အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ မှု စစ်ကောင်စီ ကျူးလွန်ခဲ့တယ်လို့ NUG ထုတ်ပြန်
သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၄၈၂ ယောက်၊ အမျိုးသမီး ၇၈ ယောက် ပါဝင်ပြီး ကျန်တဲ့သူ ၂ဝ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။ ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)RFA 2023-03-15 စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ အသတ်ခံရထားရသည့် ဒေသခံများ၏ ရုပ်အလောင်းတချို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က သယ်ဆောင်လာစဉ်။ Citizen Journalist အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၇၆၆ ယောက် အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနစ် ဇူလိုင်ကနေ ၂ဝ၂၃ ခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သား ငါးယောက်နဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျူးလွန်ခဲ့တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ crimes against humanity တို့ war