Posts

ဧရာ၀တီတိုင်းက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို ရခိုင်နဲ့ စစ်ကိုင်းကို ရွှေ့ပြောင်း

Image
ဧရာဝတီတိုင်းမ် မတ်လ ၂၂ ရက်   ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ရဲစခန်းတွေက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို မတ်လ (၁၈)ရက်နေ့က ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းကသိရပါတယ်။ ခုလိုမျိုး တစ်တိုင်းလုံးမှာ ပြောင်းရွှေ့ရတဲ့ ရဲ ၄၀ ဦးဟာ ပြောင်းရွှေ့စာရင်းမှာမပါဝင်ဘဲ ငွေကြေးမပေး နိုင်လို့ ငွေပေးနိုင်တဲ့သာတွေအစား ရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ "တစ်တိုင်းလုံးအယောက် ၄၀ မြို့နယ်စခန်းတွေက နာမည်နဲ့ စာရင်းထွက်တာတစ်ချို့ကြတော့ ပိုက်ဆံပေးပြီး လူချိန်းလိုက်တာတွေ ရှိတယ် အရင်ကတိုင်းမှာ အနေကြာသူတွေချိန်းတာ၊ ခုကငွေမပေးနိုင်ရင် နာမည်ပါမှာပဲ"လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ​ဧရာ၀တီတိုင်းကနေ အခြားဒေသတွေကိုမပြောင်းရရေးအတွက် ငွေကြေးလာဘ်ထိုးရပြီး တော်လှန်ရေးအင်အားစုများနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသများကိုမပါစေရေးအတွက် ငွေကျပ်သိန်း ၅၀ နီးပါး လာဘ်ငွေပေးရတယ်လို့ ဆိုပါတယ်။ ယခုပြောင်းရွှေ့ခံရသူ အများစုဟာမြို့နယ်တွေမှာ စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ နယ်ထိန်း၊ ဒန စတဲ့ရဲတပ်ဖွဲ့၀င်အမျ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး

Image
မုံရွာ၊ မတ် ၂၁၊ ၂၀၂၃။   စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လာတဲ့ကားလို့ သတင်းအတိအကျရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ရဲမှူးချုပ်ပါတဲ့ကား ဖြစ်နေခဲ့လို့ ရဲမှူးချုပ်အပါ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက် မနေ့ကမနက် ၁၁ နာရီဝန်းကျင်လောက်မှာ မုံရွာမြို့ရန်ကင်းကျောင်းကထွက်လာတဲ့ ယာဥ်တန်းကို PDF ၂ ဖွဲ့ပူးပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Youth Revolution Attack Force အဖွဲ့တာဝန်ခံက ပြောပါတယ်။ "Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်" လို့ ပြောပါတယ်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကို လာမယ်ဆိုတဲ့ သတင်းရထားလို့ ဇောတိကကျောင်းနဲ့ ရန်ကင်းကျောင်းနားမှာ မနက် အစောပိုင်းမှာကတည်းက မိုင်းထောင်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်မှုပါတဲ့ ဒဿ Monywa ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ "ပထမဦးဆုံး မင်းအောင်လှိုင် လိုက်ပါလာတဲ့ကားက ရန်ကင်းကျောင်းထဲကို ဝင်တယ

မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

Image
By Yangon Khit Thit News Agency March 21, 2023 0 12   မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော် ■  MAI နှင့် KBZ လေကြောင်းလိုင်း ရှယ်ယာအများစုကို အောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြီဖြစ် By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။ ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။ စတင်လုပ်ကိုင်ချိန်ကတည

စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် NLD ဗဟိုကော်မတီ အတည်ပြု

Image
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို (NLD) ပါတီရဲ့ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။   RFA Burmese 2023-03-21   ရွေးကောက်ပွဲ မဲရလဒ်ရေတွက်နေချိန် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် စောင့်ဆိုင်းနေသူတချို့အား တွေ့ရစဉ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို မတ်လ ၂၁ ရက် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။ အစည်းအဝေးမှာ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ (CWC) ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြအတည်ပြုခဲ့ပြီး ဒီအထဲမှာ မှတ်ပုံပြန်မတင်တဲ့အချက်လည်း ပါဝင်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။ “CWC စပြီးတာဝန်ယူကတည်းက လုပ်ထားတဲ့ဟာတွေအားလုံးကို အစီအရင်ခံစာ ထဲမှာထည့်ပြီး တင်ပြတယ်။ အတည်ပြုပေးဖို့အတွက်ကို တင်တယ်။ ဗဟို ကော်မတီဝင်အားလုံးက တညီတညွတ်တည်း ထောက်ခံပြီး အတည်ပြုလိုက်တယ်။ အဲဒီအတွက် ပါတီကို မှတ်ပုံမတင်ဘူးဆိုတဲ့

စစ်ခေါင်းဆောင်ကို တရားစွဲနိုင်တော့မယ်လို့ NUG ယာယီသမ္မတပြော

Image
RFA ~~~ ■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် မကြာခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေကတစ်ဆင့် တရားစွဲ အပြစ်ပေးနိုင်တော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောလိုက်ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။ "ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မဝေးတော့တဲ့အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်" NUG အနေနဲ့  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာကို ချပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် မြန်မာအမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူတွေ က စစ်ကောင်စီကို ခုံရုံးတင်အရေးယူနိုင်ဖို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တိုက

မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

Image
" စစ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး "   စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဗရမ်းဗတာ ဖြစ်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ အဆိုတစ်ရပ်ကို တောင်းဆိုလိုက်ပါတယ် ။ အားလုံးသိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိဖို့ စီစစ်လေ့လာရေးအဖွဲ့ကို ဦးဆောင်ခဲ့သူပါ ။ နွေဦးတော်လှန်ရေးအချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တာဝန်ပေးချက်အရ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူထားပါတယ် ။ ကမ္ဘောဒီးယားနိုင်ငံက ပိုပေါ့အစိုးရကို နိုင်ငံတကာ ခုံရုံးတင်နိုင်အောင် ကြိူးပမ်းခဲ့တာကလည်း တွမ်အင်ဒရူးပါဘဲ ။ တွမ်အင်ဒရူးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးသံတမန် နိုလန်ဟေဇာရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တင်ပြချက်တွေကို ကိုးကားပြီး မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ ။ အင်ဒရူးရ

လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း

Image
စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ   ရန်ကုန်၊ မတ် ၂၀ ခေတ်သစ်  အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ် ခေါ် စာများ လိမ်လည်တင်ပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်သည်ဟုဆိုကာ ခေါ်တွေ့ပြီး တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။ ထိုအချိန်တွင် စစ်တပ်က ထိုသို့ စစ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြေ

တိုးတိုး လေးပဲပျှော်ကြပါ

Image
အိန္ဒိယ တရုတ်နဲ့ရုရှားဟာအကြမ်းဖက်စစ်တပ်ကိုနိုင်ငံ  တကာကပိတ်ဆို့ထားတဲ့လက်နက်တင်သွင်းမှုပိတ်ပင် နေတာကိုဂရုမစိုက်ပဲ ပေါ်တင်ထောက်ပံ့နေတာရှိပါတယ် NUG ကလည်းရရှိဖို့ကြိုးစားနေပါတယ်၊ တရားဝင်ရရှိ ဖို့ပါ၊ လတ်တလောမှာရတာတွေရှိပေမယ့်တရားဝင်မ ဟုတ်သေးလို့ ဝယ်ယူမှုအပိုင်းမှာလည်းတရားဝင်မဖြစ် သေးပါဖူး ပွဲစားထားပြီးဝယ်ယူနေရဆဲပါ NUG စဖွဲ့စဉ်က PDF ၅၀၀၀ အတွက် $သန်း၅၀လိုအပ် တယ်လို့ လက်နက်နဲ့စစ်ရေးလေ့လာကျွမ်းကျင်သူဒေါ် ခင်မမမျိူးကတင်ပြခဲ့ပါတယ်၊ လက်ရှိမှာ သန်းရာဂဏန်းအထိ ရရှိနိုင်ပြီး PDFနဲ့ CDM တွေအတွက် သုံးစွဲနေပေမယ့် လိုအပ်ချက်ကကြီးမား နေဆဲပါ၊ အထက်ကပြောသလို တရားဝင်မှု ဆိုရာမှာ အစိုးရတ ရပ်ရဲ့နယ်မြေပိုင်စိုးမှုကအရေးတကြီးလိုအပ်မှုတခု ဖြစ်လာပါတယ် ကုပဏ္ဏီတခုရှယ်ယာရဖို့ အရင်အမြတ် အစွန်းရနိုင်ကြောင်းလုပ်ပြရသလိုပေါ့ စစ်ကိုင်းမကွေးတင်္နသာရီမှာ တိုးတက်မှုရှိပေမယ့် အခြားတိုင်းတွေမှာလိုအပ်နေဆဲပါ NUGအနေနဲ့bond မြေကွက် အိမ်ယာ စသဖြင့်ပြည်တွင်း ပြည်ပက မြန်မာတွေဆီကဝင်ငွေနဲ့ပဲ PDFကိုထောက်ပံ့ နေရဆဲပါ  ၂နှစ်တောင်သက်တမ်းမရှိသေးတဲ့ NUGရဲ့တိုးတက်မှု ဟာ EAOs တွေရဲ့၂နှစ်သက်တမ်းထက်အများကြီးသာ ပါတယ်၊  နှစ်၇၀ကျော်တည်ဆောက်ထားတဲ့စစ်တပ်ကိ

အာလာဒင်ဖလား

Image
အိုင်းရင်းကဒါမျိူးတွေဖွ ပြီးရင်ဖလာကြီးချလက် မှတ်ရောင်းတော့တာပဲ၊ တော်လှန်ရေးအသိုင်းအဝိုင်း ကိုမယုံကြည်အပုပ်ချပြီး ဖလားကြီးထဲက ၃သိန်း လောက်အထွက်ပြ အာလာဒင်ဖလားကြီး လှူတဲ့သူကလဲရှိနေဆဲ ဆေးမိနေကြလားမသိဖူး

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

Image
လူတယောက်ကိုပါစင်နယ်အဆင့်အထိတိုက်ခိုက်ရတာ မလုပ်ချင်ဆုံးအလုပ်၊နိုင်ငံရေးအရ တော်လှန်ရေးကို ထိခိုက်လွန်းမှသာလုပ်ဖြစ်တာ၊ပြီးရင်စိတ်မကောင်းတွေ ဖြစ်ရတယ်၊ ပကတိနိုင်ငံရေးရဲ့လမ်းကြောင်းမှန်ကိုလိုက် နေကြရင်ဒါမျိုးတွေကြုံရမှာမဟုတ်ဖူး၊  မအလဟာ NLDကိုရွေးကောာက်ပွဲဝင်ခွင့်ပေးရင်တောင် သူပြောတာနာခံတဲ့CECတွေရှိနေတဲ့NLDအဖြစ်ပဲမြင် ချင်တာ၊ ပြည်သူ့ပါတီလောက်တောင်အဆင့်ရှိတော့မှာ မဟုတ်ဖူး၊တကယ့်ခေါင်းဆောင်တွေကအဖမ်းခံရတယ် ရှောင်နေရတယ်၊ ဒီအချိန်မှာပြည်သူ့ဘက်တော်သားမှန်ရင်ထိပ်တိုက်ရင် ဆိုင်စရာလမ်းတခုပဲရှိတယ်ရှောင်မရဖူး၊ လေပြေသွေး တာက နွားပလာတာကျွေးသလို ကျွဲပါးစောင်းတီးသလို ပဲဖြစ်တယ်၊ မအလဟာ EAO’s တွေကိုအပေါ်စီးကပြော လေ့ရှိတယ်၊ ဒါကြောင့်တွေ့ဆုံတာလုပ်တာ၊ NUG ကို လုပ်မရမှန်းသိလို့မတွေ့တာ၊ ညှိနိုင်းရေးလမ်းကလတ်တ လောမှာမရှိဖူး  ဒီအချိန်မှာ ကိုယ့်ဖက်ကအမာခံ ပုဂ္ဂိုလ်တွေ အစဉ်အလာ ရှိသူတွေ ဥပမာ မရမ်းကုန်းလိုနေရာမှာ ရွေးကောက်ပွဲ အကုန်နိုင်အသက်လဲကြီးပြီဖြစ်တဲ့ဒေါ်မေဝင်းမြင့်လို လူကို ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး personal တိုက်ခိုက် တာမျိူးမို့လို့ပါစင်နယ်နဲ့ပြန်တိုက်ရတာ၊မလုပ်ချင်ဆုံး အ