်ဖို့ 
ပြောလာပါတယ် ။ ဒီလို စကားလက်ဆုံကျတဲ့အခါ ကုလားတွေရဲ့ 
တိုင်းရင်းသားအဖြစ် တောင်းဆိုနေတာနဲ့  ပါတ်သက်လို့  ပြောရင်းဆိုရင်း
သေသေချာချာ ရှင်းပြတာဖြစ်တယ် ။
       ဒီနေရာမှာ ကျွန်တော်တင်ပြချင်တာကတော့ သမိုင်းသုတေသီ စာရေးဆရာကြီး
တဦးဖြစ်တဲ့  ဦးရွှေဇံရေးတဲ့  ရှေးခေတ်ရခိုင်သမိုင်းစဉ်နှင့်
ခေတ်အဆက်ဆက်ယဉ်ကျေးမှု စာအုပ်မှာ (  ရခိုင်တွင်ရ မည်နာမ ) ဆိုတဲ့ 
အကြောင်းကို အခုလို ဖေါ်ပြထားတာတွေ့ ရပါတယ် ။ ( သို့ ဖြစ်၍ “ ရခိုင်”
ဟူသောအမည်သည် ရခိုင်လူမျိုးတို့ ၏ ကိုယ်ပိုင်စကားလုံးဖြစ်သည်။ မာဂဓဘာသာ “
ရက္ခသျှ ၊ အာရက္ခ “ တို့ မှ ခေတ်အဆက်ဆက် ဆင့်ကဲ “ ရက္ခ ၊ ရက္ခိုက် ၊ ရက္ခို ၊
ရက္ခိုင် ၊ ရခိုင်” ဟူ၍ ပြောင်းလဲလာသော စကားဖြစ်သည် ။ ရခိုင်တို့ သည်
ပင်ကိုယ်အားဖြင့် ဗုဒ္ဒဘာသာကို ကိုင်းရှိုင်းသူများဖြစ်ရာ
ဗုဒ္ဒစာပေလွှမ်းမိုးသော “ ရက္ခိုင် “ အမည်ကို “ ရခိုင်” ထက်ပိုင်၍
နှစ်သက်ကြသည် ။ ရခိုင်ပြည်ကို ပါဋ္ဌိလို “ ရက္ခပူရ “ ဟု ခေါ်ကြသည် ။
သက္ကတစာပေလွှမ်းမိုးသောခေတ်တွင် ရခိုင်ပြည်ကို “ အာရက္ခဒေသျှ “ ဟုခေါ်ကြောင်း
အာနန္ဒစန္ဒြားကျောက်စာရဲ့  မြောက်ဖက်မျက်နာအလယ် စာကြောင်းအရ သိရှိရသည် ) ဟု
စာမျက်နာ-၁၅- မှာ သုတေသနပြုလုပ် ရေးသားတင်ပြထားပါတယ် ။ အိန္ဒိယသားတို့ ဟာ
ရခိုင်ပြည်ကို အာရကန်ဟု ခေါ်ကြတယ် ။ အဲဒီစကားဟာ သက္ကတ “ အာရက္ခ” မှ
ဆင်းသက်ဟန်ရှိပါတယ် ။ အိန္ဒိယသားတို့ အသုံးပြုတဲ့ ” အာရကန်” မှတဆင့်
အနောက်နိုင်ငံသားတို့ က သိရှိပြီး ရခိုင်ပြည်ကို “ အာရကန် “ လို့ 
ခေါ်ဝေါ်ကြပါတယ် ။ အိန္ဒိယနိုင်ငံက ကြွလာတဲ့ 
ဗုဒ္ဒမြတ်စွာဘုရားလက်ထက်တော်ကတည်းက ရခိုင်ပြည်ကို အာရကန်လို့ 
အိန္ဒိယလူမျိုးတွေက ခေါ်ဝေါ်ကြတယ်ဆိုတာကို ဆိုလိုရင်းဖြစ်ပါတယ် ။
       အဲဒီစာအုပ်မှာဘဲ ရခိုင်လူမျိုးစုနွယ် အကြောင်းတွေကိုလဲ
တင်ပြထားပါသေးတယ် ။ ရခိုင်လူမျိုးအပြင်( ၁) သက်လူမျိုး၊ (၂ )
ဒိုင်းနက်လူမျိုး ။ မြို နဲ့  မရာမာကြီးများဖြစ်ကြပါတယ် ။
မြိုလူမျိုးတွေမှာ မျိုးနွယ်ကွဲပေါင်း (၃၀ ) လောက်ရှိပြီး
ရခိုင်လူမျိုးတွေက မြိုလို့ ခေါ်ပြီး သူတို့ အချင်းချင်းကျတော့ “ ခမီ “
လူမျိုးလို့  ပြောဆိုကြပါတယ် ။ မရာမာကြီးလူမျိုးတွေဟာ ဘင်္ဂလီစကားပြောပြီး
ဗုဒ္ဒဘာသာကို ကိုးကွယ်ကြသူများဖြစ်ကြပါတယ် ။  ဟိုအယင်က မရမာကြီး
လူမျိုးကို ဗရူးဝါလူမျိုးလို့  ခေါ်ဝေါ်ကြပါတယ် ။
      သက်လူမျိုးတွေ ၊ ဒိုင်းနက်လူမျိုးတွေ နဲ့  မရမာကြီးလူမျိုးကို
ကောက်ချက်ချရမယ်ဆိုရင် ရှေးရခိုင်ဘုရင်မင်းလက်ထက်ကတည်းက ရှိနေခဲ့ သော
ဒီရခိုင်လူမျိုးနွယ်တွေဟာ ဒီကနေ့  -၂၁-ရာစုမှာ လူဦးရေ သန်းနဲ့ ချီပြီး
ရှိနေရမယ်ဆိုတာ သိသာနိုင်ပါတယ် ။ ဒါပေမဲ့  ဒီလူမျိုးတွေဟာ သန်းနဲ့ ချီလို
့ လူဦးရေ ပေါက်ဖွါးခြင်း မရှိဘူးဆိုတာ သန်ကောင်စာရင်းအရ သိသာရပါပြီ ။
ဘင်္ဂလီစကားပြောတဲ့  မရမာကြီးလူမျိုးမှာလဲ လူဦးရေ သန်းနဲ့ ချီလို့ 
မရှိသလို ကမန်လူမျိုးနွယ်စုမှာလဲ သန်းနဲ့ ချီလို့  မရှိသေးပါဘူး ။
ဒီလိုဆိုရင် အေဒီ-၈-ရာစုလောက်က သဘောင်္ပျက်လို့  ရခိုင်နိုင်ငံကို
ရောက်ရှိလာခဲ့ တဲ့  ဘင်္ဂလီကုလား လူမျိုးတွေကျတော့ သန်းနဲ့ ချီလို့ 
လူဦးရေပေါက်ဖွါးနေကြရတာ ဘာကြောင့်ပါလဲ ။ နဂိုရ် မူလ
ဋ္ဌါနေတိုင်းရင်းသားလူမျိုးတွေတောင်မှ သန်းနဲ့ ချီလို့  မရှိဘဲ
သောင်းဂဏန်းလောက်သာ ရှိနေချိန်မှာ သူတို့ လူမျိုးတွေဟာ ( ၃ ) သန်း
ရှိနေပါတယ်လို့  ပြောဆိုရေးသားနေကြပါတယ် ။ လွန်ခဲ့ တဲ့  မနှစ်က
နယူးယောက်မြို့ ရှိ ကုလသမ္မဂရုံးရှေ့မှာ သူတို့ တွေ ဆန္ဒပြတော့ သူတို
့လူမျိုးတွေဟာ ( ၃) သန်း ရှိနေတယ်လို့  သူတို့ ရဲ့  ကြေညာစာရွက်တွေမှာ
ရေးသားပြီး ဖြန့် ဝေထားတာကို ကျွန်တော် လက်ခံရရှိထားပါတယ် ။ အခြားတဖက်မှာ
သူတို့ လူမျိုးတွေဟာ လက်ထပ်ထမ်းမြားခွင့်ကို တောင် ပိတ်ပင်ခံထားရပါတယ်လို
့ မျက်ရည်ခံထိုးပြီး ကမ္ဘာကို လိမ်ညာဝါဒဖြန့် နေတာ တွေ့ ရပါသေးတယ် ။
လက်ထပ်ထိမ်းမြားခွင့်သာ ရခိုင်ပြည်နယ်မှာ မရရှိဘူးဆိုရင် ဒီလောက် လူဦးရေ
မျိုးပွါးနုံး ရှိလေမည်လားဆိုတာကို လူပြိန်းတောင် သိသာနိုင်ပါတယ် ။
သန်းနဲ့ ချီလို့  လူဦးရေ ရှိနေရတာဟာ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်က
ခိုးဝင်လာတဲ့  လူဦးရေကို ထည့်တွက်ပြီး နောင်တချိန်မှာ
မြန်မာနိုင်ငံအစိုးရက သူတို့ ကို နိုင်ငံသားဖြစ် စဉ်းစားမယ်ဆိုရင်
ပိုပိုမိုမို စာရင်းထည့်ထားတာဖြစ်တယ် ။ အယင်တုံးက ခိုးဝင်လာသူများဟာ
ခုအချိန်မှာ ကြောက်ခမန်းလိလိ မြန်မာနိုင်ငံအတွင်းမှာ
ပြည်နယ်အနှံ့ရောက်ရှိနေပါပြီ ။
     အခုဆိုရင် ဓည၀တီမြို့ ဟောင်း တူးဖေါ်ခြင်း ၊ ဝေသာလီမြို့ ဟောင်း
တူးဖေါ်ခြင်း ဆိုတာတွေ မြန်မာနိုင်ငံအစိုးရက ခေတ်အဆက်ဆက် ပြုလုပ်နေတာတွေ
့ရပါတယ် ။ အေဒီ-၆-ရာစု-ရ-ရာစု လောက်က ရခိုင်နိုင်ငံကို ဗုဒ္ဒမြတ်စွာ
ဘုရားသခင်ကြွရောက်လာခဲ့ ပြီး မဟာမြတ်မုနိသွန်းလုပ် ကိုးကွယ်ခွင့် ရရှိခဲ
့ပါတယ် ။ ဗိမ္မိသာရ မင်း - အဇါတသတ်မင်းနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ 
ဗုဒ္ဒမြတ်စွာဘုရားသခင်ရဲ့  ရုပ်ရှင်တော်ကို ကိုယ်စားပြုသွန်းလုပ်ခဲ
့ထားတာတာနဲ့  ပါတ်သက်လို့  ဘာမှအငြင်းပွါးစရာ မရှိပါဘူး ။ ဒီတော့ခါ
အေဒီ-၈-ရာစုလောက်မှာ သင်္ဘောပျက်လို့  ရောက်ရှိလာပါတယ် ဆိုတဲ့ 
ဘင်္ဂလီလူမျိုးတွေဟာ သူတို့ မှာလဲ ကိုးကွယ်စရာ အဆောက်အဦ ၊ လူ
့အသုံးအဆောင်ပစ္စည်း ၊ နေအိမ်အဆောက်အဦ ၊ ယဉ်ကျေးမှု ဘာသာစကား ၊ အ၀တ်အစား
၊ စတာတွေကို တူးဖေါ်ကြည့်ရင် တွေ့ ရမှာဖြစ်သလို ရှိလဲ ရှိနေရမှာဖြစ်ပါတယ်
။ အဲဒီအချိန်က သူတို့ စီးလာတဲ့  သင်္ဘောဟာ လူဦးရေ တသောင်းလောက်ကို
တင်ဆောင်လာခဲ့ တဲ့  သင်္ဘောမဖြစ်နိုင်သလို အဲဒီခေတ်မှာလဲ အဲဒီလောက်
လူဦးရေများတဲ့  ခရီးသည်ကို တင်ဆောင်တဲ့  သင်္ဘောလဲ မပေါ်ပေါက်သေးဘူး ။
ပြီးတော့ ခုအချိန်မှာ ဋ္ဌါနေတိုင်းရင်းသားလောက် လူဦးရေ ရှိလာတာကလဲ
ယုံကြည်လက်ခံစရာ မရှိနိုင်ဘူး ။ ဋ္ဌါနေတိုင်းရင်းသားတွေဟာ
လူဦးရေများပြားနေပါလျက်ကယ်နှင့် ဘာကြောင့် သူတို့ လောက် လူဦးရေ
ပေါက်ဖွါးမှုနုံး မရှိရတာလဲ ဆိုတာကလဲ စဉ်းစားစရာဖြစ်ပါတယ် ။ ခုတော့
အေဒီ-ရ-ရာစုလောက်က ဗုဒ္ဒမြတ်စွာဘုရားရဲ့  ကိုယ်ပွါးတော် မဟာမြတ်မုနိသာ
မြောက်ဦးမှာ ရှိနေပြီး တခြားဘာသာခြား အဆောက်အဦတွေဟာ အေဒီ-ရ-ရာစု
လောက်ကနေပြီး အေဒီ-၂၀-ရာစုထိ မတွေ့ ရတာ ဘာကြောင့်ပါလိမ့် ။ ဦးရွှေဇံရေးတဲ
့ ( The Golden Mrauk –U )- An ancient Capital of Rakhaine ) စာအုပ်မှာ
ယဉ်ကျေးမှုအဆောက်အဦတွေ-ဘုရားပထိုးတွေ-ငွေဒင်္ဂါးတွေကို
ထုတ်ဖေါ်ရေးသားထားတာတွေ တွေ့ ရတယ် ။ ဒါ့ကြောင့်မို့ လို့ 
ခိုးဝင်ဘင်္ဂလီလူမျိုးတွေကို အဲဒီအချိန်က  တကယ်မရှိခဲ့ လို့ ဘဲသာ
နိုင်ငံတော်အစိုးရခေတ်အဆက်ဆက်က ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများနဲ့ 
လူ့ အသုံးအဆောင်ပစ္စည်းများကို ရှာဖွေ သုတေသနပြုကြရာမှာ တကယ်မရှိလို့ 
တကယ်တူးဖေါ်ရှာဖွေခြင်း မပြုကြတာဖြစ်ပါတယ် ။
       ကျွန်တော်ကတော့ ဒီလိုတူးဖေါ်ပြီး သူတို့ ပြောတဲ့ အတိုင်း
တကယ်ရှိမရှိ ရှာဖွေစေချင်ပါတယ် ။ ရခိုင်သမိုင်းတွေနဲ့  ပါတ်သက်လို့ 
ရခိုင်သမိုင်းသုတေသီတွေဟာ ပြည်တွင်းမှာ လူပေါင်း မနည်းရှိကြပါတယ် ။
သမိုင်းသုတေသီတွေ ရေးသားထုတ်ဝေကြတဲ့  စာပေထဲမှာ ဘင်္ဂလီကုလားတွေရဲ့ 
အကြောင်းနဲ့  ပါတ်သက်လို့  စာအုပ်စာတမ်းတွေမှာ တလုံးတလေတပါဒမျှ ရေးသားတာ
မတွေ့ ဖူးဖူးပါဘူး ။ သို့ အတူဘဲ မြန်မာသမိုင်းသုတေသီတွေက ရေးသားနေကြတဲ့ 
မြန်မာနိုင်ငံသမိုင်းမှာလဲ သူတို့ နဲ့  ပါတ်သက်လို့  ဝေါဟာရ တလုံးတောင်
မှတ်တမ်းတင် ရေးထားတာ မရှိဘူးဆိုတာ သိသာပါတယ် ။ ကမ္ဘာမှာ
သမိုင်းဆိုင်ရာအချက်အလက်များကို နာမည်ကအစ- နေ့ ရက်အဆုံး မှတ်တမ်းတင်ရာမှာ
အင်္ဂလိပ်လူမျိုးတွေဟာ တိကျစေ့စပ်လှပါတယ် ။ နေမ၀င်အင်ပါယာဖြစ်ခဲ့ တဲ့ 
ဗြိတိန်အစိုးရဟာ ရခိုင်နဲ့  တနင်းသာရီကို သိမ်းပိုက်ချိန်မှာရော
မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရော- နောက် မြန်မာနိုင်ငံကို
လွပ်လွပ်ရေးပေးတဲ့ အချိန်မှာရော ဒီလူမျိုးနဲ့  ပါတ်သက်လို့ ဘာတလုံးမှ
ဝေါဟာရအဖြစ် မှတ်တမ်းတင်ထားတာ မရှိပါဘူး ။ သူတို့ သိတာက အလုပ်လုပ်ဖို
့လာတဲ့  လူအဖြစ် ဘင်္ဂလားက လာတဲ့  သူ- ပြီးတော့ ခိုးဝင်လာတဲ့ 
ဘင်္ဂလီလူမျိုးများအဖြစ်သာ မှတ်တမ်းတင်ထားတာ တွေ့ ရပါတယ် ။
ရခိုင်သမိုင်းသုတေသီ မောင်သာလှ ရေးတဲ့  ( Rohingya Hoax ) ဆိုတဲ့  စာအုပ်
၊ ရခိုင်ဒေသတွင်းသို့  မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့်
နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့် စာအုပ်ဟာ
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ
ယဉ်ကျေးမှုဝန်ကြီးဋ္ဌါန-သမိုင်းသုတေသနဦးစီးဋ္ဌါနက ထုတ်ဝေထားတဲ့ 
သမိုင်းဖြစ်ရပ်မှန်တွေကို တင်ပြသုတေသနပြုလုပ်ထားတာဖြစ်တယ် ။
ဗြိတိန်နိုင်ငံ အင်္ဂလိပ်အစိုးရရဲ့  သန်ကောင်စာရင်းမှာ မြန်မာနိုင်ငံက
တိုင်းရင်းသားလူမျိုးကို ပြုစုကောက်ယူတဲ့ အခါ မြန်မာနိုင်ငံအတွင်းမှာ
ရှိတဲ့  တိုင်းရင်းသားလူမျိုးစစ်စစ်တွေရဲ့  နေထိုင်မှုနဲ့ 
စီးပွါးရေးလုပ်ငန်းတွေကို သိသာနိုင်ဖို့  ကောက်ယူခဲ့ တာဖြစ်တယ် ။
အဲဒီသန်ကောင်စာရင်းမှာ အခုပြောပြောနေတဲ့  သူတို့ လူမျိုးဆိုတာ ဖေါ်ပြထားတာ
မတွေ့ ရပါဘူး ။
      ပြတိုက်တွေမှာ ရခိုင်သမိုင်းနဲ့ ပါတ်သက်လို့  စာအုပ်တွေ
အမြောက်အမြားရှိကြပါတယ် ။ နိုင်ငံခြားသား သမိုင်းသုတေသီတွေကလဲဘဲ
ရခိုင်သမိုင်းနဲ့  ပတ်သက်လို့  ရေးသားထားတာတွေ မြောက်မြားစွာပါဘဲ ။
အဲဒီကမ္ဘာ့ပြတိုက်တွေ မြန်မာနိုင်ငံက ပြတိုက်တွေမှာ သူတို့ လူမျိုးနဲ့ 
ပါတ်သက်လို့  တိုင်းရင်းသားလူမျိုးဖြစ်ကြောင်း တလုံးတလေမှ မဖေါ်ပြတာဟာ
လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်သလို မွတ်ဆလင်ဘာသာကို ကိုးကွယ်လို့ -
ဘာသာခြားလို့ လဲ မဟုတ်ဘူးဆိုတာ မည်သူမဆို နားလည်ကြပါတယ် ။
မွတ်ဆလင်ဘာသာကို ကိုးကွယ်တဲ့  ကမန်လူမျိုးတွေဟာ ရခိုင်ဘုရင်လက်ထက်မှာ
လေးသည်တော်အမှူထမ်းတွေဖြစ်တယ် ။ သူတို့ ကို ရခိုင်လူမျိုးစုနွယ်အဖြစ်
အသိအမှတ်ပြုထားတယ် ။  ကမန်လူမျိုးတွေဟာ သူတို့ ပြောတဲ့  အေဒီ-၈-ရာစုထက်
နောက်ကျမှ ရောက်ရှိလာသူဖြစ်ပေမဲ့    ရခိုင်လူမျိုးစုအဖြစ်
သတ်မှတ်ခံရတာကို စဉ်းစားကြည့်ရင် ဘာသာခြားကိုးကွယ်တာနဲ့  ပတ်သက်လို့ 
ရခိုင်လူမျိုးတွေက ဘာကိုမှ စောဒကတက်စရာ မရှိခဲ့ ဘူးဆိုတာ သိသာနိုင်ပါတယ်
။ ဒီတော့ အခု ပြောပြောနေတဲ့  ခိုးဝင်ဘင်္ဂလီလူမျိုးနဲ့ ပါတ်သက်လို့ 
ဘာဖြစ်လို့  တလုံးတလေတောင်မှ မဖေါ်ပြကြသလဲ ဆိုရင် တကယ်ဘဲ
တိုင်းရင်းသားလူမျိုး မဟုတ်လို့ သာ ခိုးဝင် ဘင်္ဂလီကုလားများဖြစ်လို
့မဖေါ်ပြကြတာဘဲဖြစ်တယ် ။
     တိတိကျကျ ပြောရမယ်ဆိုရင် ရခိုင်သမိုင်းနဲ့  ရခိုင်ရာဇ၀င်မှာ
ရခိုင်လူမျိုးဆိုတာရှိတယ် ။ ရာဇ၀င်မှာ ဒဏ္ဍာရီမဟုတ်တဲ့  ငါတို့ ဘဲ ရှိတယ်
လို့ သာ ကျွန်တော်တို့  ပြောရဲတယ် ။ ပြောနိုင်တယ် ။ ကမ္ဘာတည်သရွေ့ 
ပြောရလိမ့်မယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

ဗြိတိသျှရုပ်သံသတင်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည်

စစ်အစိုးရနှင့်ပူးပေါင်းကြံစည်ခဲ့ကြောင်းတရုတ်ဝန်ခံ

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို

Monywa Times

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် ဓာတုဗေဒဒြပ်များ သုံးစွဲခဲ့ဆိုသော သတင်း တင်ပြခြင်း

=========================

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်န၀ါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေတွေနဲ့ မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းနေရာမှာ စုံစမ်းစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဲဒီ သပိတ်စခန်းဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Phosphorous ဟာ စစ်မြေပြင်တွေမှာသာ သုံးစွဲလေ့ရှိတယ်လို့ သတင်းစာက ရေးသားပါတယ်။ ဒေသခံတွေပြောဆိုချက်ကို ကိုးကားပြီးဖေါ်ပြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ မီးလောင်ဗုံးလိုမျိုးအခွံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်ကြည့်ရာမှာ အဲဒီလို အတည်ပြု ပြောနိုင်တာလို့ဆိုပါတယ်။

၁၉၉၃ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်ပြဌာန်းချက်မှာ Phosphorus အမျိုးအစားကို ဓါတုလက်နက်လို့ သတ်မှတ်ထားတာမရှိပေမယ့် ထိခိုက်ဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခွင့်ကိုတော့ ပိတ်ပင်ထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး လေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောကြောင်း နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ရေးသားပါတယ်။

စာပေဟောပြောပွဲ - မင်းကိုနိုင်

DVB entertainment

မမ်မိုရီစတစ်ကိုမြိုချလိုက်တဲ့ မန္တလေးသူ

Yangon Press International
မြိုချလိုက်ရတဲ့ သက်သေခံပစ္စည်း

ဇန်န၀ါရီ ၃၀၊ ၂၀၁၃(YPI)

လောင်းကစားစာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ မမ်မိုရီစတစ်ကိုမြိုချလိုက်တဲ့ အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့သမီးနဲ့အတူ မနေ့က အဖမ်းခံခဲ့ရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၉) ရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကနေ လောင်းကစားသတင်းအရ မနေ့ကနေ့လည် ၁၁ နာရီ ၄၅ မိနစ်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်ကို ၀င်ရောက်ရှာဖွေရာမှာ နှစ်လုံးထီနဲ့ချဲထီလောင်းကစားရာမှာ အသုံးပြုတဲ့ လက်ပ်တော့တစ်လုံး၊ လောင်းကြေးငွေကျပ်(၆၈) သိန်းနဲ့ လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဝင်ရောက်ဖမ်းဆီးချိန်မှာ အသက် ၅၆ ခြောက်နှစ်အရွယ်အမျိုးသမီးက လောင်းကစား စာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ မမ်မိုရီစတစ်ကိုမြိုချလိုက်တယ်လို့ဆိုပါတယ်။ အဲဒီနောက် အမျိုးသမီးကြီးကို မန္တလေးဆေးရုံကြီးမှာ ဓါတ်မှန်ရိုက်စစ်ဆေးကြည့်တော့ အူလမ်းကြောင်းထဲမှာ နှစ်လက်မလောက်ရှိတဲ့ အရာဝတ္ထုတစ်ခုတွေ့ရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။

လောင်းကစားပြုလုပ်တယ်လို့ယူဆရတဲ့ သားအမိနှစ်ဦးကိုတော့ မန္တလေးအမှတ်(၉) ရဲစခန်းကနေ (ပ)၉၆/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ မမ်မိုရီစတစ်ကို ဘယ်လိုပြန်လည်ရယူမလဲဆိုတာကိုတော့ ရဲတွေက ဖော်ပြမထားပါဘူး။ မမ်မိုရီစတစ်ကိုပြန်ရခဲ့ရင်လည်း သက်သေခံပစ္စည်းအဖြစ် တရားရုံးတော်ကို တင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု

RFA Burmese

ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ၀င်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းခိုလှုံလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ကော့ဘဇားခရိုင်အတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီး လူမျိုးတွေဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒီမိသားစုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက သူတို့နေထိုင်ခဲ့တဲ့ ဒေသဖက်မှာ အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ထွက်ပြေးခိုလှုံလာကြတာ ဖြစ်တယ်လို့သိရပါတယ်။

အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ရခိုင်ပြည်နယ်ထဲကို ခိုလှုံခွင့်လျှောက်ထားလာပါက မည်သူမဆို ခွင့်ပြုသွားမှာဖြစ်ပြီး မောင်တောမြို့နယ်အတွင်းမှာ နေထိုင်စရာအိမ်တွေနဲ့ လယ် ၂ ဧကစီကို အစိုးရရဲ့အစီအစဉ်နဲ့ အခမဲ့ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးအတွက်လက်ပုံစံ

Tun Wai

ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်ပုံသဏ္ဌာန် အား ယူနေတဲ့ မှတ်တမ်းဖြစ်ပါတယ်..။ ကိုရီးယားသတင်းAp စာမျက်နှာမှဖော်ပြချက် ဖြစ်ပါတယ်..။

Global Development Summitမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြော

အဂ္ဂမဟာ ဒီမိုဖက်တီး
အခမ်းအနားမှူးက ဘယ်လိုကြေငြာလဲ.......Global Leader Dr. Aung San Suu Kyi ကနေ Special Speech ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်တဲ့။

Tun Wai

AFP 2013 Getty Images မှ ဓါတ်ပုံများ
PYEONGCHANG-GUN, SOUTH KOREA - JANUARY 30: Pro-democracy leader Aung San Suu Kyi attends press conference during the Pyeongchang Special Olympic on January 30, 2013 in Pyeongchang-gun, South Korea. Aung San Suu Kyi, Myanmar's opposition leader and Nobel Peace Prize laureate is on a 5-day tour to South Korea. (Photo by Chung Sung-Jun/Getty Images) 2013 Getty Images

ဓါတ်ပုံ Bun Ny