Posts

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

Image
ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။   ByLuduNwayOo ဓာတ်ပုံ - ပီနန်းအသင်း  မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။ ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။ ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

Image
 အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။   By LuduNwayOo  စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ

ပေါက်တောမြို့နယ်မှ ANP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး နှုတ်ထွက်

Image
2021၊ 4 မတ် · DMG၊ မတ် ၄  ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်သည် (ANP) ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက DMG သို့ ပြောသည်။ ဦးတက်ထွန်းအောင်သည် ANP ပါတီမှ မတ်လ ၃ ရက်နေ့တွင် နှုတ်ထွက်သွားခြင်းဖြစ်ပြီး နှုတ်ထွက်စာလွှာကို ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်တွေမြို့ရှိ ပါတီဗဟိုရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ထားသည်ဟုဆိုသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းခြင်းကို မလိုလားသည့်အတွက် ယင်းသို့ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။ “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ANP သည် ပါတီတစ်ခုလုံးရဲ့ ဆန္ဒပါမဘဲနဲ့ လူသုံးလေးငါးယောက်က စီမံအုပ် ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဖို့ လက်ခံပြီးပါဝင်တာကို တွေ့ရတယ်။ ကျွန်တော်အနေနဲ့ စိတ်ဆိုးမိတယ်” ဟု ၎င်း ပြောသည်။ ဦးတက်ထွန်းအောင်က ၎င်းနှုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် အတိတ်သမိုင်းက သင်ခန်းစာပေးခဲ့သော ငသံဒွေ၏လုပ်ရပ်ဆိုးမွေ မြောက်များစွာကို သတိရစွာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်အဖြစ်မှ လည်းကောင်း၊ ဗဟိုကော်မ

ပြည်သူတွေ အလိမ်မခံရစေဖို့

တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ တော်လှန်ရေးကိုဗန်းပြပြီး အလိမ်အညာတွေ ပိုများသထက်များလာတာကို တွေ့ရပါတယ်။တချို့က တော်လှန်ရေးထဲမှာ လက်ရှိမပါဝင်တော့ဘဲ သင်တန်းဆင်းတုန်းက ပရိုဖိုင်ပုံနဲ့ ပြည်သူတွေအပေါ် ခုထိညာစားကောင်းနေတုန်းပါပဲ။ တချို့အဖွဲ့အစည်းတွေကျပြန်ရင်လည်း တော်လှန်ရေးကိုထိထိရောက်ရောက်အားမပြုဘဲ ပြည်သူ့အလှူငွေနဲ့ ဘီယာလေးတမြမြဖြစ်ကာ ဂိတ်စောင့်သလို၊ဘာလိုလိုလုပ်ရင်း ကိုယ်ကျိုးစီးပွားဖက်ကို ကူးပြောင်းနေကြပါတယ်။ပြည်သူ့အလှူငွေတွေဟာ တကယ်အလုပ်လုပ်ပြီး လိုအပ်နေတဲ့အဖွဲ့အစည်းတွေဆီ မရောက်နိုင်ရင် တော်လှန်ရေးကို သက်ဆိုးပိုရှည်ဖို့  တွန်းအားပေးနေတာကို သတိချပ်စေချင်ပါတယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို လှူမယ်ဆိုရင် ဆိုရှယ်မှာ နာမည်ကြီးတာတွေ ၊ ပြည်သူကြိုက်စကားလုံးတွေနဲ့ မျက်ရည်ခြူအပြောကောင်းတာတွေကို ခဏဘေးချိတ်ပါ။မြေပြင်မှာ တကယ်အလုပ်လုပ်၊မလုပ်ကို အမှန်တကယ်သိနိုင်အောင် နီးစပ်ရာမြေပြင်အဖွဲ့အစည်းတွေ၊ပြည်သူတွေဆီ လေ့လာစုံစမ်းကာ အတည်ပြုချက်ရယူပြီးမှသာ လှူပါ။ တပ်ရင်းတပ်ဖွဲ့ဆိုရင် အလှူငွေရဖို့ လာရောက်ချိတ်ဆက်သူရဲ့ ရာထူးတာဝန်နဲ့ လက်ရှိအခြေစိုက်လှုပ်ရှားနယ်မြေ၊တပ်ရင်းကုဒ်ကျပြီးလား၊မကျပြီးလားမေးပါ။တ

အရွေ့တခု ကြိမ်းသေ လာပြီ !

US CIA  စကားဟလာမှု   နောက်ကွယ်မှာ   စစ်တပ်   အကြ မ်းဖ က်မှုတင်   မဟုတ်   မူး ယ စ်ကေ့   နူကလိ့ယား   ချာပါတီ ပေါက်စီက   လ က် နက်တွေ   မအလကနေ တဆင့်  ‌ ရုစကီးဆီ   ပေးဘို့   အချက်တွေကို   ကြိုဟန့်ထားတာ   ပါပါလိမ့်မယ်   ရွေးကောက်အကြောင်းပြ   သာကောလာပြီး   ချူချာကို   ကပစကျ ည်ခဲ ယ မ်းတွေ   ပို့မယ့်   သတင်းတွေ   ထွက်လာတာ   တိုက်ဆိုင်မှုတော့   မဟုတ်ပါ   ခုမြင်ရသလောက်ဆို   ဘက်စုံက   အသံထွက်လာတာရယ်  NUG  နဲ့   တွေ့ဆုံဆွေးနွေးမှုတွေရယ်က   အချိန်ကျပြီလို့ပဲ ယူဆတယ်   သတိထားမိသလောက်  US CIA  က   အသံထွက်လာပြီဆို   တခုခု   ပြောင်းလဲလုပ်ဆောင်ကြတယ်   အချိုးကွေ့နဲ့   ကြီးကြီးမား   အရွေ့တခုပေါ့   ထိုင်းမူး - ယ - စ်ကေ့တွေ   ဘုတ်မဖြစ်ခင်က   ခုလိုပဲ   အသံထွက်လာပြီး   တောက်လျောက်   စွဲစိ   ဖော်ကြတာ   မအလထိ ပါလာတာပဲ   ဒီတော့   ကမ္ဘာနိုင်ငံရေးမှာ  US CIA  ထောက်လှန်းရေးက   အသံထွက်ပြရင်   လုပ်စေဘို့   လမ်းညွန်   အသိပေးတာပဲ   တနည်း   ကွန်းဖန်း‌ကြောင်း   အချက်ပြတာ   ဒီတော့ခု   မြန်မာဒီမိုကရေစီအင်အားစုများ   ပြင်ပအကူအညီလိုအပ်နေဟု   အမေရိကန်ထောက်လှမ်းရေးဆိုတယ်ဆိုတာ   လက်န က်   စ စ်ရေးကလွဲလို့   ဘာရှိမလဲ   မေးစရာမလို  

NLDကိုမိသားစုပိုင်လုပ်ချင်တဲ့မိသားစု

Image
အမျိုးသားပြန်လည်သင့်မြတ်ရေး၊သဟဇာတဖြစ်ရေး၊တွေ့ဆုံဆွေးနွေးရေး၊အကြမ်းမဖက်ရေး…ဆိုပြီး စကစ ရဲ့စစ်ဖိနပ်အောက်ကလျောက်ရမည့်အချောင်သမားနိုင်ငံရေးလမ်းကြောင်းကို သူတို့ကလက်ခံကြတယ်၊ ယခုနွေဦးတော်လှန်ရေးရဲ့ ပေးထားချက်တောင်းဆိုချက်ကို သူတို့လက်မခံကြဘူး။ CRPH & NUG ရဲ့ တော်လှန်ရေးလမ်းစဉ်ကို သူတို့ မယုံ ကြည်ဘူး၊လက်မခံဘူးဆိုထဲက ပြည်သူ့ကိုမျက်နှာမမူတာထင်ရှားတယ်။ (၂၂.၆.၂၀၂၂)နေ့ ၊တိုးလွင် စန္ဒာမင်းတို့က NLD ရုံးချုပ်သော့ကို၊ ရဲမင်းသိန်းထံမှ တောင်းတယ်။(ရုံးအတွင်းပျက်စီးနေမှုများပြင်ဆင်ရန်၊သန့်ရှင်းရေးလုပ်ရန်၊အကြောင်းအမျိုမျိုးပြ) သူ့ကိုဘယ်သူမှရုံးသော့ ရုံးချုပ်မအပ်ဘူး အာဏာ လုခံရစဥ် အတင်းလာတာ နေ့စဉ်  လာတာ ...ရုံး အဖောက်ခံရမှ သူကို  သူ့အိမ်နဲ့နီးလို့ ခြံ စည်းရိုးသော့ပဲ အပ်ထား တာ CEC ထဲမှာ ဖမသ ကလွဲ ရင်သူ့ကို ဘယ်သူမှ အဆက်ဆံမလုပ်ဘူး NLD YGN အလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် သော့မပေးနိုင်ဘူး ပြန်ကြားလိုက်တော့၊တရားဝင်ရုံးဖွင့် ခွင့်ရအောင် DASSKနဲ့သွားတွေ့တယ်။၂၀၂၂ခုနှစ် ဒီဇင်ဘာ ပထမအပတ်အတွင်း တိုးလွင်နဲ့စန္ဒာမင်း၊DASSK ထံ မအလ အစီအစဉ်နဲ့သွားတွေ့ခဲ့တယ်။ (၃၀.၆.၂၀၂၂)နေ့မှာ စကစ UEC သ်ို့၊ စန္ဒာမင်းအပါ (၆)ယောက်သွားတ

ဖိနှိပ်ခံရချိန်မှာ စောက်သံတစက်မထွက် ပေးတဲ့ မင်းတို့ ၃ ယောက်ကိုထုတ်တယ်

Image
အခုမှ၂နှစ်ပဲရှိသေးတယ်အတိတ်မေ့ချင်ယောင်ဆောင်တယ်၊ ရှောင်တိမ်းနေသူတွေကိုတရားမဝင်ဖူးပြောတယ်၊အလုပ်တွေဆက်လုပ်ဖို့အဖမ်းမခံပဲရှောင်တာနဲ့ပဲ တရားမဝင်ဘူးဆိုတော့ —- အခုထိရပ်ကြေး NLD အဆင့်တွေတောင်အိမ်တံခါး လာခေါက်နေချိန်မှာ NLDပါတီဝင်၇၆၀ကျော်အဖမ်း ခံရချိန်တယောက်ကလွဲလို့ကျန်တဲ့ဝန်ကြီးချုပ်အကုန် အဖမ်းခံရချိန် ငါ NLD ကိုတာဝန်ခံတယ် ဖမ်းထားသူ တွေလွှတ်ပေး၊ ငါတို့တွေမပါနိုင်အောင်လုပ်ထားပြီးမှ ကျင်းပတဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ပါတယ်၊အာဆီယံ မူ၅ချက်ကိုလိုက်နာပါ စသဖြင့် ဗဟိုအမှုဆောင်တ ယောက်အနေနဲ့ ရှေ့ထွက်ရဲခဲ့လား? တိုးလွင်— ရပ်ကြေးတွေတောင်ဝရမ်းပြေးနေရချိန်မှာ မင်းနဲ့စန္ဒာမင်း ကဘာလို့လွတ်နေရလဲ၊ ခံဝန်ထိုးထားတာလား မင်းမိန်းမ ကိုယ်ပိုင်စာသင်ကျောင်းအပိတ်ခံရမှာစိုးလို့ စောက်သံ တိတ်နေတာမဟုတ်ဖူးလား၊  မင်းနဲ့စန္ဒာမင်း၂ယောက်ထဲဆန္ဒနဲ့အမေစုကိုသွားတွေ့ တယ်၊ပါတီမှတ်ပုံတင်ဖို့သွားပြောတယ်၊မအလကခွင့်ပြု တယ်၊ ဘာကြောင့်ခွင့်ပြုလိုက်ဲတာလဲ မင်းတို့၂ယောက်က ရော ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီးကိုယ့်ခေါင်းဆောင်တွေ ကိုဖမ်းထားတဲ့သူတွေအကြိုက်လိုက်လုပ်နေလို့သစ္စာဖေါက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်တာ၊ မတရားမှုကိုတုန့်ပြန်နေသူတွေကိုတရားမဝင်ဖူးဆို

ပုသိမ်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုစစ်တပ်ထောက်ခံသူများနဲ့ ကြံ့ဖွံပါတီ၀င်တွေကိုအစားထိုးခန့်အပ်

Image
ဧရာဝတီတိုင်းမ် မတ်လ ၆ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ မြို့ပေါ်ရပ်ကွက် ၁၅ ခုက အုပ်ချုပ်ရေးမှူးတွေကို မတ်လ ၃ ရက်နေ့ကစတင်ပြီး စစ်တပ်ထောက်ခံသူအမာခံတွေနဲ့ ကြံ့ဖွံပါတီ၀င်တွေကို အစားထိုးခန့်အပ်လိုက်တယ်လို့ပုသိမ်မြို့ခံတွေကပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပြင် ရာအိမ်မှူး ၆၀ ကျော်ကိုလည်း ယခင် လူများ အုပ်ချုပ်ရေးမှူးအသစ်များ တင်ပြလာတဲ့ လူတွေကို အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။ "အုပ်ကြီးအများစုက စစ်ကောင်စီဆန္ဒပြပွဲတွေတုန်းက ပြည်သူတွေနောက်ကို သတင်းလိုက်ယူတဲ့သူတွေ နဲ့ စစ်တပ်ထောက်ခံပွဲဆိုရှေ့ဆုံးက နေတက်ကြွနေတဲ့လူတွေပါတယ်၊ နောက်ပြီး၂၀၂၀ ရွှေးကောက်ပွဲတုန်းကကြံဖွံပါတီရဲ့ စည်းရုံးရေးမှူးတွေလဲပါတယ်" လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။ ပုသိမ်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက် ရှိတဲ့အထဲက ရပ်ကွက် ၁၂ ခုက အုပ်ချုပ်ရေးမှူးတွေကို ပြောင်းလဲခဲ့ပြီး အမှတ် ၅၊ ၈၊ ၁၅ စတဲ့ ရပ်ကွက် ၃ညခုက အုပ်ချုပ်ရေးမှူး ၃ ဦးကိုတော့ ယခင်အတိုင်းထားရှိခဲ့တယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ " စစ်ကောင်စီက အင်အားနည်းလာတော့အောက်ခြေအုပ်ချုပ်ရေးမှာသူတို့ယုံကြည်ရတဲ့လူတွေကို ထားဖို့

အမ်းမြို့မရဲစခန်းရှိ အချုပ်သားအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ

Image
ဧရာဝတီတိုင်းမ် မတ်လ ၇ ရက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မရဲစခန်းမှာ အကျဥ်းကျနေကြသူအားလုံးဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ မိသားစုဝင်တွေနဲ့ရဲအသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီစခန်းထဲမှာအဖမ်းခံထားရသူတွေဟာ ရိုက်နှက်ခံရတာ၊ဆဲဆိုခံရတာ၊မိသားစုနဲ့တွေ့ခွင့်မရတာ၊အစားအစာ၊ဆေးဝါးတွေကို ပေးခွင့်မရတာတွေကြုံ တွေ့နေကြရတာလို့ ဆိုကြပါတယ်။ "ကျွန်မယောကျ်ားက အေအေနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးအမ်းအချုပ်မှာဖမ်းဆီးခံထားရတာ... အရင်က အချုပ်မှာသွားတွေ့လို့ရတယ်။မုန့်ဖိုးငါးထောင် တစ်သောင်းပေးရပါတယ်။တရားရုံးထုတ်ရင် ရုံး ထုတ်လာတဲ့ရဲတွေစားသမျှ ရှင်းပေးရပါတယ်။ခုတော့ အမ်းအချုပ်မှာ သွားတွေ့လို့မရတော့ဘူး။စားစရာလည်း ပေးလို့မရတော့ဘူး။ထမင်းပို့ဖို့ လပေးရှင်းထားတဲ့ ရဲကလည်း ထမင်းပို့ခွင့်မရှိတော့ဘူး။ပုံစံ ထမင်းပဲစားရတော့မယ် ပြောတယ်။''လို့ အဲဒီမှာဖမ်း ဆီးခံထားရသူတစ်ဦးရဲ့ဇနီးဖြစ်သူက ဆိုပါတယ်။ အဲဒီမှာ အဖမ်းခံထားရသူတွေဆီက ဂတ်စာရေးတပ်ကြပ်ကြီးရဲဆွေနဲ့အကူစာရေးရဲတပ်ကြပ်သက်နိုင်အေးတို့ဟာ ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေပြီး အဲဒီကရတဲ့ပိုက်ဆံတွေနဲ့အမ်းမြို့ မရဲစခန်းမှူး ဒုရဲမှူးမျိုးကြည်နဲ့အမ်းမြို့ နယ်ရ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

Image
စွန့်စားမှုသည် တိုးတက်မှုအခွင့်အလမ်းသစ်များဆီသို့ ပို့ဆောင်နိုင်သည့် အရင်းအနှီးကို ဖွင့်ထုတ်ရန် ၎င်း၏ အစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်ကြောင်း Keppel မှ ပြောကြားခဲ့သည်။ KEPPEL CORP SINGAPORE – Keppel Land နှင့် ၎င်း၏လုပ်ငန်းခွဲ Double Peak Holdings တို့သည် Greenfield Development တွင် ၎င်းတို့၏ အစုရှယ်ယာ 100 ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ 57.4 သန်း (S$77.2 million) ဖြင့် ေရာင်းချလိုက်သည် Greenfield Development သည် မြန်မာနိုင်ငံတွင် ဟိုတယ်တစ်လုံး ဆောက်လုပ် လည်ပတ်ခွင့်ရှိသည့် Straits Greenfield ကို ရာနှုန်းပြည့် ပိုင်ဆိုင်ပါသည်။ အမေရိကန်ဒေါ်လာ 57.4 သန်း ထည့်သွင်းစဉ်းစားခြင်းသည် Greenfield Development ၏ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး US$ 43.9 သန်းထက် 2023 ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကျော်လွန်သွားသည်ဟု Keppel Land ၏ မိခင် Keppel Corp မှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ပိုင်ဆိုင်မှုကို ခွဲထုတ်ခြင်းသည် Keppel Corp ၏ ပိုင်ဆိုင်မှုငွေရှာခြင်းအစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်ပြီး တိုးတက်မှုအခွင့်အလမ်းသစ်များဆီသို့ ပို့ဆောင်နိုင်သည့် အရင်းအနှီးကိုသော့ဖွင့်ရန် အုပ်စုက ထပ်လောင်းပြောကြားခဲ့သည်။