Posts

မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

Image
ညီမတို့ YUFL Chinese Major က ဆောင်းသဇင်လှိုင် တို့အိမ်ကိုဝင်ပြီးဖမ်းသွားပါတယ်။ သူ့အမေဒေါ်ဝေဝေနဲ့ သူတို့ညီအမနှစ်ယောက်အပါအဝင် အိမ်မှာအတူနေတဲ့မိန်းကလေးတစ်ယောက် စုစုပေါင်း မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်လို့သိရပါတယ်။ ဒလန်လက်ချက်ကတော့သေချာသလောက်ပါ။ ပါသွားတာမိန်းကလေး၄ယောက်တည်းမို့ အားလုံးကူညီကြပါဦး ဖေါ့ကန် သီရိလမ်း အိမ်အမှတ် (29)က ဒေါ်ဝေဝေနဲ့ သူ့သမီးနှစ်ယောက် အပါအဝင် အိမ်မှာအတူနေတဲ့ မိန်းကလေးတစ်ယောက် အားလုံးစုစုပေါင်း မိန်းကလေးချည်းဘဲ ၄ယောက်ခေါ်သွားတယ်လို့ သိရပါတယ် ။ ဒလန်လက်ချက်ကတော့ သေချာသလောက်ပါ။ပါသွားတဲ့ မိန်းကလေး လေးယောက်အတွက် အားလုံး ဝိုင်းကူညီဖို့ စဉ်းစားပေးကြပါဦး ခင်ဗျာ။

သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

Image
ဒီနေ့ည သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ (၃ ရက်ရှိပြီ) ရပ်ကွက်ထဲ သူပုန်တွေ ဝင်မရတော့  ရပ်ကွက်အေးချမ်းတယ် လှိုင်သာယာ အဝင်လမ်း ဘုရင့်နောင်ဂုံးကျော် ကိုပိတ်ထားပေးတော့    ကူညီရာရောက်တယ် ။ ရပ်ကွက်တိုင်း ဒီလိုကြံ့ကြံ့ခံရင် ရန်ကုန်လွတ်မြောက်မယ် ။ တနိုင်ငံလုံး   ဒီလိုကြံ့ကြံ့ခံရင် တနိုင်ငံလုံးလွတ်မြောက်မယ် ။ ငြိမ်ခံနေရင် ခင်ဗျားတို့ ရပ်ကွက်က အင်အားတွေနဲ့  ဒီနေရာကိုလာဖိမယ် ။ ကိုယ့်အချင်းချင်းတောင် မကူညီနိုင်ဘဲ ဟိုအဝေးက UN, US ရဲ့ အကူအညီကို  သိပ်မျှော်လင့်ပြနေတာ ခင်ဗျားတို့ တရားရဲ့လား ။

“တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

Image
    တ/ဥ ၁၃ တောင်ဥက္ကလာပမြို့နယ်မှာ အရပ်သားအနည်းဆုံး ၁ဝ ဦးဖမ်းဆီးခံရ ~~~~ ■ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့ညသန်းခေါင်အချိန် အရပ်သား အနည်းဆုံး ၁ဝ ယောက်ကို ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေကို ခေါ်သွားစဉ် လက်တွေကိုခေါင်းပေါ်တင်ခိုင်းပြီး “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆိုခိုင်းခဲ့တာ တွေ့ရပါတယ်။ ဗွီဒီယို-Citizen Journalist

Portable world wide internet

 Portable world wide internet Line for myanmar အတွက် လင့်တွေရှာပေးကြပါ ကုဒ်နံပါတ်အပြင်က ဝယ်ပြီးအထဲကလူတွေပေးသုံးလို့ရတယ် သတင်းသမားတွေသတင်းထောက်တွေ အတွက်ထိုင်းဆင်းကဒ်လှုပေးပါမယ်

တိုကျိုမြန်မာသံရုံးမှဒုအတွင်းဝန် ၏ စိတ်ဓာတ်အင်အား။

Image
ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှ CDM လုပ်နေသော ဒုအတွင်းဝန် ၏ လေးစားဂုဏ်ယူစရာ စိတ်ဓာတ်အင်အား။  ၁၇.၃.၂၀၂၁၊ ဗုဒ္ဓဟူးနေ့။   ---------------------------  ကျမကို အားတင်းထားနော် တို့ အသက်က ခုမှ ငယ်ငယ်လေး  ၂၇ နှစ်ပဲရှိသေးတာ ရာထူးကလည်း နှမြောစရာကြီး   စိတ်မကောင်းဖစ်လိုက်တာ ဆိုတာ စာတွေ ပို့ကြတယ်   ကျမ ဝန်ထမ်းစလုပ်ခဲ့ကတည်းက ရာထူးအတွက်  လုပ်ခဲ့တာမဟုတ်ဘူး ငါ့လုပ်ဆောင်မှုတိုင်းက   ငါတို့နိုင်ငံတိုးတက်ရမယ်ဆိုတဲ့ စေတနာထားမှုကို  အခြေခံထားတဲ့ တာဝန်တစ်ခုအတွက်အလုပ်လုပ်ခဲ့တာ   ရာထူးကို မနှမြောဘူး ငယ်ငယ်ကတည်းက ခုထိကို  ဆရာတော်ဘုရားကြီးတွေ သွန်သင်ထားတဲ့ ဓမ္မလမ်းပေါ်  မရောက်တော့မှာ ပို နှမြောတယ်  ကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်မှုကြောင့် တစ်ပါးသူကို  ကိုယ်အားဖြင့် စိတ်အားဖြင့် ထိခိုက်စေရင် ဒါဟာ  အဓမ္မလမ်းကြောင်းဖြစ်တယ်✍️ CDM လုပ်ခြင်းဖြင့်  အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပါ CDM  လုပ်သူအားလုံးဟာ Strong ဖြစ်လို့ လုပ်ကြသူတွေပါ   ဒါကြောင့် ရာထူးကို နှမြောတာတို့ ဘာတို့ မပြောကြပါနဲ့ 😌 ✍️ Crd. မူလတင်သူ  #WeSupportCRPH  #WhatsHappeningInMyanmar  #SaveMyanma

သမိုင်းဂုံးတံတားအခြေအနေ.... 17.3.2021

Image

ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို

Image
ရန်ကုန်၊ တာမွေတွင် ပြည်သူကို ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို ရန်ကုန်၊ မတ် ၁၇ ရန်ကုန်တာ​မွေမြို့နယ်တွင် ယ​နေ့ မွန်းလွဲပိုင်း အကြမ်း ဖက်စစ်တပ်နှင့်ရဲက ပြည်သူများကို ရန်သူအဖြစ် သ​ဘောထား၍ ရပ်ကွက်ထိပ် အကာအရန်များကြားမှ ချိန်ရွယ်ပစ်ခတ်​နေစဥ်။

သမိုင်းစျေးဘူတာနားမှာပါ(ရုပ်သံ)

Image

မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

Image
အရုဏ်ဆွမ်း စားနေတုန်း ဆရာတော်ကြီးတစ်ပါးက ဖုန်းဆက်လာတယ်။ မင်းက လူသိများတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင်နေကြဖို့ ပြောပေး။ ဒီတိုင်းဆိုရင် စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ မဟနတွေကို အကျယ်ချုပ်ချပြီး ထုတ်ပြန်မယ့်စာကို သူတို့စိတ်ကြိုက် ပြင်ရေးလိုက်မှာမို့ လက်မှတ်တွေမပါပဲ အရေးတကြီးနဲ့ မီဒီယာကို ပေးလိုက်ရတာ။ မဟနအဖွဲ့နဲ့ သာသနာရေးအရာရှိတွေနဲ့ အစည်းအဝေးမှာ အတော်လေး အချေအတင်ဖြစ်သွားတယ်။ သာသနာရေးအရာရှိတွေက စာထုတ်ဖို့ ကန့်ကွက်ကြလို့ မဟန ဆရာတော်ကြီးတွေက 'မင်းတို့က ငါတို့မေတ္တာရပ်ခံတာကို နားမထောင်ရင် ငါတို့လည်း မင်းတို့ပြောတာ နားထောင်စရာမလိုဘူး' လို့ ခပ်ပြတ်ပြတ် ပြောပြီး ကားပေါ်တက် ပြန်လာကြတယ်။ အခုစာက အတည်ပဲ။ နောက်ထပ် စာထွက်လာရင် အဲဒါ ပြင်ရေးထားတဲ့ဟာလို့ နားလည်ကြ။ မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိနေတယ်။ တို့သံဃာထုက တညီတညွတ်ထဲ မဟနဘက်ကနေ ကြံ့ကြံ့ခံရပ်တည်ပေးကြရမယ်။ စစ်ပွဲအတွက် လူငယ် လူကြီး ကြိုတင်ပြင်ဆင်ကြ။ မပေါ့လျော့ကြနဲ့လို့ ပြောပေး တဲ့။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

Image
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း CRPH ကြေညာ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။ ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကိ