Posts

တောင်ငူမြို့ အမှတ် ၂ ရဲစခန်းရှေ့ တွင် အရပ်ဝတ် ရဲ မှ ပြည်သူ ကိုပစ်ခတ်

Image
တောင်ငူ (19-03-2021)  ================  in front of no- 2 police station, police firing civilian

အာဏာသိမ်း စစ်တပ် မှ ရထားလမ်း အား ဗုံးထောင်နေခြင်း

Image

အကြမ်းဖက်စစ်​ကောင်စီတပ်များ ပြည်သူပိုင်ကား အစီး ၃၀ ​ကျော်ကို ဖျက်ဆီးခြိမ်း​ခြောက်

Image
Khit Thit Media ရန်ကုန်၊ မတ် ၁၉ မင်း​အောင်လှိုင်၏ အကြမ်းဖက်စစ်​ကောင်စီတပ်များသည် မတ်လ ၁၈ ရက်​နေ့ ညပိုင်းက သဃ်န်းကျွန်းမြို့နယ်၊ ငမိုးရိပ်လမ်းသွယ်များအတွင်းရှိ ပြည်သူပိုင် ကား အစီး ၃၀ ​ကျော်ကို ဖျက်ဆီးခြင်း၊ ပစ်သတ်မည်ဟုခြိမ်း​ခြောက်ခြင်း၊ ဆဲဆိုခြင်းများ လုပ်​ဆောင်ခဲ့​ကြောင်း သိရှိရ

uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

Image
မတ်လ ၁၈ ၊ ၂၀၂၁ ခွန်အကာ / OMG မြန်မာ တပ်မတော်လို့ ခံယူထားတဲ့စစ်အဏာသိမ်းကောင်စီ ကနေ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အား ချက်ချင်ပြန်လွှတ်ပေးဖို့နဲ့ အေးချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ဆက်လက် အကြမ်းဖက်မှု ၊ မတရားဖမ်းဆီမှု များ ပိုမို့ ရှိလာပါက uwsa ဝ တပ်မတော် အနေနဲ့လက်ရှိ " ဝ " ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသကနေ မန္တလေး - နေပြည်တော် လမ်းမကြီးကနေ ရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိသလို...တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အွန်လိုင်း ကနေ ဆွေးနွေးတိုင်ပင်တာတွေ ရှိတယ်လို့ " ဝ " အထူးဒေသ ( ၄ ) မိုင်းလားမြို့ ပြန်ကြားရေးတာဝန်ခံ ဒု ဥက္ကဋ္ဌ က OMG သို့ ပြောကြားခဲ့ပါတယ်။ သတင်း နှင့် ဓာတ်ပုံ - ခွန်အကာ

အကြမ်းဖက်ရဲတပ်ဖွဲ့မှ ကားကို ရပ်တန့်‌စေပြီး ဆဲဆို အဓမ္မလိုက် ရိုက်နှက် ခဲ့သော ဗီဒီယိုမှတ်တမ်း

မတ်လ ၁၈ ရက်၊ ရန်ကုန်မြို့ တာ​မွေတွင် အကြမ်းဖက်ရဲတပ်ဖွဲ့မှ ကားကို ရပ်တန့်‌စေပြီး ဆဲဆို အဓမ္မလိုက် ရိုက်နှက် ခဲ့သော ဗီဒီယိုမှတ်တမ်း။

"သေနတ်နဲ့ပစ်တာမနာဘူးခြေထောက်နဲ့ဝိုင်းကန်တာကနာတာတဲ့"

Image

အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

Image
      အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝမ်ယိတို့ မနက်ဖြန် 19-3-2021 အမေရိကန်မှာ မြန်မာအရေးဆွေးနွေးကြဖို့ရှိ။ မြန်မာ့အရေးတည်ငြိမ်နေပြီဖြစ်လို့ အမေရိကန်မှ ဝင်မပါဖို့ တရုတ်ဘက်မှ အသံထွက်နေ။ ဒါ့ကြောင့် မြို့ကြီးတွေမှာ လမ်းပေါ်က သပိတ်အတားအစီးတွေကို အတင်းလိုက်ဖယ်ရှားနေခြင်းဖြစ်။ အဖမ်းခံထားရသူတချို့နဲ့ ရွေး/ကော်တချို့ကိုလဲ ပြန်အလွှတ်ပြနေတယ်။ မြန်မာပြည်မှာ တည်ငြိမ်သွားသယောင် ကမ္ဘာကို သတင်းလွှင့်နိုင်ဖို့ လုပ်နေကြခြင်းဖြစ်တယ်။ ဒါ့ကြောင့် ပစ်မည် သတ်မည်ဟုခြိမ်းခြောက်နေပေမဲ့ ယခင်နေ့ရက်တွေလောက် ပစ်ခတ်မှုတွေ သိပ်လုပ်တာမတွေ့ရတော့တာပါ။ အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ အလွန်ကြောက်နေကြတယ်။ ဒါ့ကြောင့် လက်နက်မဲ့ပြည်သူများအပေါ် အမေရိကန် မဟာမိတ်တပ်များမှ ကူညီပေးနိုင်ဖို့အတွက် တိုင်းပြည် မငြိမ်သက်သေးကြောင်းနှင့် စစ်အုပ်စုကို လုံးဝလက်မခံကြောင်း ဆန္ဒပြပွဲများ ဆက်တိုက်ပြဖို့လိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များက ဝိုင်းတိုက်နေကြတဲ့ တိုက်ပွဲများဆီ စစ်အင်းအားတွေ ပို့နေရလို့ လက်ကျန်အင်အားလောက်နဲ့ မြို့တွေမှာ ရသလောက် ဖြဲခြောက်ပြနေကြတာပါ။ အင်အားမလောက်လို့ စစ်သားမယ

USA -CHINA ဆွေးနွေးပွဲအခြေအနေမကောင်းပါ

Image
အမေရိကန် ၁၈ ရက်နေ့ မြန်မာနိုင်ငံမှာ ၁၉ ရက်နေ့က ငါတို့နိုင်ငံအတွက်အရေးကြီးတယ်။ စစ်ပွဲတွေဖြစ်ပီးမှ လက်ရှိပြဿနာတွေပီးသွားမလား... ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရုတ် နောက်ဆုတ်သွားမလားဆိုတာ အဖြေတခုထွက်လိမ့်မယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် ဗြိတိန် ပြင်သစ် ဂျာမဏီ ဂျပန် ကိုရီးယား ဩစတြေးလျိား အိန္ဒိယ  တူရကီ NATO အုပ်စုဝင်နိုင်ငံတွေက တရုတ်ကို စစ်ပြုဖို့အချိန်ရောက်နေပီ။ တရုတ်က Proxy war ကို ရွေးချယ်လိုက်ရင် မြန်မာပြည်ဟာ စစ်မြေပြင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံဆယ်နိုင်ငံလောက်နဲ့ တရုတ်ပြိုင်မိုက်ဖို့ကတော့ တရုတ်အဲသလောက်မမိုက်မဲဘူးလို့ထင်တယ်။ ရုရှကတော့ နှာစေးသွားပါပီ။ တရုတ်လက်ရှောင်သွားရင် တရုတ်ပေးရမယ့် အရင်းနှီးတွေတော့ရှိတာပေါ့။ အဲ့ထဲမှာ မြန်မာ့အရေးလဲပါလိမ့်မယ်။ တရုတ်လက်ရှောင်သွားရင် အာဏာရူးမအလ တို့အတွက်ကတော့ ဆက်ပီးမိုက်မဲစရာမရှိတော့ပီ။ စစ်ဗိုလ်ချုပ်တသိုက်နဲ့မိသားစုတွေ ရုရှမှာ ခိုလုံခွင့်တောင်းဖို့သာရှိတယ်။ ဆက်ပီးတင်းခံ သတင်းအမှောင်ချပီး လူဆက်သတ်နေမယ်ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်က မဟာမိတ်ရေတပ်ကြီးက ဒီတိုင်းလှည့်ပြန်သွားစရာတော့မရှိဘူး။ (တချို့တွေက စစ်ရေးလေ့ကျင့်တာပဲ ဘာကြောက်စရာရှိလဲပေါ့။ စစ်ရေးလေ့ကျင့်တယ်ဆိုတ

ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

Image
Gen- Zကလေးများရဲ့တိုက်ပွဲကို ကြည့်နေရင်း ဘာတွေတွေ့လဲဆိုတော့ မိုလိုတော့ဗ်တွေ အဆင်သင့် ပြင်ပေးထားပြီး ဆက်တိုက်ပစ်ထည့်ကြတာပဲ။ နောက်ပြီး ရှေ့တန်းက တိုက်နေချိန် နောက်တန်းက မီးသတ်ဆေးဗူးနဲ့ အဆင့်သင့် စောင့်နေပြီး မလိုအပ်တဲ့နေရာမီးစွဲတာနဲ့ ချက်ချင်း ထ သတ်တယ်။ ဒီလောက် တပြောင်းပြောင်း ပစ်နေတာတောင် တက်လိုက်/ဆင်းလိုက်နဲ့ မမှုတမ်း လှုပ်ရှားနေပုံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျကျနန မှတ်တမ်းယူနိုင် Live လွှင့်နိုင်တဲ့ သူလည်း ရှိတယ်။ လူစုခွဲဟေ့ဆိုလည်း ချက်ချင်း ကိုယ်ယောင် ဖျောက်ပစ်နိုင်တယ်။ ညီတာ။ အသေချာဆုံးနဲ့ အကြိုက်ဆုံးကတော့ သေတတ်တဲ့ ကျည်ဆံတွေကြား အကြောက်တရား မရှိပဲ တက်ညီလက်ညီ အချိတ်အဆက်မိမိ လှုပ်ရှားနိုင်တဲ့ Gen-Z မျိုးဆက် ရဲဘော်လေးတွေပဲ။ မင်းတို့ကို လေးစားလိုက်တာ၊ ချစ်လိုက်တာ၊ အားကျလိုက်တာ။ အလေးပြုတယ်ကွာ။ တကယ်။. Crd ကျွန်တော် လဲ အလေးပြုလို့ ပြန်လည် မျှဝေသည်

USA-CHINA ဆွေးနွေးပွဲ တင်းမာ

Secretary Blinken, National Security Advisor Sullivan meet with CCP director LIVE: Secretary Blinken, National Security Adviser Sullivan meet with CCP director in Anchorage, Alaska.   https://abcn.ws/3bEDYid